backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသမီးတိုင်း အသက်အရွယ်မရွေးလိုအပ်သော အရေးကြီး အာဟာရများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသမီးတိုင်း  အသက်အရွယ်မရွေးလိုအပ်သော အရေးကြီး အာဟာရများ

ဘယ်အသက်အရွယ်မှာမဆို အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ အားအင်ပြည့်ဝဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုပ်ယူဖို့လိုအပ်ပြီး လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ဒီဆောင်းပါးမှာ ဖေါ်ပြမှာကတော့ အမျိုးသမီးတိုင်း သူတို့ရဲ့ ဆယ်ကျော်သက်၊ ကလေးမွေးတဲ့ အသက်အရွယ်နဲ့ အသက်ကြီးချိန်တွေမှာ လိုအပ်တဲ့ အာဟာရ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

ကယ်လ်ဆီယမ်

Standford Medical University and Clinics က medical nutrition therapist ဖြစ်သူ Heather Schwartz က ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိဖို့ဟာ အသက်အရွယ်အကုန်လုံးအတွက် အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ကယ်လ်ဆီရမ်ဟာ အရိုးတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့ကြောင့် ကယ်လ်ဆီယမ် အများအပြားပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့ နွားနို့၊ ချီးစ်၊ ဒိန်ချဉ်နဲ့ အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ကိုက်လန်နဲ့ ဂေါ်ဖီထပ်တွေကို စားသုံးခြင်းနဲ့ လိုအပ်တဲ့ ကယ်လ်ဆီရမ်ဓါတ်ကို ဖြည့်တင်းနိုင်ပါတယ်။ ကယ်လ်ဆီယမ်ကို အခြားအစားအစာတွေဖြစ်တဲ့ တို့ဖူးနဲ့ လိမ္မော်ရည်တို့မှာလည်း တွေ့ရှိနိုင်ပါတယ်။

ဗီတာမင်ဒီ

ကယ်လ်ဆီရမ်ကို စုပ်ယူဖို့အတွက် ဗီတာမင်ဒီဟာလည်း ကိုယ်ခန္ဓါထဲမှာ ရှိရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် သုတေသီအတော်များများနဲ့ လေ့လာချက်တွေက ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အရေးကြီးကြောင်း ပြောဆိုခဲ့ကြပါတယ်။ နေပူတဲ့ အရပ်ဒေသမှာ နေသူဆိုရင် အရေပြားဆဲလ်တွေဟာ နေရောင်ခြည်နဲ့ ထိတွေ့ရင် ဗီတာမင်ဒီကို ထုတ်လုပ်တာကြောင့် ကံကောင်းပါတယ်။ အဲလို မဟုတ်ခဲ့ရင်တော့ သင့်ဆရာဝန်ကို ဗီတာမင်ဒီ ပမာဏကို တိုင်းတာစေပြီး လိုအပ်တဲ့ အားဖြည့်စာတွေကို စားသုံးသင့်ပါတယ်။ ဗီတာမင်ဒီကို ကလေးနဲ့ အရွယ်ရောက်သူ အတော်များများအတွက် တစ်နေ့မှာ ၆၀၀ IU စားသုံးသင့်ပါတယ်။

သံဓါတ်

Professor of Nutrition at the University of Maine and co-editor of Nutritional Concerns for Women ဖြစ်တဲ့ Dorrthy Klimis-Zacas က ၁၀% သော အမေရိကန်တွေဟာ သံဓါတ်ချို့တဲ့ကြပါတယ်။ ၅%ကတော့ သံဓါတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါရှိကြပါတယ်လို့ ဆိုပါတယ်။ တကယ်တော့ ရာသီလာနေစဉ်မှာ အမျိုးသမီးတွေဟာ သံဓါတ်အနည်းငယ်ဆုံးရှုံးပြီး ကိုယ်ခန္ဓါမှာ သံဓါတ်လျော့နည်းခြင်း ဖြစ်ပွားတတ်ပါတယ်။ ဒါ့ကြောင့် ပင်ပန်းခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနဲ့ အလုပ်၊ ကျောင်းတို့မှာ သေချာ မလုပ်ဆောင်နိုင်ခြင်းအစရှိတဲ့ ရောဂါလက္ခဏာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓါကိုယ်ကို သံဓါတ်ဖြည့်တင်းပေးဖို့ဟာ အလွန်အရေးကြီးလှပါတယ်။ ဟေမိုဂလိုဘင်ပါတဲ့ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းနဲ့ ဟေမိုဂလိုဘင်မပါတဲ့ သံဓါတ်အတွက် အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေ၊ ဖုတ်ထားတဲ့ ပဲ၊ မြေပဲနဲ့ မနက်စာအားဖြည့်အစာတွေကိုလဲ စားသုံးသင့်ပါတယ်။

Folic Acid

အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ Folic Acid အပိုရရှိဖို့ လိုအပ်ပါတယ်။ ဆရာဝန်တွေက Folic Acidကို ဖြည့်စွက်စာတွေ၊ အစားအစာတွေကတဆင့် စားသုံးစေပြီး ကိုယ်ခန္ဓါအတွင်းရှိ Folic Acid ပမာဏကို ၄၀၀ ကနေ ၈၀၀ mg ရောက်ရှိစေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေကို (neural tube defect, spina bifida, anencephaly) ကာကွယ်ပေးပြီးတော့ သင့်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အစိမ်းရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ Folic Acid အမြောက်အမြား ပါဝင်ပါတယ်။

B12

Folic acid လိုမျိုးပဲ အာရုံကြောစနစ်ကို ကောင်းမွန်စေတာကတော့ B12 ပဲဖြစ်ပါတယ်။ လက်ခံထားတဲ့ B12 ပမာဏကတော့ ဆယ်ကျော်သက်နဲ့ အရွယ်ရောက် အမျိုးသမီးတွေမှာ ၂.၄ mcg၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ၂.၆ mcg၊ နဲ့ နို့တိုက်မိခင်တွေမှာ ၂.၈ mcgတို့ ဖြစ်ပါတယ်။ B12 နည်းနေတယ်ဆိုရင် အခွံပါတဲ့ငါးတွေ၊ အသည်း၊ ငါး၊ ဂဏန်းနဲ့ တို့ဖူး၊ ပဲနို့၊ အားဖြည့်စာ၊ အနီရောင်အသား၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်း၊ ချီးစ် နဲ့ ဥ တွေကို စားသုံးသင့်ပါတယ်။

ခြုံပြောရမယ်ဆိုရင် သင်နဲ့ သင့်ကလေးရဲ့ ယေဘုယျကျန်းမာရေးအတွက် ကယ်လ်ဆီရမ်၊ ဗီတာမင်ဒီ၊ သံဓါတ်၊ Folic Acid နဲ့ B12 တို့ပါဝင်တဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement