ဗိုက်အောင့်ဗိုက်နာခြင်း၊ စအိုသွေးထွက်ခြင်း၊ အချိန်အကြာကြီး ဝမ်းချုပ်ခြင်း/ဝမ်းလျှောခြင်း စတဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားနေရရင် ဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေနိုင်အောင် အူမကြီးမှန်ပြောင်း ကြည့်ဖို့လိုအပ်မှာပါ။
အူမကြီးမှန်ပြောင်းနဲ့ ဘာတွေကိုရှာဖွေနိုင်သလဲ
အူမကြီးမှန်ပြောင်းကြည့်ပြီး အူလမ်းကြောင်းအတွင်းသွေးယိုခြင်း၊ အနာပေါက်ခြင်း၊ အသားပိုထွက်ခြင်း စတာတွေကို အဓိကရှာဖွေပါတယ်။ မသင်္ကာစရာအခြေအနေတစ်စုံတစ်ခုတွေ့ခဲ့ရင် နောက်ထပ်လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေဆက်လုပ်ရပါတယ် ဥပမာ – အသားပိုထွက်နေခဲ့ရင် မှန်ပြောင်းကြည့်ရင်းတစ်ခါတည်း အသားစနမူနာစစ်ဆေးဖို့ ရယူမှာဖြစ်ပါတယ်။
အူမကြီးကင်ဆာရှိမရှိသိဖို့ မှန်ပြောင်းကြည့်မှဖြစ်မှာလား တခြားစစ်ဆေးနည်းတွေရှိသေးလား
ရှိပါတယ်။ ဝမ်းနမူနာယူပြီးစစ်ဆေးခြင်း၊ သွေးဖောက်ပြီး အင်ဇိုင်းဓာတ်များစစ်ဆေးခြင်း၊ အသားစနမူနာယူပြီး စစ်ဆေးခြင်း၊ကွန်ပျူတာဓာတ်မှန်/သံလိုက်ဓာတ်မှန်ရိုက်ခြင်း စတဲ့စစ်ဆေးနည်းတွေရှိပါသေးတယ်။ ဒါပေမဲ့ အူမကြီးမှန်ပြောင်းကြည့်ခြင်းကတော့ အတွင်ကျယ်ဆုံးနည်းလမ်းဖြစ်နေဆဲပါ။
အူမကြီးမှန်ပြောင်းကြည့်ရင် ဘယ်လိုဘေးထွက်ဆိုးကျိုးခံစားရနိုင်လဲ
မှန်ပြောင်းကြည့်လို့ ဘေးထွက်ဆိုးကျိုးခံစားရတာအတော်လေးနည်းပါတယ်။ ဒါပေမဲ့ အောက်ပါပြဿနာတွေခံစား ရနိုင်တာကိုတော့ သိထားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။