သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သားအိမ်တွင်းအလုံးအကျိတ်ဖြစ်လို့၊ ရာသီသွေးဆင်းနာကျင်မှုတွေခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ်ထုတ်ရပြီဆိုတာဟာ အကြီးစားခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှုနောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှုနည်းလမ်းတို့ကိုမူတည်ပြီးပြန်လည်ကျန်းမာမယ့်ကြာချိန်ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကိုအောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်းနောက်ပိုင်းဂရုစိုက်မှုက မကောင်းခဲ့ရင်ပြန်လည်သက်သာဖို့ အချိန်ပိုကြာနိုင်ပါတယ်။

သားအိမ်ထုတ်ပြီးနောက်ပိုင်းမြန်မြန်ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ

(၁) ကိုယ်လက်လှုပ်ရှားမှုနဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ

ခွဲစိတ်မှုနောက်ပိုင်းမှာ နားနားနေနေနေရမယ်ဆိုပေမယ့် လုံးဝမလှုပ်ရဲဘဲငြိမ်နေတာလည်းမကောင်းပါဘူး။ အနီးအနားလမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကိုပြန်လည်ကုစားပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်နိုင်သလောက်အတိုင်းအတာကိုဖြည်းဖြည်းချင်းစမ်းလုပ်ကြည့်ပါ။ မခွဲစိတ်ခင်ကထက်တော့ ပိုပင်ပန်းရ၊ ပိုဂရုစိုက်ရနိုင်ပေမယ့် ခဏလောက်နားနားပြီး လှုပ်ရှားပေးလို့ရပါတယ်။

(၂) အလေးအပင် မ မ ပါနဲ့

ခွဲစိတ်ပြီး အနည်းဆုံး ၆ ပတ်လောက်အတွင်းတော့ အလေးအပင်တွေ မ မ ပါနဲ့။ အနာချုပ်ရိုးပြန်ကွဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လှုပ်ရှားမှုလိုတယ်ဆိုပေမယ့် ခွဲစိတ်ပြီးအနည်းဆုံး ၆လအတွင်းမှာ သိပ်ပြီးအားစိုက်ရတဲ့ လှုပ်ရှားမှုတွေ၊ အိမ်အလုပ်တွေကိုမလုပ်ပါနဲ့။

(၃) အာဟာရပြည့်ဝမျှတအောင် စားပါ

အားရှိအောင်စားပါဆိုတာကတွေ့သမျှအကုန်အများကြီးစားဖို့မဟုတ်ပါဘူး။ အာဟာရကြွယ်ဝတဲ့ အစားအစာမျိုးစုံကို ညီညွတ်မျတအောင် စားတတ်ဖို့အရေးကြီးပါတယ်။ ဥပမာ အသားဓါတ်၊ အမျှင်ဓါတ်၊ အကျိုးပြုအဆီဓါတ်တွေ(အစေ့အဆန်တွေ၊ငါး) ပါဝင်တဲ့ အစာအာဟာရကိုစားပါ၊ တစ်နေ့ရေ ၈ ခွက်သောက်ပါ။ ခွဲစိတ်မှုနောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ဖို့ အမျင်ဓါတ်က အရေးကြီးပါတယ်။ရေသောက်နည်းလို့၊ လှုပ်ရှားမှုမရှိလို့၊ အမျင်ဓါတ်မစားလို့ ဝမ်းချုပ်ခဲ့ရင် ဝမ်းပျော့ဆေးတွေသောက်ရနိုင်ပါတယ်။

(၄) ချုပ်ရိုးကို သန့်ရှင်းမှုဂရုစိုက်ပါ

ခွဲစိတ်မှုနောက်ပိုင်းမှာ အနာချုပ်ရိုး ရောဂါပိုးမဝင်စေဖို့အရေးကြီးပါတယ်။ ခွဲစိတ်ပြီးကာစမှာ အနာကိုရေမထိစေဖို့ ဂရုစိုက်ရမယ်၊ ဖုန်နဲ့အညစ်အကြေးတွေမကပ်ငြိအောင် ဂရုစိုက်ရမယ်၊ မပွန်းပဲ့စေဖို့ သတိထားရမယ်။ ချုပ်ရိုးမှာ နီမြန်းလာတာ၊ရောင်ရမ်းလာတာ၊ အရည်ထွက်လာတာတွေ့ရရင် အနာပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် ဒါမှမဟုတ် ကိုယ်ပူလာရင် ဆရာဝန်ပြန်ပြပါ။

(၅) အပြောင်းအလဲတွေကို လက်ခံပေးပါ

သားအိမ်ခွဲထုတ်ပြီးနောက် ပထမရက်အနည်းငယ်အတွင်း အဖြူဆင်းတတ်တာ ပုံမှန်ပါပဲ၊ တစ်ခါတလေသွေးဆင်းတတ်ပါတယ်။ တစ်ရက်၊နှစ်ရက်ကနေ ရှစ်ပတ်လောက်အထိဖြစ်နိုင်ပါတယ်။ သားဥအိမ်ဖယ်ထုတ်တာ အပါအဝင် သားအိမ်တစ်ခုလုံးဖယ်ထုတ်လိုက်ရပြီးနောက် အရေပြားမှာ ပူရှိန်းရှိန်းခံစားရတာ၊ ညဘက်ချွေးထွက်တာ၊ မိန်းမကိုယ်ခြောက်သွေ့တာ တို့လို သွေးဆုံးလက္ခဏာတွေလည်းခံစားရနိုင်တယ်။ ဒါ့အပြင် စိတ်ကျခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ ပိုပင်ပန်းလွယ်လာခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေအကုန်လုံးက လျော့ပါးမသွားဘဲ တာရှည်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြန်ပြီးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာအား စီမံခန့်ခွဲခြင်း

သားအိမ်ခေါင်းကင်ဆာရှိတဲ့တချို့အမျိုးသမီးတွေမှာကုသမှုကကင်ဆာကိုပျောက်ကင်းသွားစေနိုင်ပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Kyaw Thura Htun

သားအိမ်ခေါင်းကင်ဆာနှင့် အခြားကုသနိုင်သော နည်းလမ်းများ

သင့်ရဲ့သားအိမ်ခေါင်းကင်ဆာကိုကုသဖို့သင့်အခြေအနေအပေါ်မူတည်ပြီးရွေးချယ်မှုအများကြီးရှိပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Kyaw Thura Htun

Umbilical Hernia Repair For Children (ကလေး ချက်ကနေအူကျွံခြင်း ပြုပြင်ကုသမှု)

ချက်ကနေ အူကျွံတယ်ဆိုတာဘာလဲ။ ချက်အနောက်ဖက် ကပ်ရပ်မှာရှိတဲ့ ဝမ်းဗိုက်ကြွက်သားအလွှာတွေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး အံ့သြဖွယ် အချက် ၅ ချက်

မိန်းမကိုယ်ဟာ ဂရုစိုက်ဖို့လိုအပ်တဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ရေးသားသူ Dr . Phyu Mon Latt

သင့်အတွက် ရွေးချယ်ထားသည်

သားအိမ်ထုတ်ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

သားအိမ်ထုတ် ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2019 . 2 mins read

အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Kyaw Thura Htun
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 19, 2018 . 2 mins read

မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2018 . 4 mins read
Fibroids (သားအိမ်အလုံး)

Fibroids (သားအိမ်အလုံး)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2018 . 4 mins read