backup og meta

လေထုညစ်ညမ်းခြင်းနှင့် ကလေးစိတ်ဝေဒနာ ဆက်နွယ်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေထုညစ်ညမ်းခြင်းနှင့် ကလေးစိတ်ဝေဒနာ ဆက်နွယ်မှု

    လေထုညစ်ညမ်းစေတဲ့ အရာတွေဟာ လူတွေရဲ့ ကိုယ်ခန္ဓါကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ အသစ်ထုတ်ဝေထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုတစ်ခုအရ လေထုညစ်ညမ်းမှု ပမာဏနဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နှုန်းဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

    နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် (Nitrogen dioxide) နဲ့ ထိတွေ့ခြင်းဟာ ကလေးတွေမှာ စိတ်ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

    BMJ ဂျာနယ်မှာ ထုတ်ဝေထားတဲ့ လေ့လာမှုတစ်ခုဟာ ၅၅၀,၀၀၀သော ဆွီဒင် လူငယ်တွေ (အသက် ၁၈ နှစ် (သို့) ထက်ငယ်သူများ) ကို ၃.၅ နှစ်အတွင်း လေထုညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့မှုကို လေ့လာထားတဲ့ အဖြေတွေကို အခြေခံထားပါတယ်။ လေ့လာချိန်ပြီးဆုံးသွားချိန်မှာ အချက်အလက်တွေကို Swedish National Register မှာ မှတ်ထားတဲ့ စိတ်ရောဂါကုသဆေးတွေ (ဥပမာ စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ စိတ်ရောဂါဆေး) တွေ အသုံးနဲ့ ပြန်တိုက်ကြည့်ပါတယ်။ ဒီအခါမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ အဓိက ဓာတ်ငွေ့) ဓာတ်ငွေ့နဲ့ ထိတွေ့မှုရှိတဲ့ ကလေးတွေဟာ ရေရှည် စိတ်ရောဂါဆေးတွေ သောက်ဖို့လိုအပ်တဲ့ ရာနှုန်းပိုများတာကို တွေ့ရပါတယ်။ အံ့သြဖွယ်ကောင်းစွာပဲ သုတေသနရဲ့ အဖြေတွေဟာ အသက်၊ လိင်၊ မိသားစု ရာဇဝင်တွေကို ထည့်သွင်းစဉ်းစားရင်တောင် ပြောင်းလဲခြင်း မရှိတာကို တွေ့ရပါတယ်။

    အတိအကျပြောရရင် NO2 10mcg/m3 တက်လာတိုင်းမှာ ကလေးတွေရဲ့ စိတ်ရောဂါဖြစ်ပေါ်နှုန်းကို ၉ ရာခိုင်နှုန်း တက်လာစေပြီး သေးငယ်သော အမှုန်အမွှားတွေ တူညီတဲ့ ပမာဏတက်လာခြင်းဟာလည်း ၄% တက်စေပါတယ်။ WHO က နှစ်စဉ် လေထုညစ်ညမ်းမှု 40mcg/m3 ကို လက်ခံနိုင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ လေ့လာမှုကို လုပ်တဲ့ အဓိက နေရာဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ လေထု အရည်အသွေးနဲ့ ပတ်သက်ရင် နာမည်ကောင်းရထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    လေထုညစ်ညမ်းမှု နှင့် စိတ်ကျန်းမာရေးကြား ဆက်စပ်နေတဲ့ တိကျတဲ့ အကြောင်းရင်းကို သက်သေပြဖို့ ခက်ခဲနေဆဲဖြစ်ပေမယ့် သုတေသီတွေက ဆက်စပ်မှုကတော့ ရှိတယ်လို့ ဆိုပါတယ်။ လူတိုင်းလူတိုင်းဟာ ကမ္ဘာကြီးရဲ့ လေထုညစ်ညမ်းမှုကို လျစ်လျူရှုမထားဖို့လည်း အရေးကြီးပါတယ်။

    လေထုညစ်ညမ်းစေတဲ့ အရာတွေကို ရှူသွင်းခြင်းဟာ စိတ်ရောဂါတွေကို ဖြစ်စေပါတယ်။

    Umea တက္ကသိုလ် ရဲ့ လေ့လာမှုတွေအရ ကလေးတွေရဲ့ စိတ်ရောဂါဖြစ်နှုန်းနဲ့ လေထုညစ်ညမ်းမှု တွေရဲ့ ဆက်နွယ်မှုကို ပထမဆုံးတရားဝင် သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဒီဆက်စပ်မှုကို ပြောတဲ့ ပထမဆုံးလေ့လာမှုတော့ မဟုတ်ပါဘူး။ ဟားဗတ်မှ သုတေသနသမားတွေ ဦးဆောင်ခဲ့တဲ့ ၂၀၁၅ က လေ့လာမှုတစ်ခုက လေထုညစ်ညမ်းစေတဲ့ အရာတွေကို ရှူမိခြင်းဟာ အမေရိကန် က ၇၁၀၀၀ အမျိုးသမီးတွေ ကြားမှာ စိတ်ဖိစီးမှု၊ စိတ်တိုခြင်းနဲ့ စိတ်ကျခြင်းတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ကလေး ၃၀၀၀ ကို တစ်နှစ်ကြာအောင် စောင့်ကြည့်ခဲ့တဲ့ အခြား စပိန်သုတေသန တစ်ခုက သန့်ရှင်းတဲ့လေ ရှိတဲ့နေရာမှာ နေတဲ့ ကလေးတွေဟာ ပိုမိုကောင်းမွန်တဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပြသနိုင်တယ်လို့ ဆိုပါတယ်။

    လေထုညစ်ညမ်းစေတဲ့အရာတွေကို ကိုယ်ဝန်ဆောင်စဉ် ထိတွေ့မိခြင်း (မော်တော်ဆိုင်ကယ်၊ ကား၊ ဆေးလိပ်သောက်ခြင်း၊ ဂက်စ် ထုတ်ခြင်း) ဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက လေထုညစ်ညမ်းခြင်းဟာ အာရုံကြောပျက်စီးခြင်း အခြေအနေတွေဖြစ်တဲ့ အယ်လ်ဇိုင်းမား နဲ့ ပါကင်ဆန်ရောဂါ တွေဖြစ်နိုင်တဲ့ အချက်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement