တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်း ဆိုတာ သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။ သားအိမ်ခေါင်းက ဘာတွေ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီလေး ၃ ဦးမှာ တစ်ဦးလောက်က ကျောက်ကပ်ရောဂါ၊ ဆီးအိမ်ကင်ဆာ၊ နာတာရှည် တင်ပါးဆုံ ရောင်ရမ်းနာကျင်တာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးခဏခဏ သွားတာလိုမျိုး တင်ပါးဆုံပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ အကြောင်းလေးကို ဗဟုသုတ အနေနဲ့ လေ့လာလိုက်ရအောင်နော်။ တင်ပါးဆုံဆိုတာ တင်ပါးဆုံဆိုတာက  ဝမ်းဗိုက် အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး ကိုယ်တွင်း အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားပါတယ်။ အမျိုးသမီးတွေရဲ့ ဒီအစိတ်အပိုင်းမှာ သားအိမ်နံရံ သားအိမ် သားဥအိမ် သားဥပြွန် မွေးလမ်းကြောင်း မိန်းမကိုယ် အမျိုးသမီးအင်္ဂါစပ်တို့ပါဝင်နေပါတယ်။ ဒါတွေအပြင် ဆီးအိမ်နဲ့ မစင်အိမ်တို့ကလည်း ဒီတင်ပါးဆုံကွင်းထဲမှာ ရှိနေတာပါ။ ဒီအင်္ဂါအစိတ်အပိုင်းတွေကို တင်ပါးဆုံအရိုးကွင်း၊ ကြွက်သားနဲ့ အရွတ်တွေက ကာကွယ်ပေးထားပါတယ်။ လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် သြော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။ ကျန်းမာရေးပြဿနာ တစ်ခုခုများရှိနေတာလားဆိုပြီး စိုးရိမ်တဲ့စိတ် လေဒီလေး တော်တော်များများ ဖြစ်တတ်ကြပါတယ်။ မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ က ပုံမှန်ပဲလားလို့ သိချင်နေတယ်ဟုတ်........... ဒီတစ်ခေါက်တော့ မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန်ပဲလား၊ ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ က ပုံမှန်ပဲလား........... မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန် အခြေအနေတစ်ရပ်ပါ။  မိန်းမကိုယ်မှာ ချွေးပေါက်ဂလင်းလေးတွေနဲ့ မွေးညှင်းအိတ်လေးတွေ ရှိနေတာကြောင့် ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဝက်ခြံ ဖြစ်သလို မျိုးပေါ့။ နောက်တစ်ချက် ရှိတာက မိန်းမကိုယ်ဟာ နုနယ်သလို ခန္ဓာကိုယ်က အချို့အစိတ်အပိုင်းတွေလိုပဲ ထိခိုက်လွယ်တဲ့ အရေပြား အမျိုးအစားပါ။ ဒါကြောင့် မိန်းမကိုယ်မှာလည်း ဝက်ခြံ၊ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘယ်လို ပျောက်အောင်လုပ်ကြမလဲ။

ခပ်ကျပ်ကျပ် အဝတ်အစားဝတ်လိုက်တိုင်းမှာ သိသိသာသာ ရှေ့ထွက်နေတာကတော့ ဆီးခုံပါပဲ။ နဂိုကမှ တင်ပဆုံရိုးကွင်းမှာ ဆီးခုံရိုးက ထူတဲ့အတွက် ရှေ့ကို နည်းနည်းထွက်နေပါတယ်ဆိုမှ အဆီတစ်ရှူးတွေပါ များနေရင် ပိုလို့တောင် သိသာလာပါရော။ တစ်ကိုယ်လုံး ချပ်ရပ်နေရင်တောင် ဆီးခုံလေးပဲ ကွက်မောက်နေတာက အတော်ကို အသည်းယားစရာပါ။ ဒါဆို ဆီးခုံမောက်တာ ဘယ်လို လုပ်ကြမလဲ လေဒီတို့။ ဒီတိုင်းပဲ ကြည့်နေရတော့မှာလား။ ဆီးခုံဘာကြောင့်မောက် ဆီးခုံ အတိအကျပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာက ဆီးခုံရိုး နှစ်ခုဆုံတဲ့ နေရာပါ။ အရိုးဖြစ်တဲ့အတွက် နဂိုတည်းက အနည်းငယ် သိသာနေပါတယ်။ အဆီတွေ စုလာရင် ပိုပြီးသိသာလာမှာပါ။ ဒီအဆီတွေက ဘယ်ကရောက်လာတာလဲဆိုတော့ မျိုးဗီဇ ပိန်တာ၊ ဝတာ၊ ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ဘဲ ဒီတစ်နေရာထဲမှာပဲ မျိုးဗီဇကြောင့် မွေးရာပါ အဆီတွေ စုနေတာမျိုးပါ။ အဝလွန်တာ ဒါကတော့ တစ်ကိုယ်လုံး ဝလာလို့ ဆီးခုံမှာပါ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးတွေ ဆီးခုံမောက် တာ ဘာကြောင့်လဲ။

ဆီးခုံမောက် တယ်၊ လူက ပိန်ပိန်လေးနဲ့ ဆီးခုံကျမှ ဘာလို့ လာမောက်နေတာလဲ မသိဘူး။ အောက်ပိုင်းလေးပဲ ကွက်ပြီး ဖောင်းနေတာ ကိုယ်ကျပ်တွေ ဝတ်ရင် ကြည့်ရဆိုးလိုက်တာ စသဖြင့် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှမဖြစ်တောင် ဒီလိုလေး ဖောင်းနေရင် အပျိုမှ စစ်ရဲ့လား၊ လိင်စိတ်ပြင်းပြတဲ့ သူမျိုးလား စသဖြင့် စွပ်စွပ်စွဲစွဲတွေ အပြောခံရပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးခုံဖွဲ့စည်းပုံ အမျိုးသမီးတွေက ကလေးမွေးရမှာ ဖြစ်လို့ သဘာဝအရ အမျိုးသားတွေထက် တင်ပဆုံရိုးကွင်း ပိုကြီးပါတယ်။ တင်ပိုကားပါတယ်။ ဆီးခုံရိုးဆက်ထားတဲ့ နေရာကလည်း ကလေးမွေးရင် ကလေးထွက်နိုင်အောင် ချဲ့ပေးရမှာဖြစ်လို့ အနည်းငယ်ပိုကျယ်ပါတယ်။ ဒါကြောင့် ဆီးခုံရိုးက နည်းနည်း ပိုသိသာပါတယ်။ ဒါပေမယ့် ဆီးခုံမောက်တဲ့ပြဿနာကတော့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ ဆီးခုံမောက် တဲ့ နေရာက ဆီးခုံရဲ့ အပေါ် (မြင်အောင် ပြောရရင် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား ။ ဒီအကြောင်း မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။ မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် တကယ်တမ်းမှာ ဘာ Product မှ မလိုအပ်ပါဘူး။ ဒီလိုပြောဖို့အတွက် မိန်းမကိုယ်ရဲ့ သဘာဝကို အရင်ရှင်းပြဖို့ လိုအပ်လာပါပြီ။ ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ မှိုတွေရဲ့ ရန်ကို တိုက်ထုတ်ဖို့ မိန်းမကိုယ်ထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ နဲ့ မှိုတွေ ရှိပါတယ်။ မိန်းမကိုယ်တွင်းက ထွက်တဲ့ အချွဲတွေ၊ အရပ်စကားပြောရရင် အဖြူတွေက မိန်းမကိုယ်ကို pH ပမဏ မျှတအောင်နဲ့ မိန်းမကိုယ် သန့်ရှင်းအောင် အလိုအလျောက် သန့်စင်ပေးပြီးသားပါ။ ဒီအရာတွေကြောင့် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

အွန်လိုင်းပေါ်မှာ အကြီးအကျယ်တွေ ကြော်ငြာနေကြတာ တွေ့မိမှာပါ။ မိန်းမကိုယ် ကျဉ်းဆေး၊ အပျိုပြန်ဖြစ်တဲ့ဆေးဆိုပြီး ရောင်းချနေကြတာတွေလေ။ မယုံပါနဲ့။ ထပ်ပြီး ပြောပါမယ်။ မယုံပါနဲ့။ ဒီဆေးတွေကို ဝယ်ရင်ကောင်းမလားလို့ တွေးနေရင် အဲဒီအတွေးတွေ ရပ်ပြီး ဒီဆောင်းပါးကို ဆက်ဖတ်ပါ။ တကယ်တော့ မိန်းမကိုယ်ဟာ အလိုလို ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ သဘာဝရှိပြီးသား ဖြစ်ပါတယ်။ ဘာဆေးမှ မလိုပါဘူး။ ဒါပေမဲ့ ကျဉ်းဆေးဆိုတာတွေက တကယ်ပဲ ကျဉ်းသွားတယ်၊ ပိုပြီး သာယာမှုရတယ်ဆိုပြီး ပြောလာကြတာတွေ ရှိတာမို့ ဒီဆေး ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။ ကျဉ်းဆေးတချို့မှာ မိန်းမကိုယ် နံရံ နဲ့ မိန်းမကိုယ် အဝကို ကျဉ်းစေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ပစ္စည်းတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အများဆုံးကတော့ တကယ် မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ဂလင်း ရောင်ရမ်းခြင်း

မိန်းမကိုယ်ရဲ့ တစ်ဖက်တစ်ချက်မှာ Bartholin's glandလို့ ခေါ်တဲ့ ဂလင်းလေးတွေ ရှိပါတယ်။ သူတို့က မိန်းမကိုယ်ကို ချောမွေ့အောင် ချောဆီထုတ်ပေးတာပါ။ တစ်ခါတစ်လေကျရင် ဒီဂလင်းတွေရဲ့ ပြွန်လေးတွေ ပိတ်သွားပြီး အရည်တွေ စုပုံလာတာကြောင့် ဖောင်းတင်းပြီး နာလာပါတယ်။ အဲ့ဒါကိုမှ ပိုးဝင်သွားလို့ရှိရင် အရည်အိတ်ရောင်ရမ်းတာ ဖြစ်လာပါတယ်။ ဖြစ်တတ်သလားလို့ မေးရင် အဖြစ်များပါတယ်။ ကံကောင်းတာက အိမ်တွင်းနည်းလမ်းတွေနဲ့ သက်သာအောင်လုပ်လို့ရသလို ဆရာဝန်နဲ့ ပြသပြီး ပျောက်အောင် ကုလို့ရပါတယ်။ ဖြစ်ရင် ဘာတွေ ခံစားရမှာလဲ။ အရွယ်သေးရင်တော့ ဘာမှစမ်းလို့ သိမှာ မဟုတ်ပါဘူး။ ကြီးလာရင်တော့ မိန်းမကိုယ်ကနေ တစ်ခုခုထွက်နေသလို ခံစားရမှာပါ။ ဒီတိုင်းနေရင်တော့ မနာပေမယ့် ထိလိုက်ရင် နာတတ်ပါတယ်။ ရိုးရိုးအရည်အိတ်ကနေ ပိုးဝင်တဲ့အထိ ဖြစ်ဖို့ ရက်နည်းနည်းလောက်ကြာမှာပါ။ ပိုးဝင်သွားပြီဆိုရင်တော့ မိန်းမကိုယ်အဝမှာ အလုံးဖြစ်နေပြီး ထိလိုက်ရင်နာမယ်။ အလုံးခံနေတာကြောင့် လမ်းလျှောက်ရ၊ ထိုင်ရ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း

ဒီနေရာမှာ သိထားဖို့ လိုတာကတော့ အနံ့ဆိုးနဲ့ ရိုးရိုးအနံ့ဟာ မတူဘူးဆိုတာပါ။ အနံ့ဆိုးဆိုတာကတော့ ချွေးအပြင် ဘက်တီးရီးယားပိုးတွေပါ အောင်းနေလို့ ထွက်ရတာပါ။ ရိုးရိုးအနံ့ကတော့ မိန်းမကိုယ်မှ မဟုတ်ပါဘူး။ အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း အနံ့အသက်က အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒါကတော့ သဘာဝပါပဲ။ အဓိကက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် အနံ့ဆိုးကင်းအောင် ဂရုစိုက်ပြီး ကိုယ့်ပုံမှန် ကိုယ်နံ့လောက်ပဲ ရှိနေအောင် ထိန်းသိမ်းခြင်းဟာ အသင့်တော်ဆုံးဖြစ်မှာပါ။ ဒီတော့ လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း တွေကို သိထားလိုက်ရအောင်လား။ လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း တွေကတော့ အရမ်းကြီး မခက်ခဲပါဘူး။ အလွန်အကျွံ ထိန်းသိမ်းနေဖို့၊ ဂရုစိုက်နေဖို့ မလိုပါဘူး။ ကိုယ့်မှာ အနံ့ဆိုးရှိနေရင်တောင် စိတ်အေးအေးထားပြီး ဒီအချက်တွေကို ပုံမှန်လေး လုပ်ပေးနေရင် ရပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်က လေလည် တတ်သလား

မိန်းမကိုယ်က လေလည် တာမျိုး ကြုံဖူးပါသလား။ ဒါဟာ သင်တစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများ ဖြစ်တတ်ကြပါတယ်။ အူလမ်းကြောင်းမှာ လေရှိသလိုမျိုး မိန်းမကိုယ် မွေးလမ်းကြောင်းမှာလည်း လေရှိတတ်ပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှား နေတဲ့အခါ လေထွက်လာတာပေါ့။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး။ အများစုက အန္တရာယ်မရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်ကြည့်ရအောင်။ ဘာကြောင့် မိန်းမကိုယ်က လေလည် ရတာလဲ။ လိင်ဆက်ဆံခြင်း လိင်ဆက်ဆံတာက မိန်းမကိုယ်က လေထွက်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ။ အမျိုးသား အင်္ဂါက မိန်းမကိုယ်ထဲကို အဝင်အထွက်လုပ်တဲ့အခါ လေပါ လိုက်ဝင်ပြီး လေခိုတတ်ပါတယ်။ ပြီးမြောက်သွားလို့ ကြွက်သားတွေ တင်းလိုက်ရင်ပဲ ဖြစ်ဖြစ်၊ အမျိုးသား အင်္ဂါကို ထုတ်လိုက်ရင်ပဲ ဖြစ်ဖြစ် လေတွေ ပြန်ထွက်လာပါတယ်။ အဲ့ဒီအခါ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Kegel exercise သို့မဟုတ် မျှော့ဆိုတာ တကယ်ရှိလား

မျှော့ဆိုတာ တကယ်ရှိလား သို့မဟုတ် Kegel exercise “မျှော့ပါတယ်” ဆိုတဲ့စကားဟာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အရပ်ထဲမှာတော့ အင်မတန်ခေတ်စားတဲ့စကားမျိူးဖြစ်ပါတယ်။ အများဆုံး ပြောကြတာကတော့ မျှော့ပါတဲ့အမျိုးသမီးဆိုတာ သပ်သပ်ရှိပြီး အဲဒီလိုအမျိုးသမီးမျိုးကို အမျိုးသားတွေစွဲလန်းကြတယ်ဆိုပြီးတော့ ပြောကြလေ့ရှိပါတယ်။ ဆေးပညာအမြင်အရကြည့်မယ်ဆိုရင်တော့ မိန်းမကိုယ်တဝိုက်ကကြွက်သားတွေ တောင့်တင်းသန်မာတာနဲ့ လျော့ရဲတာရယ်လို့နှစ်မျိုးပဲရှိပါတယ်။ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေသန်မာတာကိုပဲ အရပ်ထဲမှာ မျှော့လို့ခေါ်ကြတာဖြစ်ပါတယ်။ Kegel exercise ဆိုတာကတော့ အဲဒီကြွက်သားတွေ ပြန်လည်သန်စွမ်းလာအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေကို ဆိုလိုတာဖြစ်ပါတယ်။  သားအိမ်၊ ဆီးအိမ်၊ အူနဲ့ စအိုတွေကိုထောက်ပံ့ထားတဲ့ တင်ပဆုံအတွင်းပိုင်းဆိုင်ရာကြွက်သားတွေကို သန်မာစေပါတယ်။ ဒီလို တင်ပဆုံအတွင်းပိုင်းနဲ့ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ဆီးမထိန်းနိုင်တာကို ကာကွယ်ကုသပေးသလို အိမ်ထောင်ရေးသုခကိုလဲ ပြည့်စုံစေပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာမဆို လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးလဲဖြစ်ပါတယ်။ ဘာကြောင့် တင်ပဆုံအတွင်းပိုင်းကြွက်သားတွေ အားပျော့လာရတာလဲ ဖြစ်စေနိုင်တဲ့အကြောင်းအချက်တွေအများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်တာ၊ ကလေးမီးဖွားတာ၊ ခွဲစိတ်မှုခံယူထားရတာ၊ အသက်ကြီးတာ၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း