ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ
ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ
ခုကာလမှာ ကိုဗစ်ဒဏ်နဲ့ အခြားသော ဖိစီးမှုတွေကြောင့် လူတော်တော်များများဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနေကြပြီဖြစ်ပါတယ်။ ဒီလိုပင်ပန်းမှုတွေ များနေလို့ ကိုယ်တွေက သတိလက်လွတ်ဖြစ်နေပေမယ့် ကိုယ်တွေကို ဒုက္ခပေးဖို့ စောင့်ဆိုင်းနေတဲ့ အန္တရာယ်တွေကတော့ အလစ်အငိုက်ကို စောင့်ဆိုင်းနေကြတာပါ။
အခုတလော ကြားမိကောင်း ကြာမိနိုင်ပါတယ်။ ဒါကတော့ ကလေးတွေကစလို့ အရွယ်တိုင်းနီးပါးကို ထိခိုက်စေတဲ့ သွေးလွန်တုပ်ကွေးဆိုတဲ့ အန္တရာယ်ဆိုးပါ။ ဒီရောဂါဆိုးကြောင့် ကလေးအတော်များများ နာမကျန်းဖြစ်ကြရပါတယ်။
သွေးလွန်တုပ်ကွေးက မိုးရာသီမှ ဖြစ်မယ်လို့ တထစ်ချ ယုံကြည်လို့ မရပါဘူး။ မိုးရာသီမှာ အဖြစ်များတာပါ။ အခုလို ကာလမှာလည်း သွေးလွန်တုပ်ကွေးတွေ ဖြစ်နေပါတယ်။ ဒီတော့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ သွေးလွန်းတုပ်ကွေးက ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။
ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ (သို့မဟုတ်) သွေးလွန်တုပ်ကွေးကို (Dengue Fever) လို့လည်း သိကြပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက ခြင်ကနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့သမပိုင်းဇုန်ဒေသတွေမှာရောဂါအဖြစ်များပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း
ဒီဝေဒနာခံစားရတဲ့အခါ
ဒီဝေဒနာခံစားရတဲ့အခါ
သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင်ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီး ပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာ စပြီး ပြတတ်တာ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ –
အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ –
အရင်က သွေးလွန်တုပ်ကွေးကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရယ်လို့မရှိခဲ့ပေမယ့် ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာတော့ ကာကွယ်ဆေး ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရောဂါကို ကာကွယ်ဖို့ အတွက်ကတော့ ခြင်ကိုက်မခံရအောင်ဂရုစိုက်တာနဲ့ရောဂါပိုးရှိတဲ့နေရာတွေကိုရှောင်ကြဉ်တာကို ဆက်လက် လုပ်ဆောငဖို့ လိုပါမယ်။ ။ခြင်ကိုက်မခံရအောင်ကာကွယ်မှုက ခြင်ကနေ ဖြစ်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မယ့် အထိရောက်ဆုံးသောရောဂါကာကွယ်နည်းပါ။
ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကိုရှောင်ရှားပါ – လူထူထပ်တဲ့ နေရာတွေက ရောဂါပိုး အလွယ်တကူ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် လူထူထပ်တဲ့ နေရာတွေကို ရှောင်ကြဉ်တာကလည်း ရောဂါကာကွယ်တဲ့ နည်းလမ်း တစ်ခုပါ။
အိပ်စက်ချိန်မှာ ခြင်ထောင်ဖြင့်အိပ်စက်ပါ –နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်းခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်ကသွေးလွန်တုပ်ကွေး တင်မဟုတ်ဘဲ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတိုင်းကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။
နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင်လုပ်ဆောင်ပါ – နေဝင်ချိန် နဲ့ ညဘက်တွေမှာ လေအေးပေးစနစ် ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ နေအိမ်မှာ ခြင်လုံဇကာ တပ်ဆင်ပြီး ခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက် လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ် ဖန်တီးပါ။
လုံခြုံစွာဝတ်ဆင်ပါ – ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ညနေဘက် နဲ့ ညဘက် အချိန်တွေမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ပေးပါ။
ခြင်နိုင်ဆေးသုံးပါ – ဒါကတော့ အသုံးအများဆုံးသော ခြင်ကာကွယ်နည်းလမ်း တစ်ခုပါ။ ခြင်ကို ကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာ ခြင်ဆေး ထွန်းလို့ရသလိုခြင်ဆေး ဖြန်းဆေးကို အသုံးပြုလို့လည်း ရပါတယ်။
နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ သန့်ရှင်းနေအောင် ထားပေးပါ။ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်က နေရာတွေမှာ နေထိုင်ပြီး ကားတာယာ အဟောင်းလိုမျိုး မိုးရေတွေ ဝပ်နေနိုင်တဲ့ နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့် နေအိမ်ပတ်ဝန်းကျင်က ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းထားပါ။
ခြင်မကိုက်တဲ့လူးဆေးလူးပေးပါ – သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ခြင်မကိုက်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆ ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရေပြားမှာ ခြင်မကိုက်အောင် လူးတဲ့ဆေးလေး လူးပေးပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ – ခန္ဓာကိုယ်မှာချွေးနံ့ကင်းစင်နေမယ် ဆိုရင် ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရတာနဲ့ ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။
အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ရင်သွေးလေးတွေနဲ့ မိသားစုဝင်တွေကို ကြောက်စရာရောဂါဆိုး အန္တရာယ်ကနေ ကာကွယ်ပေးလိုက်ပါ။ ကပ်ဘေးကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မှာ အခုလို ရောဂါဆိုးကြောင့် စိတ်ပင်ပန်းမှု ထပ်မဖြစ်စေဖို့ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ သေချာ စောင့်ရှောက်ပေးလိုက်ရအောင်နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။