ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေ ကခန္ဓါကိုယ်ထဲကိုကူးစက်ရောဂါပြန့်နှံ့ဝင်ရောက်လေ့ရှိတဲ့နေရာတွေဖြစ်တာကြောင့် ကူးစက်ရောဂါ ခံစားရနိုင်ခြေ နည်းစေဖို့ ခွဲစိတ်ကုသမှုမလုပ်ဆောင်ခင်မှာ ပဋိဇီဝဆေးဝါးကြိုတင် သောက်သုံးစေတာမျိုးလည်း ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကူးစက်ရောဂါပိုးကူးစက်ခံရတဲ့လက္ခဏာတွေကို ဂရုပြုစောင့်ကြည့်သွားရ မှာဖြစ်ပါတယ်။
ဓါတုကုထုံး
ဓါတုကုထုံးက ကင်ဆာကုထုံးခံယူနေတဲ့သူတွေမှာ ရိုးတွင်းခြင်ဆီလုပ်ငန်းများကို ဖိနှိပ်တားဆီး၍ သွေးဆဲလ်ထုတ်လုပ်မှုကျဆင်းခြင်း (Myelosuppression) ကိုဖြစ်ပေါ်ခံစားရစေတဲ့အဓိကကျတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။
Myelosuppression ပြင်းထန်ရတဲ့အကြောင်းအရင်းကဓါတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါး၊ ဆေးကုသမှုခံယူရတဲ့အချိန်၊အရင်ကကင်ဆာကုသမှုခံယူခဲ့ဖူးတဲ့ အကြောင်းအရင်း၊ အသက်အရွယ်၊ အာဟာရပမာဏ၊ကင်ဆာအမျိုးအစားနဲ့ ခံစားနေရတဲ့ကင်ဆာရောဂါရဲ့အဆင့်တွေကြောင့် ဖြစ်ပါတယ်။ ကုထုံးမှာအသုံးပြုတဲ့အချို့ဆေးတွေက အခြားအစိတ်အပိုင်းတွေထက် ရိုးတွင်းခြင်ဆီပေါ်ကို ပိုမိုသက်ရောက်မှုရှိစေပါတယ်။
ဓါတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါးတွေကို ရိုးတွင်းခြင်ဆီတွေကို ဖျက်ဆီးပစ်တဲ့ အရာလို့တောင်ဆိုလို့ရပါတယ်။ ဓါတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဥဆဲလ်အားလုံးရဲ့ ဖြစ်ပေါ် ထုတ်လုပ်မှုတွေကိုထိခိုက်စေပါတယ်။ ဓါတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဖြူဥဆဲလ်တွေ၊သွေးနီဥ ဆဲလ်တွေ နဲ့သွေးဥမွှားတွေရဲ့ထုတ်လုပ်မှုအပေါ် သက်ရောက်ထိခိုက်မှုပုံစံကတော့ကွဲပြားပါတယ်။ သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုက ဓါတုကုထုံးဆေးဝါးတွေရဲ့ထိခိုက်မှုကို ပိုမိုခံစားရပါတယ်။
ဇီဝကုထုံး
ဇီဝကုထုံး(biologic therapy သို့မဟုတ် immunotherapy)က ကိုယ်ခံအားစနစ်ရဲ့ ကင်ဆာဆဲလ်တွေကို သိရှိတုံ့ပြန်နိုင်စွမ်းကိုတိုးတက်လာစေဖို့ရည်ရွယ်ပြုလုပ် ထားတဲ့ ကုထုံးဖြစ်ပါတယ်။
သည်ကုထုံးက ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်တွေကို ဓါတ်ပြုဆန့်ကျင်ဖို့ လှုံ့ဆော်ပေးတယ်ဆိုပေမယ့် သည်ကုထုံးကတစ်ခါတလေမှာ ကိုယ်ခံအားစနစ်က ကူးစက်ရောဂါတွေကိုတိုက် ဖျက်ရာမှာအဟန့်အတားဖြစ်စေတာမျိုးလည်းရှိပါတယ်။
ဇီဝကုထုံးခံယူမယ်ဆိုပါက ခုခံအားကျဆင်းခြင်းနဲ့ သွေးဖြူဥဆဲလ်အရေအတွက်တွေကျဆင်းခြင်းကိုခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။