အမျိုးသမီး ၁၀ယောက်မှာ ၂ယောက်က ဖြစ်တတ်ပါတယ်။ အသက် ၂၀ ဝန်းကျင်မှာ ပိုဖြစ်တတ်ပါတယ်။ အသက်ကြီးလာလေလေ ဖြစ်နိုင်ချေ နည်းလေလေပါပဲ။
အရေးကြီးလား၊ ဆရာဝန်နဲ့ ပြရမှာလား။
အိမ်မှာ ရေနွေးစိမ်တာ ၂ရက်၊ ၃ရက်လောက်ကြာတာတောင် မသက်သာရင် ဒါမှမဟုတ် နာတာ မသက်သာရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။
နောက်တစ်ခုက သင်က အသက် ၄၀ကျော်၊ မိန်းမကိုယ်နားမှာ အလုံးပေါ်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြပါ။ ဖြစ်နိုင်ချေနည်းပေမယ့် ကင်ဆာရောဂါ ဟုတ်မဟုတ် စစ်ဆေးဖို့လိုပါတယ်။
မကုဘဲထားလို့မရဘူးလား။
မကုဘဲထားရင် အစပိုင်းတော့ သက်သာသလို၊ ပျောက်သလို ရှိပေမယ့် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရှင်းပျောက်အောင် ကုလိုက်တာ အကောင်းဆုံးပါ။
ဘယ်လိုကုလို့ရမလဲ။
များသောအားဖြင့်တော့ ကြီးကြီးမားမား ကုစရာ မလိုဘဲ အိမ်မှာ ရေနွေးစိမ်တာလောက်နဲ့တင် ၂ရက် ၃ရက်လောက်နေရင် သက်သာသွားမှာပါ။ လက္ခဏာ မပြဘူးဆိုရင်ပေါ့။
အလုံးကလည်း ကြီးတယ်၊ နာလည်းနာတယ်၊ ပိုးဝင်ပြီး ပြည်တည်နေပြီဆိုရင်တော့
- ရေနွေးစိမ်တာ – ရေနွေးနွေးထဲမှာ ထိုင်တာပါ။ တစ်နေ့ကို အခေါက်များများ ထိုင်နိုင်ရင် ပိုကောင်းပါတယ်။
- အရည်အိတ်ကို ခွဲစိတ်တာ
- ပိုးသတ်ဆေးတွေနဲ့ ကုသတာ
- Marsupialization လို့ ခေါ်တဲ့ အရည်တွေထွက်ဖို့ ဘေးကနေ အပေါက်လေး လုပ်ပေးတာ
- ဒါတွေနဲ့မှ မရရင်တော့ ဂလင်း တစ်ခုလုံးကို ထုတ်ပစ်တာ (နောက်တစ်ဖက်ကျန်သေးလို့ မစိုးရိမ်ပါနဲ့။ များသောအားဖြင့်လည်း တစ်ဖက်တည်းဖြစ်တာများပါတယ်။)
ခွဲပြီးသွားရင်လည်း ရေနွေးထိုင်ပါ။ အနာသက်သာအောင် ဆရာဝန်ညွှန်ကြားချက်နဲ့ အကိုက်အခဲပျောက်ဆေးသောက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။