backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ကဘာလဲ။

လက်မောင်းနာ့ဗ်ကြောကွန်ရက်ဆိုတာဟာ အာရုံကြောတွေ

စုထားတဲ့ကွန်ရက်တစ်ခုဖြစ်ပြီး ၎င်းက သင့်ကြောရိုးမကြီးက

နေ သင့်ပုခုံး၊လက်မောင်းနဲ့လက်တွေကို အချက်ပြခြင်းတွေ

လွှတ်တာဖြစ်ပါတယ်။ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်ဒဏ်ရာရမှုဟာ အာရုံကြောတွေကို ဆွဲဆန့်သလိုဖြစ်ခြင်း

ဖိထားခြင်း ၊တအားဆိုးတဲ့အခြေအနေမျိုးကတော့ ကြောရိုး

မကြီးကနေ ဆုတ်ဖြဲခံရသလိုဖြစ်တဲ့အခါ မျိုးတွေဖြစ်ပါတယ်။

သိပ်မဆိုးတဲ့ထိခိုက်ဒဏ်ရာရမှုတွေဖြစ်တဲ့ ဘောလုံးကစားရာ

မှာထိခိုက်တတ်တဲ့ ဟာမျိုးတွေမှာရတတ်ပါတယ်။ ကလေး

မွေးတဲ့အခါမှာလည်း ကလေးတွေကို မီးဖွားရင်းနဲ့ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်နိုင်ပါတယ်။ တစ်ခြား

အခြေအနေတွေကတော့ အလုံးအကြိတ်ဖြစ်ခြင်း၊ ရောင်ခြင်း

တွေကနေ ဒီနာ့ဗ်ကြောတွေကို ဖိနိုင် ထိနိုင်ပါတယ်။

အရမ်းဆိုးတဲ့ ထိခိုက်မှုမျိုးကတော့ ဆိုင်ကယ်၊ကားတို့ မတော်တဖြစ်မှုတွေကနေရတတ်ပါတယ်။ အရမ်းဆိုးတဲ့လက်

မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်မှုက သင့်လက်မောင်းကို

အကြောသေသလိုဖြစ်စေပြီး အာရုံခံစားမှု နဲ့လုပ်ဆောင်မှုတွေမလုပ်နိုင်လောက်တဲ့အထိဖြစ်စေနိုင်ပါတယ်။ အာရုံကြောအစားထိုးခြင်း၊ အာရုံကြောလွှဲပြောင်းခြင်း သို့

မဟုတ် ကြွက်သားလွှဲပြောင်းခြင်း အစရှိတဲ့ခွဲစိတ်မှုနည်းလမ်း

တွေကနေပြီး ပုံမှန်လုပ်ဆောင်မှုရအောင်လုပ်နိုင်ပါတယ်။

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အခြားအချက်အလက်များသိရဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်

ဆွေးနွေးပါ။

လက္ခဏာများ

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်ခြင်းမှာတွေ့ရတဲ့

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဖြစ်တဲ့နေရာရယ် ပြင်းထန်မှုရယ်ပေါ်ကို မူတည်ပြီး ပြသတဲ့

ရောဂါလက္ခဏာတွေကလည်း အများကြီးပါပဲ။ များသော

အားဖြင့်ကတော့ လက်မောင်းတစ်ဖက်တည်းသာ ထိခိုက်ပါ

တယ်။

သိပ်မဆိုးတဲ့ ထိခိုက်ဒဏ်ရာရခြင်း။

ဘောလုံးကန်တဲ့အခါ သို့မဟုတ် နပန်းကစားတဲ့အခါမှာ လက်မောင်းနာဗ့်ကြောတွေကို ဆွဲဆန့်သလိုဖြစ်ပြီး သို့မဟုတ်ဖိလိုက်သလိုဖြစ်ပြီးအသေးစားထိခိုက်မှုလေးတွေ

ဖြစ်တတ်ပါတယ်။ တစ်ခုခုနဲ့ထိုးလိုက်သလို ကျင်သွားခြင်း

သို့မဟုတ် မီးနဲ့ထိုးသလိုဖြစ်ခြင်းမျိုးခံစားရပါမယ်။ နောက်ပြီး

အောက်မှာပြောပြမယ့် ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါမယ်။

-ဓါတ်လိုက်သလိုဖြစ်သွားခြင်း သို့မဟုတ် လက်မောင်းကို မီးရှို့လိုက်သလို ခံစားချက်မျ ိုးရတတ်ပါတယ်။

-လက်မောင်းမှာ ထုံကျင်တာ အားနည်းတာမျိုး ခံစားရတတ်ပါတယ်။

ဒီရောဂါလက္ခဏာတွေကများသောအားဖြင့် မိနစ်အနည်းငယ် သို့မဟုတ် second ပိုင်းသာကြာတတ်ပါ

တယ်။ သို့သော် တစ်ခြားလူတွေမျာတော့ ရက်တွေအများကြီး

ထိကြာနေတတ်တာမျိုးရှိပါတယ်။

ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရမှု

ပြင်းထန်တဲ့လက္ခဏာတွေကတော့ အရမ်းဆိုးတဲ့ထိခိုက်ဒဏ်

ရာရခြင်း သို့်မဟုတ် အာရုံကြော စုတ်ပြဲခြင်းတွေမှာ ရတတ်

ပါတယ်။ အပြင်းထန်ဆုံး လက်မောင်းနာဗ့်ကြောကွန်ရက်

ထိခိုက်မှုဟာ အာရုံကြောမကြီးကနေ အာရုံကြော အမြစ်က

ဆွဲလှန်သလို ဖြစ်ပြီး စုတ်ပြဲသွားရင် ဖြစ်တတ်ပါတယ်။

တစ်ခြား ပိုဆိုးတဲ့ ရောဂါလက္ခဏာတွေကတော့

-သင့်လက်၊လက်မောင်းနဲ့ ပုခုံးမှာရှိတဲ့ကြွက်သားတွေ အသုံး

ပြ ုတဲ့အခါမှာ အားနည်းခြင်း ၊မလှုပ်ရှားနိုင်ခြင်း

-သင့်လက်မောင်းကို လုံးဝမလှုပ်ရှားနိုင်ခြင်း၊ခံစားမှုမရှိခြင်း

-အရမ်းနာခြင်း

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ကပြောတဲ့ဟာတွေရှိပါက သင့်ဆရာဝန်နဲ့

ဆက်သွယ်ပါ။

-ပူတာ ကျင်တာတွေ ခဏခဏ ပြန်ဖြစ်နေရင်

-လက်နဲ့လက်မောင်းမှာ အားပျော့သလိုဖြစ်ရင်

-ဒဏ်ရာရပြီးနောက် သင့်လက်မောင်းအစိတ်အပိုင်းတစ်ခုခု

မှာအားနည်းသလိုဖြစ်ရင်

-ဒဏ်ရာရပြီးနောက် လက်က လုံးဝပျော့ခွေနေရင်

-လည်ပင်းနာရင်

-လက်မောင်းနှစ်ဖက်လုံးမှာ ရောဂါလက္ခဏာတွေပြရင်

-ခြေတွေလက်တွေအားလုံးမှာ ရောဂါလက္ခဏာတွေပြရင်

ထိခိုက်ဒဏ်ရာရပြီး ၆လမှ ၇လအတွင်းမှာ ကုသမှုခံယူဖို့အရေးကြီးပါတယ်။ ကုသမှုခံယူဖို့နှောင့်နှေးနေပါ

က အာရုံကြောခွဲစိတ်မှုတွေမှာရလာဒ်မကောင်းတာတွေဖြစ်

စေတတ်ပါတယ်။

အကြောင်းရင်းများ

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လက်မောင်းနာဗ့်ကြောကွန်ရက်ကို ဖွဲ့စည်းထားတဲ့အပေါ်ပိုင်း

နာ့ဗ်ကြောတွေထိခိုက်မှုဟာ သင့်ပုခုံးကို အားနဲ့ဖိထားသလို

ဖြစ်ပြီးသင့်လည်ပင်းက အပေါ်ကိုမော့နေတဲ့အချိန်မှာ ရတတ်ပါတယ်။ အောက်ပိုင်းနာ့ဗ်ကြောကိုထိခိုက်မှုကတော့

သင့်လက်မောင်းတွေကို အားနဲ့အပေါ်ကိုမြှောက်စေသလိုဖြစ်တဲ့အခါရတတ်ပါတယ်။ ဒီလိုဒဏ်ရာတွေဟာ နည်းမျိုးစုံနဲ့ရနိုင်ပါတယ်။၎င်းတို့ကတော့

-ထိမိတဲ့ အားကစားနည်းမျိုး။ ဘောလုံးအားကစားသမား

တော်တော်များများဟာ အချင်းချင်း တိုက်မိကြပြီး အာရုံကြောတွေကိုဆွဲဆန့်သလိုဖြစ်ပြီး ထုံတာကျင်တာမျိုး

လက်မောင်းနာဗ့်ကြောထိခိုက်တာတွေခံစားရတတ်ပါတယ်။

-မီးဖွားရခက်ခဲခြင်း။ မွေးကင်းစကလေးတွေဟာ မွေးဖွားချိန်

ခက်ခဲပါက လက်မောင်းနာဗ့်ကြောကွန်ရက်ထိခိုက်မှုဖြစ်

တတ်ပါတယ်။ မီးဖွားရခက်တဲ့အခြေအနေတွေကတော့ မီးဖွား

ချိန်ကြာခြင်း ဒါမဟုတ် တင်ပဆုံဖွားဖြစ်ခြင်းတို့ဖြစ်ကြပါ

တယ်။ တကယ်လို့ မွေးဖွားစကလေးငယ်ရဲ့ပုခုံးဟာ မီးဖွားတဲ့

လမ်းကြောင်းမှာတစ်နေတယ်ဆိုပါက လက်မောင်းနာ့ဗ်

ကြော ကွန်ရက် ထိခိုက်မှု ပိုဖြစ်နိုင်ပါတယ်။ အပေါ်ပိုင်းက အာရုံကြောတွေကို ထိခိုက်မှုဖြစ်တာကိုတော့ Erb’s palsy

လို့ခေါ်ပတယ်။ အပေါ်ပိုင်းကော အောက်ပိုင်း အာရုံကြောတွေပါ ထိခိုက်ဒဏ်ရာရခဲ့ပါက လက်မောင်းနာ့ဗ်

ကြောကွန်ရက်ကို လုံးဝထိခိုက်ခြင်းဖြစ်နိုင်ပါတယ်။

-အရမ်းပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရခြင်း-စက်တပ်ယာဉ် မတော်တဆထိခိုက်မှု၊ မော်တော်ဆိုင်ကယ် မတော်တဆထိ

ခိုက်မှု၊ပြ ုကျခြင်း သို့မဟုတ် ကျည်ဆံဒဏ်ရာသင့်မှုတွေ

ကြောင့်လည်း လက်မောင်းနာ့ဗ်ကြော ကွန်ရက် ထိခိုက်မှု

တွေဖြစ်စေပါတယ်။

-ရောင်ရမ်းခြင်းကနေလည်း လက်မောင်းနာ့ဗ်ကြောကွန်ရက်

ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ အရမ်းရှားတဲ့အခြေအနေ တစ်ခုဖြစ်တဲ့ Parsonage-Turner syndrome လို့ခေါ်တဲ့

လက်မောင်းနာ့ဗ်ကြောရောင်ခြင်းဟာ ဘာထိခိုက်ဒဏ်ရာရ

တာမှ မရှိပဲ လက်မောင်းက ကြွက်သားတွေ ပျော့ခွေပြီး အသုံးပြ ုမရတဲ့ထိဖြစ်စေတတ်ပါတယ်။

-ကင်ဆာမဟုတ်သော အကြိတ်များ၊ သို့မဟုတ် ကင်ဆာ အကြိတ်များဟာ လက်မောင်းနာ့ဗ်ကြောတွေမှာ ကြီးထွားမှု

ဖြစ်စေတာ သို့မဟုတ် ဖိအား များစေတာတွေ ဖြစ်စေတာကြောင့် လက်မောင်းနာ့ဗ်ကြောထိခိုက်မှုကို ဖြစ်စေတာပါ။

-ဓါတ်ရောင်ခြည်ပြပြီးကုသမှုပေးခြင်း။ ဓါတ်ရောင်ခြည် ပြပြီး ကုသမှုပေးခြင်းတွေကလည်း လက်မောင်းနာ့ဗ်ကြော ကွန်ရက်ထိခိုက်မှုကို ဖြစ်စေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လက်မောင်းနာ့ဗ်ကြော ကွန်ရက်ထိခိုက်မှုကို ဘယ်အချက်တွေက ပိုပြီးအန္တရာယ်ဖြစ်စေသလဲ။

အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့

-ထိမိတိုက်မိနိုင်တဲ့ အားကစားတွေမှာ ပါဝင်ဆောင်ရွက်ခြင်း

အထူးသဖြင့် နပမ်းသတ်ခြင်း၊ ဘောလုံးကန်ခြင်း

-အရှိန်များတဲ့ မတော်တဆမှုမှာ ပါဝင်ခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်အခြေအနေကို ရောဂါရှာအမည်တပ်နိုင်ဖို့ သင့်ဆရာဝန်

က သင့်ရဲ့ရောဂါလက္ခဏာတွေကိုကြည့်ပါမယ် ပြီးတော့ စမ်းသပ် စစ်ဆေးမှုပြ ုလုပ်ပါမယ်။

ထိခိုက်မှုက ဘယ်လောက်ပြင်းထန်လဲ ဆိုတာကိုမူတည်ပြီး

အောက်ပါ စမ်းသပ်မှုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုတာတွေ

ကိုလည်း စမ်းသပ်ပါလိမ့်မယ်။

-Electromyography (EMG) ဒီနည်းကတော့ အပ်ပါတဲ့ လျှပ်စစ် ခေါင်း electrode လေးကို သင့်အရေပြားထဲကို ထိုး

ထည့်ပြီး ကြွက်သားတွေကို စမ်းသပ်တာဖြစ်ပါတယ်။ ဒီစမ်း

သပ်မှုကတော့ ကြွက်သားတွေ ဟာ ကျုံနိုင်စွမ်းရှိလားဆို

တာကို လျှပ်စစ်သုံးပြီးစမ်းသပ်တာဖြစ်ပါတယ်။ လျှပ်စစ်ခေါင်း

လေးတွေထည့်တဲ့အချိန်မှာတော့ နည်းနည်းနာတာမျိုး ဖြစ်

တတ်ပေမယ့် လူတော်တော်များများကတော့ စမ်းသပ်နည်း

တစ်ခုလုံးပြီးတဲ့ထိ တအား ခက်ခဲမှုမရှိပဲပြီးအောင် စမ်းသပ်ခံ

နိုင်ကြပါတယ်။

-nerve conduction study ။ ဒီနည်းကတော့ EMG ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ပြီး သင့်ရဲ့အာရုံကြောထဲကို လျှပ်စီးကြောင်းအသေးစားတစ်ခုဖြတ်စီးစေပြီး သင့်အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်လား ဆိုတာကို ကြည့်တာပါ။

-MRI ရိုက်ခြင်း။ ဒီနည်းကတော့ အားပြင်းတဲ့ သံလိုက်ဓါတ်နဲ့

ရေဒီယိုလှိုင်းတွေကိုအသုံးပြ ုပြီး သင့်ခန္ဓါကိုယ်ကို ရှုထောင့်

မျိုးစုံကနေကြည့်တာပါ။ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိ

ခိုက်မှုဘယ်လောက်ထိပြင်းထန်လဲဆိုတာရယ် နောက်ပြီးလက်အတွက်အရေးကြီးတဲ့သွေးကြောတွေ ဘယ်လောက်ထိခိုက်ပျက်စီးသွားလဲဆိုတာတွေကိုပါကြည့်နိုင်ပါတယ်။ နည်းလမ်းအသစ်တစ်ခုအနေနဲ့ကတော့ ပုံဖော်အားပိုကောင်းတဲ့ MRI နည်းလမ်းတစ်ခုဖြစ်တဲ့ Magnetic resonance neurography ကိုလည်း အသုံးပြ ုလို့ရပါတယ်။

-CT ရိုက်ခြင်း၊ ဒီနည်းလမ်းကတော့ ဓါတ်မှန်တွေအချပ်

ပေါင်းများစွာပုံဖော်ကြည့်ခြင်းနဲ့ သင့်ခန္ဓါကိုယ်ရဲ့ပုံရိပ်တွေကို

ကြည့်ရတဲ့နည်းလမ်းပါ။CT Myelography ကတော့ ပုံရိပ်

ဖော်ဆေး သုံးပြီး သင့်ရဲ့ အာရုံကြောမကြီးတစ်လျှောက်ရယ်နောက်ပြီး အာရုံကြောအမြစ်တွေရယ်ကို CT သုံးပြီး ရိုက်ခြင်းဖြစ်ပါ

တယ်။ ဒီနည်းလမ်းကတော့ MRI ရိုက်ပြီး လုံလောက်တဲ့အ

ဖြေမရမှပဲ သုံးကြလေ့ရှိပါတယ်။

-တကယ်လို့သင့်ဆရာဝန်က သင့်လက်မောင်းကို သွားတဲ့

သွေးကြောတွေထိခိုက်တယ်လို့ သံသယရှိရင်တော့ သွေးကြောပေါ်အောင်ရိုက်ရတဲ့ပုံရိပ်ဖော်နည်း Angiogram ကို သုံးပါတယ်။ ဒီနည်းကတော့ သင့်သွေးကြောထဲကနေ ပုံ

ရိပ်ဖော်ဆေးတစ်ခုခုသုံးပြီး သင့်သွေးကြောတွေရဲ့အခြေအ

နေကို ကြည့်ရှုခြင်းဖြစ်ပါတယ်။ ဒီအချက်အလက်ကတော့ သင့်ကို ခွဲစိတ်မှုလုပ်ဖို့ပြင်တဲ့အခါ အရေးကြီးတဲ့နေရာကပါ

ဝင်ပါတယ်။

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ အချက်တွေအများကြီးအပေါ်မှာမူတည်ပါတယ်။ ၎င်းတို့ကတော့ ထိခိုက်မှုရဲ့ ပြင်းထန်မှု၊ဘယ်လိုပုံစံထိခိုက်လဲဆိုတာရယ်၊ထိခိုက်မှုဖြစ်ပြီး

အချိန်ဘယ်လောက်ကြာသွားပြီလဲဆိုတာရယ် တစ်ခြား ကိုယ့်မှာရှိပြီးသား ရောဂါအခြေအနေတွေရယ်ပေါ်မူတည်

ပါတယ်။

အနည်းငယ်သာဆွဲဆန့်ခံရတဲ့အာရုံကြောတွေဆိုပါက အများ

ကြီးကုသမှုပေးစရာမလိုပဲ ပြန်ကောင်းတတ်ပါတယ်။

သင့်ဆရာဝန်ကသင့်ရဲ့အဆစ်တွေ၊ကြွက်သားတွေကောင်းကောင်းအလုပ်လုပ်အောင်ရယ် လှုပ်ရှားမှုကို သေချာထိန်းသိမ်းနိုင်အောင်

ရယ်၊အဆစ်တွေတောင့်တာကို ကာကွယ်နိုင်အောင်ရယ် လေ့ကျင့်ခန်းလုပ်ဖို့အကြံပေးပါလိမ့်မယ်။

အနာကပြန်ကျက်သွားတဲ့အခါ အမာရွတ်တစ်ရှုးတွေဖြစ်ကျန်

ခဲ့တာတွေကို ခွဲစိတ်ပြီးဖယ်ရှားခြင်းနဲ့ အာရုံကြော လုပ်ငန်း

တွေပြန်ကောင်းလာအောင်လုပ်ရပါတယ်။ ခွဲစိတ်ပြီးပြန်ပြ ုပြင်

ရတာကတော့ အာရုံကြောတစ်ဝိုက်မှာ အမာရွတ်တစ်ရှုးတွေ

တအားများနေရင် ဒါမှမဟုတ် စုတ်ပြဲသွားတာမျိုးတွေမှာ လိုအပ်တတ်ပါတယ်။

လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရပြီး ခြောက်လမှ ၇လအတွင်းမျာ ခွဲစိတ်ပြီးပြန်ပြ ုပြင်ဖို့လိုပါက ပြ ုပြင်သင့်ပါတယ်။ တကယ်လို့ အာရုံကြောထိခိုက်မှုက ၆လမှ ၇လထက်ကျော်သွားပါက ကြွက်သားတွေက သူတို့ရဲ့ပုံမှန်

လုပ်ငန်းတွေပြန်လုပ်နိုင်ဖို့ခက်သွားပါပြီး။

အာရုံကြောအစားထိုးခြင်း။ ဒီနည်းလမ်းမှာတော့ ပျက်စီးနေတဲ့

လက်မောင်းနာ့ဗ်ကြောမကြီးကို ဖယ်ရှားလိုက်ပြီး သင့်ရဲ့ခန္ဓါ

ကိုယ်ရဲ့တစ်ခြားအစိတ်အပိုင်းတွေကနေ ပွားထားတဲ့အာရုံ

ကြောကို ယူပြီးအစားထိုးခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းက

တော့ သင့်ရဲ့လက်မောင်း လှုပ်ရှားမှု လုပ်ငန်းများကို ပြန်ကောင်းအောင် ကူညီနိုင်မှာပါ။

အာရုံကြောလွှဲခြင်း၊

တကယ်လို့ အာရုံကြောက အာရုံကြောမကြီးကနေ ဆွဲဖြဲခြင်းခံလိုက်ရမယ်ဆိုပါက ခွဲစိတ်ဆရာဝန်က အာရုံကြောမကြီးကနေ ဆက်တွဲနေသေးတဲ့ သိပ်အရေးမ

ကြီးတဲ့ အာရုံကြောကိုယူလိုက်ပြီး ခုနက ပြတ်သွားတဲ့ အာရုံ

ကြောမကြီးနဲ့မဆက်တော့တဲ့ နာ့ဗ်ကို နှစ်ခုတွဲဆက်ပေးလိုက်

ခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ခွဲစိတ်ဆရာဝန်က

အာရုံကြောဆက်ခြင်းနဲ့ အာရုံကြောအစားထိုးခြင်းကို ပူးပေါင်းလုပ်ဆောင်ပေးတာလည်းရှိပါတယ်။

အာရုံကြောတစ်ရှုးတွေဟာ တစ်လကို လက်မဝက် လောက်သာကြီးထွားပါတယ်။ အဲ့ဒါကြောင့် ခွဲစိတ်မှုရဲ့ အကျိုး

ကိုအပြည့်အဝရဖို့ကတော့ နှစ်များစွာကြာတတ်ပါတယ်။ နာ

လန်ထတဲ့အချိန်မှာ သင်က သင့်အဆစ်တွေကို ပျော့ပျောင်း

အောင်လှုပ်ရှားရလွယ်အောင် လေ့ကျင့်ခန်းတွေလုပ်ရပါမယ်

သင့်လက်မောင်းနဲ့လက်တွေအတွင်းကို ကောက်မသွား

အောင် လိုအပ်ရင်ကျောက်ပတ်တီးစည်းတာ လုပ်ရပါမယ်။

ကြွက်သားလွှဲပြောင်းခြင်း၊ကြွက်သားအစားထိုးခြင်း၊

ဒီနည်းကတော့ သင့်ခွဲစိတ်ဆရာဝန်က သင့်ခန္ဓါကိုယ်ရဲ့ သိပ်

အရေးမကြီးတဲ့ နေရာက ဥပမာ ပေါင်လို နေရာကကြွက်သား

ကို ဖယ်ထုတ်ယူလိုက်ပြီး သင့်လက်မောင်းမှာကပ်ပေးခြင်း၊

ကြွက်သားအချင်းချင်း၊ အာရုံကြောအချင်းချင်း၊ သွေးကြော

အချင်းချင်း ကပ်ပေးခြင်းတို့ပြ ုလုပ်ပေးခြင်းဖြစ်ပါတယ်။

အနာသက်သာအောင်ကုသပေးခြင်း။

နာကျင်မှုကတော့ ပြောမပြနိုင်အောင်နာခြင်း၊ကြိတ်ချေလိုက်

သလိုနာကျင်သောခံစားမှုမျိုး သို့မဟုတ် မီးလောင်သလို နာကျင်မှုမျိုးကိုခံစားရတတ်ပါတယ်။ အစပိုင်းမှာတော့ မူးယစ်

ဆေးဝါးပါတဲ့ဆေးတွေကိုပေးရပါတယ်။ သို့သော်နောက်ပိုင်း

မှာတော့ သင့်အနာသက်သာလာမှုအပေါ်မူတည်ပြီးဆေး

တွေပြန်ပြီးပြောင်းပေးရပါတယ်။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

လက်မောင်းနာ့ဗ်ကြောထိခိုက်မှုမှာ သက်သာအောင်ကူညီ

ပေးနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံး

တွေက ဘာတွေလဲ။

အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement