backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ)


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) ကဘာလဲ။

ရေဒီယယ်အကြောသည် လက်မောင်းအနောက်(တရိုင်ဆက်) တံတောင်ဆစ်အပြင်ဘက်( အပြင်အရိုးဖု)ကိုပတ်ပြီး လက်ဖျံအတိုင်းဆင်းကာ လက်မနှင့် လက်ညိုးကြားတွင်အဆုံးသတ်သည်။ အကြောဆိုင်ရာရောဂါဟူသည် အာရုံကြောလုပ်ဆောင်မှုမကောင်းခြင်းဖြစ်ပြီး အာရုံကြောလမ်းကြောင်းတစ်နေရာရာတွင်အဖိခံရသောကြော်ဖြစ်သည်။

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ

ယောက်ျားလေးများတွင်ပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရေဒီယယ် အကြောရောဂါများရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

နာခြင်း

အားနည်းခြင်း

ထုံခြင်း

ကျဉ်ခြင်း

ထိုလက္ခဏာများသည် လက်ဖျံအနောက် လက်ဖမိုး လက်မ သို့မဟုတ် လက်ချောင်း(လက်ညိုး လက်ခလယ် လက်သူကြွယ်တပိုင်း) တွင်ဖြစ်တတ်သော်လည်း လက်ချောင်းထိပ်များတွင်မဖြစ်တတ်ပါ။

ရေဒီယယ် အကြောရောဂါများ(ရေဒီယယ် အကြောကိုဖိခြင်း)သည် လက်မောင်းအနောက် လက်တံတောင်ဆစ် သို့မဟုတ် လက်ဖျံ အတွင်းကြွက်သားနေရာများတွင်ပိုဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) ကိုဘာတွေကဖြစ်စေသလဲ

အဓိကဖြစ်စေသောအကြောင်းအရင်းများမှာ

အာရုံကြောကိုတိုက်ရိုက်ထိခိုက်မိခြင်း သို့မဟုတ် ကြွက်သားအား ကြာရှည်စွာဖိထားခြင်းကြောင့် ယောင်ခြင်း သို့မဟုတ် ဘေးရှိ အဂါၤများကိုထိခိုက်ခြင်းတို့ကြောင့်ဖြစ်သည်။

အမြင့်ပိုင်း ရေဒီယယ် အကြောရောဂါများသည် ရယ်ဒီယယ်အကြောအား လက်တံတောင်ဆစ်အထက်တွင်ဖြစ်ကဖြစ်တတ်ပြီး ချိုင်းထောက်ကောင်းကောင်းအသုံးမပြုခြင်း သို့မဟုတ် ကုလားထိုင်တွင် လက်အားအနားယူမှုများခြင်းတို့ကြောင့်ဖြစ်သည်။

ရေဒီယယ်အကြောသည် လက်မောင်းဆီအနောက်ရှိ အကွေးလမ်းကြောင်းတွင် လည်းဖိမိနိုင်သည်။ များသောအားဖြင့် အိပ်နေချိန် မလှုပ်ရှားတာကြာခြင်းတို့ကြောင့်ဖြစ်နိုင်သည်။(စနေည အကြောညှပ်ခြင်း)ဟုခေါ်သည်။

တံတောင်ဆစ်၊လက်ဖျံကိုက်ခြင်းသည် လက်လှန်ခြင်းမှောက်ခြင်းကိုထပ်ခါထက်ခါလုပ်ရသူများသို့မဟုတ် လက်ဖျ့မှောက်ထားရသူ သို့မဟုတ် လက်ကောက်ဝတ်ကွေးခြင်း(ရေဒီယယ်အကြောပေါ်တွင်ဖိအားများစေသည်) သူတို့တွင်ပိုဖြစ်တတ်သည်။

မူလီရစ်ရသူများ ဘောပင်ဖြင့်စာအကြာကြီးရေးရသူ စာရိုက်သူ(ဒယ်လွန်၊အယ်လစ်) တို့တွင်ပိုဖြစ်တတ်သည်။

ရေဒီယယ်အကြော၏ခံစားမှုအပိုင်း ထိမိခြင်း(ဝါတာဘတ်လက္ခဏာ)သည် လက်ပတ်နာရီတင်းတင်းဝတ်ခြင်း ဆီးချိုရောဂါရှိခြင်း ရူမတွိုက်အဆစ်ယောင်ခြင်း သို့မဟုတ် သိုင်းရွိုက်အလုပ်လုပ်မှုနည်းသူများတွင်ပိုဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ရေဒီယယ် အကြောရောဂါများဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

လိင်။ ယောကျာ်းလေးများတွင်နှစ်ဆခန့်ပိုဖြစ်တတ်သည်။

အလုပ်အကိုင်။ အားသုံးရခြင်းနှင့် ခဏခဏပြန်လုပ်နေရသောအလုပ်သို့မဟုတ် အားနှင့် နေသောပုံစံ

အရက်စွဲခြင်း နှင့် ဆေးလိပ်သောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါသမိုင်းကြောင်းမေးခြ်ငး။ ဖြစ်သောနေရာအပေါ်လိုက်၍ လက္ခဏာကိုမေးသည်။ တံတောင်ဆစ်အပြင်တွင် စူးခြင်းပူခြင်း ကိုက်ခြင်းနှင့် လက်မောင်းအနောက် လက်မသို့မဟုတ် လက်ညိုး လက်ခလယ်နှင့်လက် သူကြွယ်အနည်းငယ်တွငာ်ခြင်းဖြင့်လာနိုငသည်။ လက်ခနှင့် လက်ညိုး(ပထမလက်ချောင်းအကြား)တွင်ထုံခြင်း သို့မဟုတ် ကျဉ်ခြင်းတို့ဖြစ်တတ်သည်။ အချိန်ကြာလာသည်နှင့် အားဖျော့လာခြင်း လက်ကျွမ်းကျင်မှုများမရျိတော့ခြင်းနှင့် လက်ကောက်ဝတ်နှင့်လက်လှုပ်ရှားမှုများတွင် အားမရှိသည်ခံစားရတတ်သည်။ တခါတရံ လက်ကောက်ဝတ်ကျနေခြင်း လက်မှောက်နေရာမှ မလှန်နိုင်ခြင်းတို့ဖြင့်လည်းပြတတ်သည်။

ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ ဖြစ်သောနေရာတွင်မူတည်သည်။ စမ်းသက်မှုတွင် လူနာသည် လက်တံတောင်ဆစ်မဆန့်နိုင်ခြင်း လက်ကောက်ဝတ်ကျနေခြင်း လက်ခသို့မဟုတ်လက်ချောင်းများကျနေခြင်း နှင့် လက်အားလှန်ရန်ခက်ခဲခြင်းတို့ပြတတ်သည်။ ရေဒီယယ်ထိနေပြီး လက်ချောင်းများမဆန့်နိုင်ပါက ရေဒီယယ် လှိုင်ခေါင်းတွင်ထိနေခြင်းဖြစ်နိုင်သည်။ ရေဒီယယ်လှိုင်ခေါင်းအပြင်အရိုးဖု အရှေ့ တွင်ထိပါကနာခြင်းနှင့် လက်ကောက်ဝတ်ဆန့်ပါက လက်ညိုးဆန့်ပါက သို့မဟုတ် လက်ဖျံမှောက်ပါက နာခြင်း တို့ရှိနေနိုင်သည်။ ဒသိပ်မပြင်းထန်သောကိစ္စများတွင် ဆန့်ထားသောလက်ညိုးကိုဖိချိန်တွင် အားနည်းနေခြင်းသို့မုတ် လှန်ထားသောအချိန်တွင် လက်ပြန်မှောက်ရန်အားမရှိခြင်းတို့သာပြတတ်သည်။

စမ်းသက်မှုများ။ လှုပ်စြစ်ဖင့်ကြွက်သားကိုရိုက်ခြင်း နှင့် အာရုံကြောသွားနှုန်းစမ်းသက်မှုများက ရေဒီယယ် အကြောရောဂါများဟုအတည်ပြုရန်အကူအညီပေးနိုင်သည်။ အစောပိုင်းသိပ်မပြင်းထန်သောကိစ္စများတွင်သိပ်အတည်မပြုနိုင်ပါ။ ဓါတ်မှန်ရိုက်ခြင်းက အရိုးမကောင်းမှုများမဟုတ်သည်ကိုဖယ်ရှားပေးနိုင်သည်။ အကယ်၍ ရေဒီယယ် အကြောရောဂါများကိုဖြစ်စေသော အလုံးဟုသံသယဖြစ်ပါက အန်အာအိုင်ကိုရိုက်လိုက်မည်။ လစ်နိုကိန်းထိုးခြင်း(အာရုံကြောကိုပိတ်သည်) ဖြင့် အာရုံကြောကိုဖိထားခြင်းရှိမရှိသိနိုင်သည်။

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) ကို ဘယ်လိုကုသပါသလဲ

ရေဒီယယ် အကြောရောဂါများကိုကုသရာတွင်ဖြစ်စေသောအကြောင်းနှင့် ဖြစ်သောနေရာအပေါ်တွင်မူတည်သည်.လက်ကောက်ဝတ်ပုံမှန်ပုံစံအတိုင်းထုပ်စီးစီးခြင်းက ဖြစ်သောနေရာကိုအနားယူစေပြီး ရေဒီယယ်အကြောကိုသွားစွခြင်းအားသက်သာစေသည်။

လက္ခဏာများကိုဆေးဆိုင်တိုင်းရနိုင်သော စတီးရွီုက်မဟုတ်သည့် အယောင်ကျဆေး(အန်အက်အေအိုင်ဒီ) သို့မဟုတ် ကော်တီကိုစတီးရွိုက်ထိုးခြင်းဖြင့် အာရုံကြောအနားတွင်ယောင်ခြင်း ဖောင်းခြင်းကိုသက်သာစေနိုင်သည်။

ရုပ်ပိုင်းဆိုင်ရာကုထုံးများက အာရုံကြောကိုဖိထားသည့်ပျော့နေသောတစ်သျူးအားမာလာခြင်းဖြင့်ဆွဲဆန့်စေခြင်း ဘေးနားရှိကြွက်သားများကိုသန်မာလာစေရန်သုံးသည်။ ဆေးဝါးမဟုတ်သောကုထုံးများတွင် အရေပြားအပေါ်အား လျှပ်စစ်ပေးလှုံဆော်ပေးခြင်း နှင့် အပ်စိုက်ကုသပေးခြင်းကလည်းအခြားအကူအညီဖြစ်သောကုထုံးအဖြစ်အသုံးပြု့သည်။ တန်းနစ်တတောင်စစ်(တံတောင်စစ်အပြင်အရိုးစစ်ယောင်ခြင်း)ကြောင့် ရေဒီယယ် အကြောရောဂါများကိုပိုဆိုးလာစေနိုင်သည်။

စောင့်ကြည့်ကုသကုထုံးများမအောင်မြင်ပါက ခွဲစိတ်ခြင်းပြုလုပ်ခြင်း။ လက်သီးစုပ်နိုင်အားတဖြည်းဖြည်းအားနည်းလာခြင်း သို့မဟုတ် လက်ကောက်ဝတ် လက်ချောင်းဆန့်ခြင်း အားနည်းခြင်းနှင့်အတူ လျပ်စစ်ဖြင့်ရောဂါအတည်ပြုလေ့လာ ချက်များ သို့မဟုတ် ပုံရိပ်ဖော်သော်လေ့လာချက်များကပုံမမှန်သောပုံစံ (ဥပမာ အရိုး ကြွက်သားတောင့်ခြင်း သို့မဟုတ် အရွတ် အရည်အိတ် အလုံး) က အာရုံကြောကိုညစ်နေသည်ဟုယူဆပါက ခွဲလိမ့်မည်။ ခွဲစိတ်ခြင်းကို နေရာအလိုက်ထုံဆေးသို့မဟုတ် တကိုယ်လေးမေ့ဆေးထိုးပြီးခွဲနိုင်သည်။ ခွဲစိတ်နေချိန်တွင်လက်ဖျံ အလွှာနှင့် ဘေးနားကကြွက်သားအလွာများကိုဆွဲဆန့်ခြင်းဖြင့် ရေဒီယယ် လှိုင်ခေါင်းကိုချဲ့ပေးလိမ့်မည်။ မှောက်သောကြွက်သားအားခွဲပြီး အနောက် အင်တရိုဆက်အာရုံကြောကိုကြည့်ခြင်းတို့လည်းပါဝင်သည်။

ဖြစ်နေသောနေရာကိုဖယ်ထုတ်ပြီး ခွဲကြောင်းကိုပိတ်ကာအနာကျက်ရန်စောင့်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရေဒီယယ် အကြောရောဂါများကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ရေဒီယယ် အကြောရောဂါများကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကြွက်တက်ခြင်းကိုသက်သာစေပြီး ကြွက်သားများတောင့်တင်းစေခြင်း ကြွက်သားကျုံခြင်းကိုကာကွယ်ပေးခြင်း နှင့် သွေးတွင်းသကြားဓါတ်ထိန်းရာတွင်ကူညီပေးခြင်းတို့လုပ်ပေးသည်။

ကျန်းမာသောအစာစားခြင်းဖြင့် အာဟာရချို့တဲ့ခြင်းနှင့် အစာအိမ်အူလမ်းကြောင်းလက္ခဏာများကိုသက်သာစေသည်။

ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သည် သွေးလည်ပတ်မှုကိုမကောင်းစေပဲ အာရုံကြောဆိုင်ရာလက္ခဏာများကိုပိုဆိုးစေသည်။

အချို့အာရုံကြောများကိုဖိထားသည့်နေထိုင်ပုံများကိုရှောင်ပါ။ဥပမာ ဒူးချိတ်ထိုင်ခြင်း

ဖြစ်သောနေရာတွင်နှိပ်နယ်ပေးခြင်းဖြင့် အာရုံကြောနှင့်သွေးလည်ပတ်မှုကိုနှုံဆော်ပေပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement