အူမကြီးကင်ဆာ ဖြစ်တဲ့အခါ အူလမ်းကြောင်း ပိတ်တာ၊ ဝမ်းထဲသွေးပါတာ၊ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကာလရှည်ကြာ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဝမ်းသွားတဲ့ အကြိမ်ရေ ပြောင်းလဲလာတာ၊ ကာလရှည်ကြာ ဗိုက်အောင့်ဗိုက်နာတာနဲ့ ဝမ်းဗိုက်မှာ အလုံးအကျိတ် စမ်းမိတာတွေလိုမျိုး လက္ခဏာတွေလည်း ပြသပါတယ်။
အကြမ်းဖျဉ်းအားဖြင့် အူမကြီးကင်ဆာဟာ အသက် ၄၅နှစ် အထက်တွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး အသက် ၂၀ အောက်အရွယ်တွေမှာ ဖြစ်လာခဲ့ရင်တော့ ဒါဟာ မျိုးရိုးလိုက်တတ်တဲ့အူမကြီးကင်ဆာအမျိုးအစား ဖြစ်နိုင်ခြေများပါတယ်။
အူမကြီးကင်ဆာကို ကာကွယ်ပါ
Black Panther ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ ဆိုတော့ အူမကြီးကင်ဆာရောဂါဟာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ မျိုးရိုးလိုက်တဲ့ အူမကြီးကင်ဆာအမျိုးအစားမဟုတ်ဘူးဆိုရင် ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ပဲ ရောဂါဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။