ဝိတ်တကယ်ကျဖို့ မဖြစ်မနေလိုအပ်ချက်တစ်ခု
ဝိတ်ကျချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ရုံ အစားလျှော့ရရုံနဲ့လုံလောက်ပြီလား။ တကယ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဝိတ်ကျသွားဖို့က ဒီအချက်တွေအပြင် ကိုယ့်ဝိတ်ချမယ့် plan ကကိုယ်နဲ့ အဆင်ပြေမလားဆိုတာကို အရင်စဉ်စားဖို့ပါ။ Plan ကကိုယ်နဲ့ တကယ်အဆင်ပြေမှလည်း ရေရှည် လုပ်နိုင်တော့မှာပေါ့။ ဒီတော့ ဝိတ်မချခင်မှာ ကိုယ့်နဲ့အဆင်အပြေဆုံးဖြစ်မယ့် plan ကိုရွေးစေချင်ပါတယ်။
အဆင်ပြေပြေဝိတ်ချကြမယ်
ဝိတ်ချတော့မယ်လို့ တွေးပြီးပြီ ဆုံးဖြတ်ချက်က တော်တော်လေးပြင်းထန်နေပြီဆိုရင် ဒီအချက်တွေကို ကိုယ့်ကိုယ်ကိုယ်အရင်မေးကြည့်ပါ။
ကိုယ်ရွေးချယ်မယ့် ဝိတ်ချနည်းက ကိုယ်နဲ့ ကိုက်ရဲ့လား…
ကိုယ်က အစားတသွတ်သွတ် စားတတ်သူဖြစ်နေမယ်ဆိုရင် အစာစားတဲ့အကြိမ်ရေကို ကန့်သတ်တဲ့ ဝိတ်ချနည်းတွေက သင်နဲ့ မကိုက်ညီနိုင်ပါဘူး။ တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရသူအဖို့ အစားလျှော့စားရမယ်ဆိုတဲ့ နည်းကလည်း သိပ်တော့ အဆင်မပြေလှပါဘူး။ အချိန်မရသူအဖို့ သေချာပြင်ဆင်ချင်ပြုတ်ရမယ်ဆိုတာမျိုးကလည် မကိုက်ညီပြန်ဘူးလေ။ ဒီတော့ ဝိတ်ချနည်းရွေးတဲ့အခါ ကိုယ့်နေ့စဉ်အနေအထားနဲ့ ကိုက်ညီမှာမျိုးကို အဓိကထားရွေးချယ်ပေးပါ။
ပုံမှန်လုပ်နေတဲ့ လေ့ကျင့်ခန်းနဲ့ ကိုက်ညီမှုရှိလား…
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။