အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် မိမိဘာနဲ့ မတည့်သလဲဆိုတာ မှတ်ထားသင့်ပါတယ်။ ဓာတ်မတည့်တာ မဖြစ်အောင်လည်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှ အစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ အစာဓာတ်မတည့်မှုကို ဘယ်လောက်များများ ခံစားရနိုင်လဲ အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို […]

အစာဓာတ်မတည့်ခြင်း ကို ရှာဖွေမည်။

အစာဓာတ်မတည့်ခြင်း

ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာကို ဘယ်လိုရှာဖွေကြမလဲ။

တစ်ခါတလေမှာ သင်က အစားအသောက်တွေကို ကောင်းကောင်းကြီးစားသောက်ပြီး နောက်တစ်ရက်မှာကျတော့ အော့အန်ပြီး မအီမသာဖြစ်နေတာမျိုးဆို ဘယ်အဆင်ပြေပါ့မလဲ။ ဒါမှမဟုတ် ဓာတ်မတည့်တဲ့ လက္ခဏာတွေပေါ်လာတာက နေ့တောင် မကူးဘူးဆိုရင်ရော… ဆိုလိုချင်တာက သင်ကတော့သင်စားနိုင်သလောက် ပုံမှန်စားလိုက်တာပါပဲ ။ ပြီးတော့မှ တစ်ခုခုလွဲမှားပြီး သင့်မျက်နှာကြီးရောင်လာတယ်ဆိုရင်.. ဘာတွေမှားနေတယ်ဆိုတာ သိရဖို့အတွက် တစ်ခါတလေမှာလည်း ဖြုတ်ထုတ်သတ် လမ်းစဉ်လိုက်ဖို့ လိုပါတယ်။ ( Elimination diet လုပ်ဖို့ လိုပါတယ်။ ) Elimination diet ဆိုတာဘာလဲ။ အထက်ဖော်ပြပါ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီဆိုရင် ဒီလမ်းစဉ်က သင့်ကို ဘယ်စားစရာက ပြဿနာဖြစ်စေတာလဲဆိုတာကို ထောက်ပြပေးနိုင်ပါလိမ့်မယ်။ ဒီလမ်းစဉ်ကို စပြီဆိုတာနဲ့ သေချာရမှာတစ်ခုကတော့ ဆရာဝန်ရဲ့ထောက်ပံ့မှုသေချာရှိဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ မကုန်ခမ်းနေဖို့ပါပဲ။ သတိထားရမှာတစ်ခုရှိပါသေးတယ်။ ဘာလဲဆိုတော့ ဒီ Elimination diet ကို သင့်မှာ anaphylaxis ဒါမှမဟုတ် […]


အစာဓာတ်မတည့်ခြင်း

ပြင်းထန်အစာဓါတ်မတည့်မှုအတွက် အရေးပေါ်အစီအစဉ်

အစာဓါတ်မတည့်မှုရှိသူတွေအတွက် သူတို့ရဲ့လက္ခဏာတွေဟာ အပျော့စားမသက်မသာဖြစ်မှုကနေပြီး အပြင်းစား အသက်အန္တရာယ်ပေးနိုင်သည်ထိရှိကြပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ မတည့်တဲ့အစားအစာတွေနဲ့ မတည့်နိုင်တဲ့ ဓါတ်မတည့်ပစ္စည်းတွေကိုရှောင်ဖို့ပါပဲ။ ကံမကောင်းစွာနဲ့ပဲ သင်က သေချာ ရှောင်ရှားမယ်ဆိုရင်တောင် သင့်ကို ဓါတ်မတည့်မှုဖြစ်စေမယ့် အရာတစ်ခုကို သင်မသိလိုက်ဘဲ ထိတွေ့မိနိုင်ပါသေးတယ်။ မတော်တဆ ထိတွေ့မှုတွေအတွက် အရေးပေါ်အစီအစဉ်ထားရှိခြင်းက သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။   ဆေးဝါးများ ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းဟာ ချက်ချင်းကုသဖို့အရေးပေါ်လိုအပ်တဲ့ အခြေအနေပါ။ epinephrine auto injector ကို အမြဲတမ်းသင်နဲ့မကွာ ဆောင်ပါ။ တကယ်လို့သင်က ပြင်းထန်တဲ့ အစာဓါတ်မတည့်မှုရှိတယ်လို့ သတ်မှတ်ခံရရင် သင့်ဆရာဝန်က ဒီလို ဆေးမျိုးကိုပဲညွှန်းဆိုပါလိမ့်မယ်။ ပြီးတော့ ဒါကို အမြဲဆောင်ထားသင့်ကြောင်းဆိုပါလိမ့်မယ။် ဒီပစ္စည်းဟာ epinephrine ပါဝင်တဲ့ ဆေးထိုးပိုက်ထည့် ပိတ်ထားတဲ့ ဆေးထိုးအပ်တစ်ချောင်းပါပဲ။ ဒီဆေးထိုးဖို့အတွက် ဆရာဝန်တွေကို အကူအညီတောင်းဖို့မလိုအပ်ပါဘူး။ ဒီပစ္စည်းဟာ အများပြည်သူနဲ့ အသက်အရွယ်မရွေး အလွယ်တကူအသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာပါ။ လိုအပ်လာတဲ့အချိန်တွေမှာ ဒီဆေးကို […]


အစာဓာတ်မတည့်ခြင်း

သင်စားနေသောအစားအစာများထဲမှ သင်မသိသေးသည့် ဓါတ်မတည့်မှုများ အကြောင်း

အစားအစာများတွင်ပါဝင်သော ဓါတ်မတည့်မှုများကို ဖော်ထုတ်ရန် လက်တွေ့တွင်မလွယ်ကူလှပါ။ သို့သော် ပါဝင်ပစ္စည်းများကို ဖတ်ရှုခြင်းဖြင့် အန္တရာက်ရှိသည့် ရှောင်ကျဉ်သင့်သည့် အစာများကို ယေဘူယျအားဖြင့် ခန့်မှန်းနိုင်သည်။ သို့သော် သင့်ကို ဓါတ်မတည့်စေသော ပစ္စည်းများသည် အမျိုးမည်အမျိုးမျိုးဖြင့် ပါဝင်နေနိုင်သည်။ သင်သည် ဓါတ်မတည့်မှုဖြစ်စေသော အမည်များကို နှံ့နှံ့စပ်စပ်သိရှိပါက သင့်အတွက် ရှောင်ကျဉ်ရန်ပိုလွယ်ကူမည်ဖြစ်သည်။ အောက်ဖော်ပြပါများသည် အစားအစာများနှင့် ဓါတ်မတည့်မှုဖြစ်တတ်သူများသိထားသင့်သည့် အတွေ့များသော ပါဝင်ပစ္စည်းများဖြစ်ပါသည်။ သို့သော် သင်သည် အစားအစာနှင့်ဓါတ်မတည့်မှုများဖြစ်လေ့ရှိပါက ပိုမိုသေချာစေရန် ပါဝင်ပစ္စည်းများကို ဆရာဝန်အားပြသင့်သည်။ အစားအစာများတွင်ပါဝင်သော စာညွှန်းများကိုလည်း ဂရုပြုကြည့်ရှုသင့်ပါသည်။   မြေပဲများ မြေပဲများနှင့်မြေပဲဖြင့်ပြုလုပ်ထားသော အောက်ပါအစာများကို ရှောင်ကျဉ်သင့်ပါသည်။ ဘီယာနှင့်အမြည်းစားသောမြေပဲ မြေပဲပြုတ် မြေပဲဆီ မြေပဲဖြင့်ပြုလုပ်ထားသောမုန့်အချိုများ   ဥအမျိုးမျိုး အထူးသဖြင့် ကလေးများသည် ဥအမျိုးမျိုးနှင့် ဓါတ်မတည့်မှုဖြစ်လေ့ရှိပါသည်။ ထိုဓါတ်မတည့်မှုသည် တခါတရံပြင်းထန်တတ်သည်။ အများအားဖြင့် ကြက်ဥအကာရှိ ပရိုတင်းနှင့် ဓါတ်မတည့်ခြင်းဖြစ်သော်လည်း အနှစ်ရောအကာကိုပါရှောင်ကျဉ်သင့်သည်။ ဥများနှင့် ဥများဖြင့်ပြုလုပ်သော အစားအစာများကိုရှောက်ကျဉ်ရန် အောက်ပါတိုကကိုဖော်ပြလိုက်ရပါသည်။ […]


အစာဓာတ်မတည့်ခြင်း

မိဘများအတွက်လမ်းညွှန် - အစာဓါတ်မတည့်မှု ရှောင်ကြဉ်နိုင်ရန် စာရင်းပြုလုပ်ခြင်း

မိဘတယောက်အနေနဲ့ မိမိကလေးကို ဘယ်အရွယ်ရောက်ရောက် အမြဲစိတ်ပူနေတတ်ပါတယ်။ မိမိကလးမှာ အစာမတည့်တာမျိုးရှိရင် ပိုပြီး ကြောက်ရွံ့စိုးရိမ်တတ်လေ့ရှိပါတယ်။ များသောအားဖြင့် လူတိုင်းဟာ မိမိမထိန်းချုပ်နိုင်တဲ့အရာတွေကို စိုးရွံ့တတ်ကြပါတယ်။ အထူးသဖြင့် မိမိရဲ့ကလေးတွေဟာ အစားမတည့်တဲ့ ပြဿနာကြီးကြီးမားမားရှိရင် ဒီသဘောဟာ ပိုမှန်ကန်တတ်ပါတယ်။ သင့်ရဲ့ကလေးဟာ ကျောင်းအစီအစဉ်နဲ့ ခရီးထွက်နေရင်၊ ဒါမှမဟုတ် သူငယ်ချင်းတယောက်အိမ်ကို ညဘက်သွားလည်နေရင်၊ ဒါမှမဟုတ် အတန်းဖော်တယောက်ရဲ့ မွေးနေ့ပွဲကိုသွားတယ်ဆိုရင် သူ့မှာ အစာပြဿနာရှိမှန်းမသိတဲ့ လူကြီးတွေကြားထဲ ရောက်နေနိုင်ပါတယ်။ ဒါဟာ အသက်အန္တရာယ်နဲ့ဆိုင်တဲ့အတွက် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ကလေးကို သူ့ကိုယ်သူဘယ်လိုဂရုစိုက်မလဲဆိုတာ သင်ကြားပေးဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကလေးဟာ သူ့ရဲ့ဓါတ်မတည့်ဖြစ်တတ်ပုံကို လူကြီးတွေကို ပြောပြတတ်ဖို့၊ မစားခင်မှာ မေးစမ်းတတ်ဖို့ကို ငယ်ရွယ်စဉ်ကတည်းက စသင်ပေးထားရပါမယ်။ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ သူ့ပြသနာကို ဘယ်လိုကာကွယ်မလဲဆိုတာ နောက်ထပ်သိသင့်တာတွေ သင်ပေးရပါမယ်။ အခုဖော်ပြပါအချက်တွေကတော့ သင့်ကလေးရဲ့ အစာမတည့်မှုပြဿနာကို ဖြေရှင်းဖို့ အထောက်အကူုပြုနိုင်ပါတယ်။   သင်ရဲ့ကလေး […]


အစာဓာတ်မတည့်ခြင်း

အစာဓါတ်မတည့်ခြင်း- မိမိကလေး အာဟာရဓါတ်မျှတရေး

သင့်ရဲ့ကလေးမှာအစာဓါတ်မတည့်တာတစ်မျိုးမျိုးရှိနေပြီဆိုရင် သင်လည်းစိတ်ညစ်ညူးရပါတယ်။ ပထမဆုံးလုပ်ရမှာကတော့ အဲဒီအစာကိုသင့်ကလေးစားနေကြအစားအစာထဲကဖယ်ထုတ်ဖို့ပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ခြင်းဖြင့် မိမိကလေးအတွက် အာဟာရဓါတ်ရစရာတွေ အများကြီးလျော့နည်းသွားနိုင်ပါတယ်။ မျှတတဲ့၊ အာဟာရများတဲ့ အစားအစာဟာကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးဖို့ အင်မတန်အရေးပါပါတယ်။ သင့်ကလေးရဲ့ ကိုယ်ခန္ဓါဟာကျန်းမာသန်စွမ်းစွာဖွံ့ဖြိုးလာဖို့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ တချို့အစားအစာတွေကိုခဏလောက်ပဲ ဖြတ်လိုက်တာအတွက်တော့ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် နှစ်ပတ်ကျော်လောက်ဆိုရင်တော့ မိမိကလေးစားလို့မရတာကြောင့် ဖြတ်လိုက်ရတဲ့ အစားအစာတွေနေရာကို ဖြည့်ဆည်းပေးနိုင်ဖို့ စိတ်ချရတဲ့ အာဟာရအစာတွေကို ရှာဖွေရပါမယ်။ အခုဆက်လက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ အစာဓါတ်မတည့်ဖြစ်တတ်တဲ့ ကလေးရဲ့ အာဟာရဓါတ်ကို မျှတအောင် ထိန်းညှိပေးမယ့် နည်းလမ်းတွေပါပဲ။   နို့မတည့်ခြင်း နွားနို့ဟာကလေးငယ်တွေမှာအစာမတည့်မှုဖြစ်ပွားနှုန်းအများဆုံးအစာပါပဲ။ နွားနို့ဟာအရိုးတွေဖွံ့ဖြိုးကြီးထွားဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်တွေရဲ့ ရင်းမြစ်တခုပါပဲ။ အထူးသဖြင့် ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်တွေမှာပိုအရေးကြီးပါတယ်။ ပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ပရိုတိန်း၊ ကယ်လ်စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ ၁၂ နဲ့ riboflavin၊ phosphorousစတဲ့ဓါတ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် […]


အစာဓာတ်မတည့်ခြင်း

ဓာတ်မတည့်စေတတ်သော အစားအစာများ

ဓာတ်မတည့်စေတတ်သော အစားအစာများ ဆိုသည်မှာ ထိုအစားအစာတွင်ပါဝင်သောပရိုတိန်းကို အန ္တရာယ်ရှိသောအရာဟု အထင်မှားပြီး ခန္ဓာကိုယ် ခုခံအားစနစ်က ပဋိဇီဝဓါတ်ပေါင်း အင်တီဘော်ဒီများထုတ်ပြီး တိုက်ခိုက်ခြင်းဖြစ်စဉ်ကို ခေါ်ပါသည်။ ထိုစားမိလိုက်သောအစားအစာတွင် ပါဝင်သော ပရိုတိန်းကိုတိုက်ခိုက်ရာမှ ဓါတ်မတည့်မှု ဖြစ်စဉ်ဖြစ်ပွားသည်။ မည်သည့်အစားအစာကိုမဆို ဓါတ်မတည့်ခြင်းမျိုးရှိနိုင်သော်လည်း အောက်ဖော်ပြပါအစားအစာ(၈)မျိုးသည် အစာ ဓါတ်မတည့်ခြင်း ဖြစ်စဉ်များ၏ ၉၀ ရာခိုင်နှုန်း နီးပါးကိုဖြစ်စေတတ်ပါသည်။ ၎င်းတို့မှာ နွားနို့၊ကြက်ဥ၊မြေပဲ၊အစေ့အဆံ (ဥပမာ-သီဟိုဠ်စေ့၊သစ်ကြားစေ့) ငါး၊ကဏန်း၊ပဲပိစပ်နှင့် ဂျုံတို့ဖြစ်ကြသည်။ (၁) နွားနို့ နှင့် ဓာတ်မတည့်ခြင်း သင်သည် နွားနို့နှင့် ဓါတ်မတည့် သူဖြစ်ပါက နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးခြင်း ရှောင်ကြဉ်သင့်သည်။ နို့ထွက်ပစ္စည်းများသည် ကယ်လ်စီယမ်နှင့် ဗိုက်တာမင်ဒီကြွယ်ဝသဖြင့် ရှောင်ကြဉ်ပါက ထိုအာဟာရဓါတ်များ ကြွယ်ဝသည့်အခြားအစားအစာများ၊ဥပမာ- ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်နှင့် ပဲပိစပ်တို့ကို စားသုံးပေးရန်အရေးကြီးပါသည်။ တစ်ခုခုကိုမစားမီ ထိုအထဲတွင်ပါသောအရာများကို သတိပြုပါ။ များစွာသော အသင့်စားပြင်ဆင်ပြီးသော အစားအစာများတွင် နို့ပါဝင်တတ်သည်။ […]


အစာဓာတ်မတည့်ခြင်း

လုပ်ငန်းခွင်သစ်တွင် အစားအစာနှင့် ဓါတ်မတည့်မှုကိုဖြေရှင်းနည်း (၄)ခု

အစားအစာနှင့် ဓါတ်မတည့်မှုကိုဖြေရှင်းနည်းသင့်တွင်အစာနှင့်ဓါတ်မတည့်မှုကိုမကြာသေးမီကမှဖြစ်နေမှန်းသိရှိရခြင်း (သို့မဟုတ်) သင့်အနေဖြင့် အစာဓါတ်မတည့်မှုအတွက် အစားအသောက်ကိုမိမိဘာသာရွေးချယ်မှုပြုနေရခြင်းမျိုးအခြေအနေ ဆိုပါကလုပ်ငန်းခွင်တွင် အစာဓါတ်မတည့်မှုသည် သင့်အတွက် ရင်ဆိုင်ဖြေရှင်းစရာ ဖြစ်လာသည်။ အောက်ပါနည်းလမ်းအဆင့်(၄)ခုမှာ သင်၏ အလုပ်သစ်တွင် ဓါတ်မတည့်မှုကို ဖြေရှင်းနည်းများဖြစ်သည်။ နည်းလမ်းအဆင့် (၁) – အလုပ်ရှင်ကိုတင်ပြဆွေးနွေးပါ သင်သည်လခစားဝန်ထမ်းဖြစ်ပါက သင်၏ လုပ်ငန်းကြီးကြပ်သူကို သင်၏ အစာဓါတ်မတည့်မှုအကြောင်း ပြောပြပြီးလုပ်ငန်းခွင်အတွင်းလိုအပ်သော ပြင်ဆင်မှုများအတွက် ဆွေးနွေးပါ။ သင်၏ လိုအပ်ချက်များအတွက် လူ့စွမ်းအားအရင်းအမြစ်ဌာန( HR ) နှင့် ဆက်သွယ်အကြံဉာဏ်ရယူနိုင်သည်။ သင့်တွင်လုပ်ဖော်ကိုင်ဖက်သစ်များ ၊ အဖွဲ့ဝင်များ၊ မိတ်ဆွေများ၊ အလုပ်အပ်သူများရှိလိမ့်မည်။ သူတို့ကိုသင်၏ အစာနှင့်ဓါတ်မတည့်သောအနေအထားကိုပြောပြထားပါ။ ထိုသူတို့၏အကူအညီကိုရယူ၍ အောက်ပါအကြံဉာဏ်တို့ကိုလိုက်နာပါ။ • သင်နှင့်မည်သည့်အစားအစာကမတည့်သည်ကိုပြောပြထားပါ။ • ဓါတ်မတည့်မှုဖြစ်စဉ်၏ပြင်းထန်မှုကိုအသိပေးပါ။ အရေးပေါ်အခြေအနေတွင် ဖြစ်ပေါ်လေ့ရှိသောရောဂါလက္ခဏာများနှင့် အရေးပေါ်ထိုးဆေးမည်သည့်နေရာတွင်ထားသည်ကိုပါပြောပြထားပါ။ • ဓါတ်မတည့်မှုဖြစ်စဉ်ကိုရှောင်ရှားနိုင်သည့်နည်းလမ်းအချို့ကို ပြုလုပ်ထားပါ။ ဥပမာ – လုပ်ငန်းခွင်တွင်တည်ခင်းသောနေ့လည်စာတွင် မည်သည့်အစားအစာများပါဝင်သည်ကိုတိုင်ပင်ပါ။ ထုတ်ပိုးပြီးအစားအစာများဖြစ်ပါကမည်သည်တို့ပါဝင်သည်ကို ပါကင်ဘူးတွင် ဖတ်ရှုပါ။ ထိုသူတို့တွင်လည်းအစားအစာနှင့် […]


အစာဓာတ်မတည့်ခြင်း

အစားအသောက်ကြောင့်ရာသီအလိုက်ဓါတ်မတည့်မှုများဖြစ်စေနိုင်ပုံ

-နေ့တစ်နေ့တွင်သင်နိုးထလာပြီး နှာချေခြင်း ၊ နှာခေါင်းယားခြင်း၊ချောင်းဆိုးခြင်း ၊ မျက်စိနီရဲ၍မျက်ရည်ကျခြင်းတို့ခံစားနေရပါကသင်သည်ရာသီကိုလိုက်၍ဖြစ်တတ်သော ဓါတ်မတည့်မှုကိုခံစားနေရခြင်းဖြစ်နိုင်ပါသည်။ ထိုအချင်းအရာသည်အဖြစ်များသော ကျန်းမာရေးပြဿနာဖြစ်သည်။ ရာသီအလိုက် ဓါတ်မတည့်မှုများအတွက် သင်စားနေသောအစားအစာကလည်းအကျိုးသက်ရောက်မှု ရှိသည်ကိုသင်သတိပြုသင့်ပါသည်။   ရာသီအလိုက်ဓါတ်မတည့်မှုများဆိုသည်မှာ -ရာသီအလိုက်ဓါတ်မတည့်ခြင်းတို့သည် ကောက်ရိတ်သိမ်းချိန်ဖြစ်သောအဖျားရောဂါနှင့် ရာသီအကူးအပြောင်းတွင်ဖြစ်တတ်သော နှာခေါင်းယားယံခြင်းတို့ကိုအဓိကဆိုလိုပါသည်။ နှစ်တစ်နှစ်၏အချို့အချိန်များတွင် ထိုရောဂါတို့၏လက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။ အဓိကအကြောင်းရင်းမှာ ပြင်ပမှမှိုပိုးများ၏ ပိုးမှုန်များနှင့် ပေါင်းပင်မြက်ပင်တို့၏ဝတ်မှုန်တို့ကြောင့် ဖြစ်ရသည်။ ဓါတ်မတည့်ခြင်းအခံရှိသူတို့၏ ခုခံအားစနစ်ကထိုပြင်ပအမှုန်များကိုရှူမိသောအခါ ပြန်လည်တိုက်ထုတ်ရန်ဓါတုပစ္စည်းများကို ထုတ်လွှတ်တတ်သည်။ ထိုထုတ်လွှတ်သောပစ္စည်းများကဓါတ်မတည့်သောအောက်ပါလက္ခဏာများကို ဖြစ်စေပါသည်။ -နှာစေးခြင်း၊ -နှာခေါင်းနှင့်လည်ချောင်းယားယံခြင်း၊ -ချောင်းဆိုးခြင်း၊ -နှာရည်ယို၍နှာခေါင်းနီခြင်း၊ -နှာပိတ်ခြင်းတို့ဖြစ်ပါသည်။ -ထိုလက္ခဏာများသည် မျက်လုံးနီရဲယားယံခြင်းနှင့် မျက်ရည်ကျခြင်းတို့နှင့် တွဲဖက်ဖြစ်တတ်ပြီးဓါတ်မတည့်မှုေ ကြာင့်ဖြစ်သော မျက်စိရောင်ရမ်းခြင်းဟုခေါ်ပါသည်။ ရာသီအလိုက်ဓါတ်မတည့်မှုကိုဖြစ်စေသောအစားအစာများ -ရာသီအလိုက်ဓါတ်မတည့်မှုကိုဖြစ်စေသောအစားအစာများရှိပါသည်။ ထိုဝေဒနာခံစားရလေ့ရှိသူများက အောက်ပါအစားအစာတို့ကိုရှောင်ကြဉ်ရန်လိုအပ်ပါသည်။ အရွက်စားမုန်လာ -အရွက်စားမုန်လာသည် အပြန်အလှန်ဓါတ်ပြုတတ်သည့်သဘာဝရှိသည်။ အပင်များ၏ဝတ်မှုန်ကိုဓါတ်မတည့်သူများ စားသုံးပါကဓါတ်မတည့်မှုကိုပိုမိုဆိုးရွားတတ်သည်။ ခရမ်းချဉ်သီး -ဓါတ်မတည့်ခြင်းအခံရှိသူများတွင် ဝင်ရောက်လာသောအရာဝတ္ထုများကိုတုန့်ပြန်ရန်ခန္ဓါကိုယ်ကဟစ်စတမင်း(Histamine)ကိုထုတ်လွှတ်ပေးသည်။ ခရမ်းချဉ်သီးတွင်ဟစ်စတမင်းဓါတ်များ ပါဝင်ပြီးအရွက်စားမုန်လာကဲ့သို့ဓါတ်တုန့်ပြန်တတ်သည့် သဘာဝရှိသည်။ ထို့ကြောင့် ရာသီအလိုက်ဓါတ်မတည့်မှုဖြစ်တတ်သူများသည် ခရမ်းချဉ်သီးကိုမရွေးချယ်သင့်ပါ။ အပြာရောင်မှိုကြောင်းများတက်နေသည့်ဒိန်ခဲ -ဟစ်စတမင်းကြွယ်ဝစွာပါဝင်သောအစားအစာဖြစ်ပြီးမျက်စိနီရဲယားယံခြင်း ၊ မျက်ရည်ကျခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဗာဒံစေ့ -အပင်များ၏ဝတ်မှုန်များကို ဓါတ်မတည့်သူများသည် ဗာဒံစေ့အပါအဝင် အစေ့အဆန်များကိုစားသုံးခြင်းဖြင့် ဓါတ်မတည့်သည့်လက္ခဏာပိုဆိုးစေနိုင်သည်။ ဗာဒံစေ့ပါဝင်သောနွားနို့နှင့် ကွတ်ကီးမုန့်များသည်လည်းအတူတူပင်ဖြစ်သည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်