home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိန်းမကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်

မိန်းမကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်

မိန်းကလေးတစ်ယောက် စမတ်ကျကျလှပဖို့ဆိုရင်လှအောင်ပြင်တတ်ရုံနဲ့မပြီးပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုသလို စမတ်ကျကျဝတ်စားတတ်ပြီး အနံ့အသက်ဆိုးတွေကင်းစင်ဖို့လည်းလိုအပ်မှာပါ။ မိန်းကလေးတွေရဲ့ သင်းပျံ့တဲ့ကိုယ်နံ့ကလည်း စွဲဆောင်မှုရှိတဲ့အရာတွေထဲကတစ်ခုပေါ့။ သင်းပျံ့တဲ့ကိုယ်သင်းနံ့နဲ့ စမတ်ကျလှပတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင် အခုပြောပြမယ့်အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်လေးက အသုံးဝင်မှာပါ။

အကျိုးပြုဘက်တီးရီးယား

ဘက်တီးရီးယားဆိုတာနဲ့ ခန္ဓါကိုယ်အတွက် မကောင်းတာဘဲဖြစ်စေတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ အကျိုးပြုစေနိုင်တဲ့ ဘက်တီးရီးယားတွေလည်းရှိပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီဘက်တီးရီးယားလေးတွေက မိန်းမကိုယ်ထဲကို တခြားသော အန္တရာယ်ရှိတဲ့ ပိုးမွှားတွေမဝင်ရောက်အောင်၊ မိန်းမကိုယ်ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းပေးပါတယ်။

Vaginal Prebiotics (မိန်းမကိုယ်အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်) ဆိုတာ

နားလည်လွယ်အောင်ပြောပြရရင် Vaginal Prebiotic ဆိုတာက အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးပါ။ မိန်းမကိုယ်ကို အနံအသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကိုပေါက်ဖွားစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးဖို့အတွက် အထောက်အကူပြုပေးပါတယ်။

မိန်းမကိုယ်ရဲ့လုပ်ငန်းစဉ်

မိန်းမကိုယ်ရဲ့လုပ်ငန်းစဉ်အနေနဲ့ သန့်စင်ပြီး အနံ့အသက်တွေကင်းဝေးနေအောင် ဒီအကျိုးပြုဘက်တီးရီးယားတွေက အက်ဆစ်ထုတ်လုပ်ပြီး ပြင်ပက ပိုးမွှားတွေမဝင်လာအောင်တားမြစ်ပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားတွေ ဆက်လက်ရှင်သန်နေဖို့အတွက် မိန်းမကိုယ်မှာ သူတို့အတွက် အာဟာရဓါတ်ရှိနေဖို့ လိုအပ်ပါတယ်။

Vaginal prebiotic ရဲ့ အသုံးဝင်ပုံ

ဒီလိုမိန်းမကိုယ်လေးကျန်းမာစေဖို့အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝနေစေဖို့ လုပ်ဆောင်လို့ရတဲ့နည်လမ်းတွေမှာ ဆေးသောက်တာထက် မိန်းမကိုယ်မှာလိမ်းရတဲ့ဂျယ်လ် ဒါမှမဟုတ် မိန်းမကိုယ်ဆေးရည်အသုံးပြုရင် ပိုအဆင်ပြေမှာပါ။ ပါးစပ်ကနေ Prebiotics တွေသောက်သုံးမှုက မိန်းမကိုယ်မှာဖြစ်တဲ့ ပြဿနာတွေကင်းဝေးစေဖို့ အထောက်အကူမဖြစ်စေဘူးလို့ လေ့လာမှုတွေအရသိရပါတယ်။ ဆေးရည် ဒါမှမဟုတ် ဂျယ်လ်ပုံစံ မိန်းမကိုယ်သုံးပစ္စည်းတွေကိုသုံးပေးလို့ရပါတယ်။ ဒီလိုအသုံးပြုပေးတာက မိန်းမကိုယ်ခြောက်သွေ့ယားယံတာ၊ မှိုစွဲတာ နဲ့ မိန်းကိုယ်က အနံ့အသက်ဆိုးတွေထွက်တာအပြင် အခြားသောပြဿနာတွေကို ကင်းဝေးစေမှာပါ။

Vaginal Prebiotic ကို ဘယ်လိုအချိန်မှာ အသုံးပြုမလဲ

မိန်းမကိုယ်မှာ ရောဂါတွေကူးစက်ဖြစ်ပွားမှု မကြာခဏဖြစ်ပွားနေတာကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုက Vaginal Prebiotic အသုံးပြုတာပါ။ တကယ်လို့သင့်အနေနဲ့ မကြာခဏဆိုသလို မိန်းမကိုယ်မှိုစွဲတာ၊ အနံ့အသက်ဆိုးတွေဖြစ်တာ၊ခြောက်သွေ့ယားယံတာမျိုးတွေခံစားနေရမယ်ဆိုရင်တော့ Vaginal Prebiotic ကိုအသုံးပြုပေးဖို့ လိုအပ်နေပါပြီ။

သင့်အနေနဲ့ အောက်ပါအခြေအနေတစ်ရပ်ရပ်နဲ့တိုက်ဆိုင်နေခဲ့မယ်ဆိုရင်လည်း Vaginal Prebiotic သုံးဖို့လိုအပ်တယ်လို့ ပြောလို့ရပါတယ်။­

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

When to use a Vaginal Prebiotichttps://bloomwoman.com/vaginal-prebiotic/ Accessed Date 10 September 2018

Vaginal Prebioticshttps://bloomwoman.com/stop-recurrent-infections/ Accessed Date 10 September 2018

6 Crucial Foods for a Healthier Vaginahttps://www.glamour.com/story/foods-for-vaginal-health Accessed Date 10 September 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။