backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Carpel Tunnel syndrome (လက်ဖဝါးထုံကျင် အားမရှိခြင်း) နဲ့ ပက်သက်လို့မှားသိနေကြတာများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Carpel Tunnel syndrome (လက်ဖဝါးထုံကျင် အားမရှိခြင်း) နဲ့ ပက်သက်လို့မှားသိနေကြတာများ။

ကိုယ့်လက်ချောင်းလေးတွေ ညည ထုံနေတယ် ။ လက်ချောင်း လေးတွေ ကျင်နေတယ် ။ လက်ဖဝါးတွေ အားမရှိသလိုခံစားနေရပြီး ပစ္စည်းတွေ ကိုင်လိုက်တိုင်း လွတ်ကျသွားတဲ့ ပြဿနာတွေ ခံစားနေရပြီဆိုရင် သေချာပါတယ် သင့်မှာ Carpel Tunnel syndrome လို့ခေါ်တဲ့ အကြောညှပ်ပြီး လက်ဖဝါး ထုံကျင် အားမရှိတဲ့ ပြဿနာခံစားနေရတယ်ဆိုတာပါ။ ရှေ့တွေမှာလည်း Carpel Tunnel syndrome နဲ့ပက်သက်တဲ့ အကြောင်းလေးတွေ ပြောပြပြီးဖြစ်တာကြောင့် ဒီဆောင်းပါးထဲမှာတော့ Carpel Tunnel syndrome နဲ့ပက်သက်လို့ မှားသိနေတာလေးတစ်ချို့ မျှဝေပေးချင်ပါတယ် ။

Carpel Tunnel syndrome နဲ့ပက်သက်ပြီး မှားသိနေတာလေးတွေ။

လက်ဖဝါးနာနေပြီဆိုတာနဲ့ ဒါ Carpel Tunnel syndrome ကြောင့်ဖြစ်တာပဲ။

Carpal Tunnel syndrome ကြောင့် လက်ဖဝါးနာတာဖြစ်ရပေမယ့် လက်ဖဝါးနာ သူတစ်ခုတည်းကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ trigger finger ( လက်မအောက်ပိုင်း နာကျင်ရောင်ရမ်းခြင်း) နဲ့ de Quervain’s tendinosis လို့ခေါ်တဲ့ လက်မနဲ့ လက်ကောက်ဝတ် နာကျင်တဲ့ ပြဿနာတွေဟာလည်း လက်ဖဝါးနာကျင်ခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပါပဲ။

Carpel Tunnel syndrome ဟာ ၁၉၉၀ နောက်ပိုင်းမှ ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတစ်ုခ။

ကွန်ပျူတာတွေ အသုံးများတာကြောင့် ဒီ Carpel Tunnel syndrome ဖြစ်လာတာဆိုပေမယ့် ကွန်ပျုတာတွေ မပေါ်ခင် ဟိုး ၁၈၀၀ ခုနှစ်လောက်တည်းက ဒီ ပြဿနာရှိခဲ့တာပါ။ Carpal Tunnel syndrome ကိုသက်သာစေတဲ့ ခွဲစိတ်မှုကတော့ ၁၉၃၀ လောက်မှ ပေါ်လာတာပဲ ဖြစ်ပါတယ်။

Carpel Tunnel syndrome က ကွန်ပျူတာ အသုံးများတဲ့သူတွေနဲ့ တုန်ခါစက်ပစ္စည်းတွေ ကိုင်တွယ် အသုံးပြုရတဲ့သူတွေပဲ ဖြစ်တဲ့ ပြဿနာတစ်ခု။

ကွန်ပျူတာနဲ့ တုန်ခါစက်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုတဲ့သူတွေ အဖြစ်များတယ်ဆိုပေမယ့် လူတိုင်း Carpel Tunnel syndrome ဖြစ်နိုင်ပါတယ်။ အသက် ၂၀ မကျော်ခင် Carpel Tunnel syndrome ဖြစ်တာရှားပေမယ့် အသက်ကြီးလာလေလေ ဖြစ်နိုင်ချေ များလေလေပါ။ အမျိုးသမီးတွေကအမျိုးသားတွေ ထက် ပိုဖြစ်နိုင်ပါတယ်။

Carpel Tunnel syndrome ကို ခွဲစိတ်ပြီးရင် နလန်ထူဖို့ အချိန်ကြာကြာ ယူရတယ်။

Carpel Tunnel syndrome ခွဲစိတ်ပြီးနောက်ပိုင်း ရက်အနည်းငယ်လောက်မှာတင် ချုပ်ရိုးနဲ့ ပတ်တီးတွေကို ဖြည်နိုင်မှာဖြစ်ပြီး ပေါ့ပေါ့ပါးပါး အလုပ်တွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ ၂ ပတ်လောက်ကြာတဲ့အချိန်မှာတော့ လက်လှုပ်ရှားမှုအားလုံးကို ပြန်လုပ်နိုင်မှာ ဖြစ်ပြီး အရင်တုန်းက ခံစားခဲ့ရတဲ ဝေဒနာတွေ သက်သာသွားမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီး ၆ ပတ်ကြာတဲ့အချိန်မှာတော့ တော်တော်များများ လှုပ်ရှားလို့ ရမှာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးကုသတာက သိပ်အသုံးမဝင်ဘူး။

Carpel Tunnel syndrome အတွက်တော့ ခွဲစိတ်ပြီး ကုသတာဟာ ၉၀ ရာခိုင်နှုန်းထိပျောက်ကင်းနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း လက်ချောင်းတွေကျင်လို့ ညဘက်ကောင်းကောင်းမအိပ်နိုင်တဲ့ ပြဿနာတွေ လုံးဝ သက်သာသွားမှာ ဖြစ်ပါတယ်။ လက်ချောင်းထုံတဲ့ပြဿနာတွေကတော့ ၃ လလောက်ကြာရင် သက်သာသွားမှာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးရင် Carpel Tunnel syndrome ပြန်ဖြစ်တတ်တယ်။

ခွဲစိတ်ပြီးနောက် Carpel Tunnel syndrome ပြန်ဖြစ်တာ ရှားပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement