brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဘာတွေကများ ဓာတ်မတည့်မှု ကိုဖြစ်စေတာလဲ.......

ဘာတွေကများ ဓာတ်မတည့်မှု ကိုဖြစ်စေတာလဲ.......

ဘာတွေကများ ဓာတ်မတည့်မှု ကိုဖြစ်စေတာလဲ.......

အစားအစာ ဓာတ်မတည့်မှု ကလူတော်တောများများခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိပြီး ကလေးတွေရဲ့ ၈ ရာခိုင်နှုန်းလောက်ဟာလည်း အစားအစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဒီလိုဓာတ်မတည့်မှုကို ခံစားနေရသူထဲမှာ ဒီဆောင်းပါးကိုဖတ်နေတဲ့ သင်ကိုယ်တိုင်ရော ပါဝင်နေလား…….

အစားအစာ ဓာတ်မတည့်မှု ဆိုတာ ဘာလဲ………..

အစားအစာ ဓာတ်မတည့်မှု ဆိုတာက အစားအသောက်တစ်ခုခုကို စားလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေမျိုးပါ။ ဒီအခြေအနေက အစားအစာတွေထဲမှာပါတဲ့ ပရိုတင်းကို ခန္ဓာကိုယ်က အန္တရာယ်ရှိတဲ့ အရာတစ်ခုလို့ မှားယွင်းသတ်မှတ်ပြီး တုံ့ပြန်တာပါ။ ဒီလိုမှားယွင်းသတ်မှတ်လိုက်တာနဲ့ တပြိုင်နက်မှာ ခန္ဓာကိုယ်က ကာကွယ်မှုစနစ်ကို စတင်လိုက်ပါတယ်။ ဒီတုံ့ပြန်ကာကွယ်မှုစနစ်မှာ ရောင်ရမ်းမှုကိုဖြစ်စေနိုင်တဲ့ histamine လိုမျိုး ဓာတုပစ္စည်းကို ထုတ်လွှတ်မှုလည်း ပါဝင်နေပါတယ်။

ဘယ်လို လက္ခဏာတွေရှိနိုင်လဲ………..

အစားအစာဓာတ်မတည့်မှုက နည်းနည်းလေးစားမိရုံလောက်နဲ့ကို ဖြစ်နိုင်တာပါ။ အစားအစာ ဓာတ်မတည့်တဲ့အခါ

  • လျှာ၊ ပါးစပ် နဲ့ မျက်နှာတွေရောင်လာမယ်
  • အသက်ရှူရခက်လာမယ်
  • သွေးပေါင်ကျမယ်
  • အော့အန်မယ်
  • ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်
  • အင်ပျဉ်တွေထမယ်
  • အသားတွေယားပြီး အဖုအပိမ့်တွေထွက်မယ်။ အရမ်းပြင်းထန်ရင်တော့ သေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။

ဘာတွေကများ ဓာတ်မတည့်မှု ဖြစ်စေတာလဲ……………

အစားအစား ဓာတ်မတည့်မှုအဖြစ်စေနိုင်ဆုံး အစားအစားတွေက

ဥအမျိုးမျိုး

ဒါက အဖြစ်အများဆုံး အစားအစာဓာတ်မတည့်မှုတစ်ရပ်ပါ။ ကလေးဘယမှာ အများဆုံး ခံစားရလေ့ရှိပါတယ်။ ဒီဓာတ်မတည့်မှုက အရွယ်ရောက်လာတဲ့ အခါအလိုလိုပျောက်သွားတာမျိုးလည်း ရှိပါတယ်။ ဥအမျိုးမျိုးနဲ့ ဓာတ်မတည့်မှုအဓိကဖြစ်ရတဲ့ အကြောင်းအရင်းက ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်းတွေဖြစ်ကြတဲ့ ovomucoid၊ ovalbumin နဲ့ conalbumin တို့ကြောင့်ပါ။ ဒီပရိုတင်းတွေက ချက်လိုက်တဲ့အခါမျိုးမှာ ပျက်ပြယ်သွားတတ်ပေမယ့် တစ်ခါတလေမှာတော့ ဓာတ်မတည့်မှုက ဆက်ဖြစ်နေနိုင်ဆဲပါ။

ငါးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုက တစ်ခါတလေမှာ အရမ်းပြင်းထန်နိုင်ပါတယ်။ ဒီဓာတ်မတည့်မှုက ကလေးတွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ ကလေးတွေထက် လူကြီးတွေက အခွံမာပါတဲ့ ပင်လယ်သတ္တဝါတွေနဲ့ ငါးတွေကို ပိုစားမိနိုင်လို့ပါ။ ငါးဆိုတဲ့နေရာမှာလည်း ရေချိုငါးမဟုတ်ပါဘူး။ ရေငန်ငါးတွေက ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တာပါ။ အထူးသဖြင့် မက်ကာရယ်၊cod နဲ့ တူနာ တို့လိုငါးတွေကို အစိမ်းအတိုင်းစားတာ၊ ကမာတွေ၊ ဂုံးတွေကို စားတာတွေကြောင့် အဖြစ်များပါတယ်။

နို့နဲ့ ဓာတ်မတည့်မှုက ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးအများစုဟာ ငယ်စဉ်ကတည်းက နို့နဲ့ဓာတ်မတည့်မှုကို ခံစားရလေ့ရှိပါတယ်။ မိခင်နို့ပဲသောက်လာတဲ့ ကလေးတွေက နွားနို့ကို စသောက်တဲ့အချိန်မှာ နို့နဲ့ဓာတ်မတည့်တာကို ခံစားရကြတာပါ။ ဒီဓာတ်မတည့်မှုက အရွယ်ရောက်လာတဲ့အထိခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။

နို့နဲ့ဓာတ်မတည့်တဲ့အခါ

အခွံမာသီးတွေကလည်း ဓာတ်မတည့်မှုကိုဖြစ်စေနိုင်ပါတယ်။

  • သစ်ကြားသီး
  • အယ်လ်မွန်စေ့
  • သီဟိုဠ်စေ့
  • pecans
  • Brazil nuts
  • pine nuts
  • macadamia nuts
  • hazelnuts တွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီဓာတ်မတည့်မှုက ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် ဆရာဝန်နဲ့ ချက်ချင်းသွားပြသင့်ပါတယ်။

မြေပဲ

ဒါကလည်း အဖြစ်များတဲ့ဓာတ်မတည့်မှုတွေထဲကတစ်ခုပါ။ မြေပဲကလှော်လိုက်ရင်လည်း ဓာတ်မတည့်မှုဖြစ်စေတဲ့အရာပျောက်ပျက်သွားတာမျိုးမရှိသလို ချက်ပြုတ်လိုက်တဲ့အခါမျိုးမှာလည်း ဓာတ်ပြယ်သွားတာမျိုးမရှိပါဘူး။ မြေပဲက ဓာတ်မတည့်ဖြစ်စေတယ်ဆိုပေမယ့် သေချာသန့်စင်ပြီးတဲ့ မြေပဲဆီကတော့ ဓာတ်မတည့်မှု မဖြစ်စေနိုင်ပါဘူး။ မြေပဲနဲ့ဓာတ်မတည့်သူအများစုက ပဲပိစပ်၊ ဗိုလ်စားပဲ တို့လိုမျိုး ပဲတွေနဲ့လည်း ဓာတ်မတည့်ပါဘူး။

အခွံမာ ပင်လယ်သတ္တဝါတွေ

ဒါကလည်း တော်တော်လေး ဓာတ်မတည့်မှုဖြစ်စေတဲ့အချက်ပါ။

  • ပုစွန်
  • ကျောက်ပုစွန်
  • ဂဏန်း
  • ကမာ
  • ဂုံးတွေကလည်း ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။ အချို့ဆိုရင် ဒီပင်လယ်စာတွေကို စားမှမဟုတ်ဘဲ ပြုတ်ထားတဲ့အရည်၊ အငွေ့တွေကို ထိမိရုံနဲ့တင် ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် ဂျုံ၊ အုတ်ဂျုံ၊ အုန်းသီး၊ ပြုပြင်ထားတဲ့ အသားတွေ၊ အသား။ နှမ်း နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဓာတ်မတည့်တာမျိုးတွေရှိနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။