သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးဆုံးတော့မှာလား။

သွေးဆုံးတော့မှာလား။

အမျိုးသမီး တိုင်းလိုလိုဟာ သွေးဆုံးတဲ့ ကာလကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သွေးဆုံး တော့မှာလား ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီ လက္ခဏာတွေက အမျိုးသမီး တစ်ဦး နဲ့ တစ်ဦးမှာ ကွာခြားနိုင်သလို သွေးဆုံးလက္ခဏာ ခံစားရတဲ့ ကာလလည်း မတူကြပါဘူး။

များသောအားဖြင့်တော့ သွေးဆုံးတဲ့ လက္ခဏာတွေကို သွေးမဆုံးခင် လ အနည်းငယ် ဒါမှမဟုတ် နှစ် အနည်းငယ် အလိုမှာ စခံစား ရတတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ သွေးဆုံး လက္ခဏာက သွေးမဆုံးခင် ၄ နှစ် လောက် အလိုမှာ စပြတတ် ပါတယ်။ အချို့ အမျိုးသမီးတွေဆို သွေးမဆုံးခင် ၁၂ နှစ်လောက်အလိုကနေစပြီး သွေးဆုံးတော့မယ့် အရိပ်အယောင်တွေကို ခံစားကြရတာပါ။

သွေးဆုံးတာက ရုတ်တရက် မဖြစ်နိုင်ဘူး ဆိုပေမယ့် ကင်ဆာ ကုသမှုလိုမျိုး ကုသမှု တစ်ရပ်ရပ်ကို ခံယူမယ်၊ သားအိမ်ကို ဖယ်ထုတ် ရတာမျိုး ဖြစ်မယ် ဆိုရင်တေ့ ရုတ်တရက် သွေးဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။

သွေးဆုံးတော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။

အသက် ၄၀ ကျော် ကနေ အသက် ၅၀ ကျော် ကာလတွေမှာ သွေးဆုံးခါနီး လက္ခဏာတွေ ဖြစ်ကြတဲ့ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြမလဲ။

အသက်ကလည်း ၄၀ ကျော် ၅၀ ဝန်းကျင် ဖြစ်နေမယ်။ ရာသီသွေး ဆင်းတာ မမှန်ရင် ဒါမှမဟုတ် ရာသီသွေးတွေ အများကြီး ဆင်းနေမယ်။ ပုံမှန် သွေးဆင်းတဲ့ ကာလထက် ရက်ပိုများနေမယ်။ ရက်က အရမ်း နည်းနေမယ်။ ဆိုရင် ဆရာဝန်နဲ့ ပြပသဖို့ ပြောပါရစေ။

တစ်ခါတလေမှာ ဒီ လက္ခဏာတွေက သွေးဆုံးခါနီးလို့ဆိုတာထက် ကင်ဆာ၊ သားအိမ်ထဲမှာ ရေအိတ်တည်တာ၊ အလုံးတည်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နေနိုင် တာကြောင့်ပါ။

အမျိုးသမီးတွေ အနေနဲ့ သွားဖွားမီးယပ် ဆရာဝန် ဆီကို ပုံမှန် သွားပြီး စစ်ဆေးမှုတွေ လုပ်ဆောင် သင့်ပါတယ်။ ဒါမှ အမျိုးသမီးရောဂါ ကင်းပြီး သွေးဆုံးတာရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Menopause https://www.nhs.uk/conditions/menopause/symptoms/ Accessed Date 4 August 2020

Menopause https://www.mayoclinic.org/diseases-conditions/menopause/symptoms-causes/syc-20353397 Accessed Date 4 August 2020

What Are the Signs and Symptoms of Menopause? https://www.nia.nih.gov/health/what-are-signs-and-symptoms-menopause Accessed Date 4 August 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 24/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။