လျှာကင်ဆာအကြောင်း တစေ့တစောင်း


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လျှာကင်ဆာအကြောင်း တစေ့တစောင်း
    ကင်ဆာဆိုတာက ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကုသပျောက်ကင်းဖို့ခက်သလို အသက်အန္တရာယ်လည်းစိုးရိမ်ရနိုင်ပါတယ်။ ဒီလိုပါပဲ ခံတွင်းမှာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခံတွင်းထဲမှာဖြစ်တဲ့ ကင်ဆာတွေထဲကတစ်ခုဖြစ်တဲ့ လျှာကင်ဆာအကြောင်းပြောပြပေးချင်ပါတယ်။ လျှာကင်ဆာက တကယ်ရောရှိလို့လားလို့တွေးနေတယ်ဆိုရင် ဒီဆောင်းပါးလေးကသေသေချာချာရှင်းပြပေးနိုင်မှာပါ။

    လျှာကင်ဆာ တကယ်ရှိလား……..

    လျှာကင်ဆာဆိုတာက ခံတွင်းမှာဖြစ်တတ်တဲ့ ကင်ဆာတစ်မျိုးပေါ့။ ဆဲလ်တွေက ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ခုအထိ ကွဲထွက်ရာကနေ အကျိတ်တွေဖြစ်လာတတ်တဲ့ ကင်ဆာတစ်မျိုးပါ။ ဒီကင်ဆာက လျှာအရှေ့ပိုင်း၊ လျှာအဖျားမှာဖြစ်တတ်သလို လျှာအနောက်ပိုင်း (လည်ချောင်းနဲ့ဆက်နေတဲ့နေရာ) မှာလည်းဖြစ်နိုင်ပါတယ်။ လျှာအရှေ့ပိုင်းမှာ ကင်ဆာဖြစ်တဲ့အခါ စကားပြောရခက်ခဲပြီး လျှာအနောက်ပိုင်းမှာ လျှာကင်ဆာဖြစ်မယ်ဆိုရင် အစားအစာမျိုချရခက်ခဲနိုင်ပါတယ်။ လျှာကင်ဆာကဖြစ်ခါစမှာ သတိပြုမိခဲကြပြီး လည်ချောင်းထဲက ပြန်ရည်ကျိတ်တွေဆီ ကင်ဆာဆဲလ်တွေ ကူးစက်လာချိန်မှ ကင်ဆာခံစားနေရပြီဆိုတာကို သိတတ်ကြပါတယ်။

    လျှာကင်ဆာက လူကြီးတွေမှာပဲဖြစ်တာလား….

    လျှာကင်ဆာက ကလေးတွေမှာဖြစ်ခဲပြီး အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ လျှာကင်ဆာကဖြစ်ခဲတဲ့ ကင်ဆာတွေထဲက တစ်ခုပေါ့။

    လျှာကင်ဆာဖြစ်ရင် ဘယ်လိုတွေခံစားရမလဲ…….

    လျှာကင်ဆာဖြစ်တဲ့အခါ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။
    • လျှာနာမယ်
    • လျှာတစ်ဝိုက်မှာ နာကျင်မှုခံစားရနိုင်တယ်
    • စကားပြောရခက်မယ်
    • အစားမျိုချရခက်မယ်
    • နားအတွင်းကနာမယ်
    • တံတွေးတွေထွက်မယ်
    • လျှာထုတ်ပြရခက်မယ်
    • ခံတွင်းကအနံ့ဆိုးတွေဖြစ်မယ်
    • အသံပြောင်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဘယ်သူတွေမှာ လျှာကင်ဆာပိုဖြစ်နိုင်လဲ……….

    လျှာကင်ဆာမဖြစ်စေဖို့ ဒီအချက်တွေကိုရှောင်သင့်ပါတယ်။

    လျှာကင်ဆာရှိ၊မရှိသိဖို့ ဆိုရင် ဆရာဝန်က ခံတွင်းကို အရင်ဆုံး စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ ခံစားရတဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီးမေးမြန်းပါလိမ့်မယ်။ X-rays ရိုက်တာ၊ CT Scan ရိုက်တာတွေလုပ်ပါလိမ့်မယ်။ တစ်ရှုးစယူပြီး စစ်ဆေးတာမျိုးလုပ်ပြီး ကင်ဆာအခြေအနေကို သုံးသပ်ရပါမယ်။

    ဘယ်လိုကုသမလဲ…..

    လျှာကင်ဆာကို ကုသဖို့အတွက်က

    • ကင်ဆာကျိတ်တွေကို ခွဲစိတ်ဖယ်ရှားမယ်
    • ဓာတ်ကင်မယ်
    • ဓာတုကုထုံးနဲ့ကုသမယ်
    • ကင်ဆာဆေးတွေပေးမယ် စတဲ့ကုထုံးတွေကို အသုံးပြုမှာဖြစ်ပါတယ်။ ရောဂါအခြေအနေကိုလိုက်ပြီး ကုထုံး ကကွာခြားနိုင်ပါတယ်။ ဒီကုသမှုတွေက သင့်ကို အစားဝါးစားနိုင်အောင် ကူညီပေးမှာဖြစ်ပြီး လျှာလှုပ်ရှားမှုကောင်းစေဖို့နဲ့ မျိုချရလွယ်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ စကားပြောရတာလည်း ပိုကောင်းလာစေမှာပါ။ ဒီကုထုံးတွေ ခံယူပြီး သက်သာသွားပြီးဆိုရင်တောင်မှ ပုံမှန်စစ်ဆေးမှုတွေလုပ်နေဖို့တော့လိုပါမယ်။

    လျှာကင်ဆာ ကာကွယ်လို့ရလား……..

    ရောဂါတိုင်းကို ကာကွယ်လို့ရပါတယ်။ ဒါကြောင့် လျှာကင်ဆာမဖြစ်စေဖို့အတွက်

    • HPV ကာကွယ်ဆေးထိုးပါ
    • လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ
    • ဆေးလိပ်နဲ့ဆေးရွက်ကြီးရှောင်ပါ
    • အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင်လျှော့သောက်ပါ
    • သွားနဲ့ခံတွင်း ကျန်းမာရေးကိုဂရုစိုက်ပါ
    • ကွမ်းမစားပါနဲ့
    • ၆ လတစ်ကြိမ် ခံတွင်းကျန်းမာရေးစစ်ဆေးပါ
    • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement