backup og meta

အူမကြီးကင်ဆာရောဂါသည်တစ်ယောက်ကို စောင့်ရှောက်ရာမှာ လိုအပ်တဲ့အချက်၅ချက်


Thin Myat Sandi Cho မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူမကြီးကင်ဆာရောဂါသည်တစ်ယောက်ကို စောင့်ရှောက်ရာမှာ လိုအပ်တဲ့အချက်၅ချက်

    သင်ချစ်တဲ့လူတစ်ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတယ်လို့ရောဂါအတည်ပြုပြီးပြီဆိုရင်-

    သူတို့ကိုစောင့်ရှောက်ချင်တယ်စိတ်တွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ လုပ်စရာတွေလုပ်ဖို့လိုတာတွေများတာကြောင့် ဂရုစိုက်ခြင်းဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေပါတယ်။

    သင့်လူနာရဲ့လိုအပ်ချက်တွေကို လေ့လာခြင်းက ကြီးမားတဲ့စတင်မှုတစ်ခုဖြစ်ပါတယ်။ အမှန်တကယ်ဂရုစိုက်နိုင်သူဖြစ်ဖို့ မမေ့ရမယ့်၅ချက်ရှိပါတယ်။

    ၁။ ပြဿနာဖြေရှင်းပေးနိုင်သူဖြစ်ပါစေ

    သင်ချစ်တဲ့လူကုသမှုခံယူနေချိန်မှာ မှားသွားနိုင်မယ့်အချက်တွေအများကြီးရှိပါတယ်။ ဆေးပညာဆိုင်ရာအသင်းလုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်သလို လူနာရဲ့အထိမခံနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပြဿနာတွေကိုအတူတူရှာပေးပြီး ဖြေရှင်းပေးနိုင်ဖို့ကြိုးစားသင့်ပါတယ်။ ပြဿနာတွေရှာဖို့ခက်နေတယ်ဆိုရင် အခြားလူတွေရဲ့အကူအညီအကြံဉာဏ်တွေ တောင်းခံဖို့လည်းမတုံ့ဆိုင်းပါနဲ့ ။ ဒါ်မှသာ အခြေအနေအတွက်အကောင်းဆုံးအဖြေတွေကို ရှာနိင်မှာဖြစ်ပါတယ်။

    ၂။ အကောင်းမြင်စိတ်မွေးပါ

    သင်ချစ်တဲ့လူက ပြင်းထန်တဲ့စိတ်ဓါတ်ကျခြင်းတွေ၊ စိုးရိမ်ခြင်းတွေ၊ အဆိုးမြင်ဝါဒတွေရလာနိုင်ပါတယ်။ သူတို့တွေမှီခိုနိုင်ဖို့အတွက် သင့်ကခွန်အားအပြည့်နဲ့အကောင်းမြင်စိတ်တွေမွေးဖို့ လိုပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက သင့်အလုပ်ကိုကူညီပေးနိုင်ပါတယ်။

    ခက်ခဲနိုင်ပေမဲ့ အခြားစောင့်ရှောက်မှုအဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ သို့ သင့်သူငယ်ချင်းတွေ၊ ဘာသာရေးဆိုင်ရာအကြံဉာဏ်ပေးနိုင်သူတွေ၊ ကျန်းမာရေားဂရုစိုက်မှုဆိုင်ရာကျွမ်းကျင်သုူတွေထံမှာ လိုအပ်မယ်ဆိုရင် အကူအညီတောင်းနိုင်ပါတယ်။

    ၃။ သင့်တော်တဲ့ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုများဘယ်လိုပေးရမလဲဆိုတာကို သိပါ။

    ရေချိုးခြင်း၊ အဝတ်အစားဝတ်ခြင်း၊ အစာစားခြ်င်း၊ အိမ်သာအသုံးပြုခြင်း ၊ လှပသေသပ်အောင်ပြုလုပ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေမှာ သင့်အကူအညီလိုအပ်လာတဲ့အခါ ပြင်ဆင်ထားပါ။ ဒီအချက်တွေကို ကျန်းမာရေးဂရုစိုက်မှုဆိုင်ရာဗီဒီယိုတွေ၊ စာအုပ်တွေဖတ်ခြင်းဖြင့် ဒိတာဝန်တွေကိုဘယ်လိုလုပ်သင့်တယ်ဆိုတာိကို သင်ယူုနိုင်ပါတယ်။ လူကိုယ်တိုင်ကိုယ်ကျသင်ယူခြင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဖွဲ့အစည်းတွေဆီဆက်သွယ်ခြင်း သို့ တတ်နိုင်မယ်ဆိုရင်ဒီတာဝန်တွေလုပ်ဆောင်ပေးနိုင်သူတွေကို ငှားနေိုင်ပါတယ်။

    ၄။ ကင်ဆာလူနာစိတ်ခံစားချက်ကောင်းစေရန်အတွက် ဂရုစိုက်ပေးခြ်င်း

    သူတို့ရဲ့ကိုယ်ပိုင်ဘဝကို သူတို့ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့အတွက် သူတို့နဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံသင့်ပါတယ်။ သင်ကအလွန်အမင်းဂရုစိုက်နေစရာမလိုဘူးဆိုတာနဲ့ သူတို့ကိုယ်တိုင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုချနိုင်အောင်လုပ်ပေးရန်သာ ဆိုလိုပါတယ်။ သင့်မှာလည်းဝန်ထုပ်ဝန်ပိုးလျော့သွားနိုင်ပြီး လူနာမှာလည်း သူ့ကုသမှုမှာသူပါဝင်နိုင်တာကြောင့် ပျော်ရွှင်နိုင်စေနိုင်ပါတယ်။

    ဒါ့အပြင် ပျော်ရွှင်မှုတွေတိုးလာနိုင်စေတဲ့ လုပ်ဆောင်ချက်တွေမှာလည်း တက်တက်ကြွကြွပါဝင်နိုင်ဖို့ နည်းလမ်းတွေလည်းရှာပေးသင့်ပါတယ်။ ကင်ဆာရှိနေပေမဲ့ကမ္ဘာကြီးနဲ့ဆက်သွယ်နေသေးကြောင်း ခံစားနိုင်စေပါတယ်။ စိတ်ဓါတ်တွေမြင့်တင်ပေးနိုင်ပြီး ပိုကောင်းမွန်တဲ့အနာဂတ်အတွက် မျှော့်လင့်ချက်ပေးနိုင်မှာစြဖ်ပပါတယ်။

    ၅။ ဆေးဘက်ဆိုင်ရာဂရုစိုက်မှုစောင့်ရှောက်မှုတွေမှာ ပါဝင်ခြင်း

    ရောဂါစစ်ဆေးအတည်ပြုထားတာတွေ ၊ ကုသမှုတွေ၊ ရောဂါထိန်းသိမ်းမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စုဆောင်းခြင်းအားဖြင့် သင့်ချစ်ရတဲ့လူဘာေတွေလုပ်စ်နေတယ်ဆိုတာကို လေ့လာပါ။ လူနာရဲ့ကျန်းမာရေားစောင့်ရှောက်မှုမှာ တက်တက်ကြွကြွပါဝင်သင့်ပါတယ်။

    ဆေးကုသမှုဆိုင်ရာချိန်းဆိုမှုတွေမှာပါဝင်ပြီးတော့ အချက်အလက်တွေကိုမှတ်သားထားသင့်ပါတယ်။ ဆရာဝန်ကိုမေးခွန်းတွေမေးနိုင်တဲ့အပြင် သူတို့ကိုလူနာနဲ့ပတ်သက်ပြီး လောလောလတ်လတ်ဖြစ်နေတဲ့အချက်အလက်နဲ့ ပြဿနာတွေကို တင်ပြပြောပြနိုင်တာကြောင့် ကုသမှုကိုအကုူအညီအထောက်အပံ့ရနိုင်ပါတယ်။

    ကင်ဆာလူနာတစ်ယောက်ကိုစောင့်ရှောက်ရခြင်းက မလွယ်ကူပါဘူး။ ဆွေမျိုးသားချင်းတစ်ယောက်အနေနဲ့ ၊ မိသားစုဝင်တစ်ယောက်အနေ သို့ မိတ်ဆွေတစ်ယောက်အနေနဲ့ သူတို့ကိုစောင့်ရှောက်နိုင်ဖု့ိ သိထားသင့်တာတွေသိဖို့လိုပြီး ခက်ခဲတဲ့အချိန်တွေကိုဖြတ်ကျောိနိုင်ဖို့ အကုူအညီပေးန်ုငိမျာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Thin Myat Sandi Cho မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement