backup og meta

စောင့်ရှောက်သင့်တဲ့ နားကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စောင့်ရှောက်သင့်တဲ့ နားကျန်းမာရေး

    နားက ဘယ်လောက်ထိအသုံးဝင်လဲ မှန်းကြည့်ပါလား။ အကြားအာရုံမရှိရင် ဘယ်လောက်ခက်လဲဆိုတာကို ခံစားဖူးကြည့်ရင် လုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ရုပ်ရှင်ကို အသံပိတ်ပြီး ခဏလောက်ကြည့်လိုက်ပါ။ ဘာမှ မကြားရဘဲနေရတဲ့ခံစားချက်ကတော်တော်လေးဆိုးတာနားလည်သွားပါလိမ့်မယ်။ ပါးစပ်လှုပ်တာကို ကြည့်ရုံနဲ့ အရာရာကို နားလည်ဖို့ကတော်တော်လေးတော့ခက်တယ်။ ဒီတော့ အကြားအာရုံက ဂရုစိုက်သင့်တယ်၊လို့ မထင်မိဘူးလား။

    အကြားအာရုံက ဒီလောက်အထိအရေးပါတာပါ

    အကြားအာရုံကြောင့် စကားပြောတတ်လာရတာပါ။ အကြားအာရုံချို့တဲ့မှုက အပြောစွမ်းရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ အကြားအာရုံကောင်းမှပဲနေ့စဉ်ဘဝမှာ အခက်အခဲမရှိရှင်သန်နေထိုင်နိုင်မှာပါ။ အကြားအာရုံကြောင့်ပဲ အဆင်ပြေနေတာတွေအများကြီးပါ။ အကြားအာရုံချို့ယွင်းနေသူတစ်ယောက်အနေနဲ့နေ့စဉ်ဘဝမှာ အကောင်းဆုံးလည်ပတ်နိုင်စေဖို့ခက်ခဲမှာပါ။ ဒီတော့ အကြားအာရုံကို ထိခိုက်အောင်လုပ်မိနေတာတွေရှိရင်ပြင်ဆင်နိုင်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့် သတိပေးပါရစေ။

    ဒါတွေကြောင့် အကြားအာရုံထိခိုက်နိုင်ပါတယ်

    အကြားအာရုံကလည်း ဂရုစိုက်ဖို့ လိုတဲ့ အချက်တွေထဲကတစ်ခုပါ။

    • ကျယ်လောင်လွန်းတဲ့ အသံတွေ
    • ဆူညံသံတွေ
    • သီချင်းအကျယ်ကြီးနားထောင်တာ
    • နားထဲကိုရေဝင်တာ
    • နားထဲကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာ
    • နားကလော်တာ
    • နားသန့်ရှင်းရေးလုပ်တာတွေကြောင့် နားထိခိုက်နိုင်ပါတယ်။

    နားကို ဒီလိုဂရုစိုက်ပါ

    အကြားအာရုံကို ထိန်းသိမ်းဖို့ဆိုရင် နားကို ဒီလိုဂရုစိုက်ဖို့လိုမှာပါ။

    နားသန့်ရှင်းတဲ့အခါ

  • နားကို အလွန်အကျွံသန့်စင်တာမျိုးရှောင်ပါ။
  • နားအတွင်ပိုင်းထဲကို တုတ်ချောင်း၊ ချွန်ထက်တဲ့အရာတွေနဲ့ ထိုးကလော်တာမျိုးရှောင်ပါ။ ဒီလိုလုပ်တာက အခန့်မသင့်ရင် နားစည်ကို ထိခိုက်စေနိုင်ပါတယ်။
  • နားဖာချေးက နားအတွင်းပိုင်းကို သန့်စင်ပေးတဲ့ သဘာဝစနစ်တစ်ခုပါ။ ဒါကြောင့် နားဖာချေးတွေကို တစ်စမကျန်ထုတ်ပစ်တာမျိုးမလုပ်ပါနဲ့။
  • နားထဲကနာတယ်၊ အရမ်းကိုယားနေမယ်ဆိုရင်စိတ်ထင်တိုင်း ကလော်တာမျိုး၊ နားထဲကို တစ်ခုခုထည့်တာမျိုး (အရွက်အရည်တွေညှစ်ပြီးထည့်တာမျိုး) မလုပ်သင့်ပါဘူး။ ဆရာဝန်နဲ့သွားပြပေးပါ။
  • သီချင်းတွေကို နားကြပ်တပ်ပြီး အသံကျယ်ကြီးနားထောင်တာမျိုး မလုပ်ပါနဲ့။
  • နားကနေပြည်၊ ဒါမှမဟုတ် အရည်တွေထွက်နေရင် ဆရာဝန်နဲ့ချက်ချင်းပြပေးပါ။
  • အသံဆူညံတဲ့ အားကစားပွဲတွေကို သွားရောက်အားပေးမယ်ဆိုရင် နားကို ဂွမ်းဆို့သွားပါ။ ခပ်ဖွဖွလေးဆိုရင် အဆင်ပြေပါတယ်။
  • ရေကူးတဲ့အခါမျိုး၊ သင်္ကြန်ထွက်လည်တဲ့အခါမျိုး နဲ့ခေါင်းလျှော်တဲ့အခါမျိုးမှာ နားကို နားဆို့လေးနဲ့ ဆို့ထားပေးပါ။ မတော်တဆရေဝင်တာကြောင့် နားထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။
  • နှာစေးတဲ့အခါ နှာခေါင်းနှစ်ဖက်စလုံးကို ပိတ်ပြီး နှပ်ညှစ်တာမျိုးမလုပ်ပါနဲ့။ နားစည်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။
  • အအေးမိတာကြောင့် နှာစေးနှာပိတ်ဖြစ်တဲ့အခါ အဖျားတာရှည်မခံပါနဲ့။ လိုအပ်တဲ့ ကုသမှုကို အမြန်ဆုံးခံယူပေးပါ။ ဒါမှနားထဲကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်မှာပါ။
  • နေ့စဉ်ရေချိုးပြီးတိုင်း နားထဲရေဝင်နေခဲ့ရင် ဂွမ်းစလေးနဲ့ နားထဲကရေတွေကိုဖယ်ထုတ်ပေးပါ။ခေါင်းလျှော်တဲ့အခါမှာ နားကို ဂွမ်းလေးဆို့တာမျိုးလုပ်ပါ။ နားထဲကို မတော်တဆတစ်ခုခုဝင်သွားခဲ့ရင်လည်း တတ်ကျွမ်းနားလည်သူထံကနေအကူအညီယူပါ။ နားထဲကို အရွက်ကြိတ်ရည်တွေထည့်တာမျိုးရှောင်ပါ။ အုန်းဆီစစ်စစ်ကိုတော့ နားထဲကို ထည့်ပေးလို့ရပါတယ်။ အရေးကြီးတဲ့အကြားအာရုံကိုသေချာလေးဂရုစိုက်လို့ ချစ်ခင်ရသူတွေရဲ့ အသံနဲ့ သဘာဝကကြည်နူးစရာကောင်းတဲ့ အသံလေးတွေကို ခံစားနိုင်ကြပါစေကြောင်း………

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement