အူမကြီးအသားပို က ကင်ဆာပြောင်းတတ်သလား
အူမကြီးအသားပို ဆိုတာ အရေပြားပေါ်မှာ ပေါက်တဲ့ အသားပိုတွေနဲ့ ဆင်တူပါတယ်။ အများစုကတော့ အူမကြီးမှန်ပြောင်းကြည့်ရင်း အသားပိုတွေ့လို့ဆိုတာကို ကြားဖူးကြမှာပါ။ ဒီလို အသားပိုတွေက အန္တရာယ်ရှိသလား။ ကင်ဆာ ပြောင်းနိုင်သလား။ အူမကြီးအသားပို ဆိုတာ အသားပိုတွေကို အူမကြီးအပြင် အစာဟောင်းအိမ်မှာလည်း တွေ့ရတတ်ပါတယ်။ အူမကြီးအသားပိုက ကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေတော့ ရှိနေပါတယ်။ အူမကြီးအသားပိုက ကင်ဆာ မဟုတ်ပေမယ့် တချို့က ကင်ဆာပြောင်းနိုင်ခြေ ရှိပါတယ်။ အူမကြီးအသားပို ဘာကြောင့် ဖြစ်ရတာလဲ အလွယ်ပြောရမယ်ဆိုရင်တော့ ဆဲလ်တွေပွားတာ ပုံမှန်မဟုတ်လို့ပါ။ ပုံမှန်ထက်လွန်ကဲပြီး ဆဲလ်တွေပွားတဲ့အခါကျတော့ တခြားနေရာတွေလို မဟုတ်ဘဲ အသားပိုတွေ၊ ဖုဖုဖောင်းဖောင်းတွေ ဖြစ်လာတာပါ။ အူမကြီးအသားပိုက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေထိုင်စားသောက်မှုပုံစံအရဆိုရင် အသက် ၅၀အထက် ဖြစ်တာ ဆေးလိပ်သောက်တာ အရက်အလွန်အကျွံသောက်တာ အဆီတွေ အစားများပြီး […]