home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ

ရာသီသွေးဆင်းတာက စိတ်အနှောင့်အယှက်ကောင်းပေမယ့် မလာရင်လည်း အဆင်မပြေပြန်ဘူးနော်။ နောက်ထပ်သတိထားရမှာတစ်ခုက ရာသီလာချိန်မှာ စားရမယ့် အစားအစာတွေနဲ့ မစားသင့်တာတွေပါနော်။ အစားအစာက လူနဲ့တည့်တယ်ဆိုပေမယ့် ရာသီလာချိန်မှာ အချို့အစားအစာတွေကနေရထိုင်ရပိုခက်စေနိုင်ပါတယ်နော်။ ကဲ ဒီတော့ ရာသီလာနေချိန်မှာ ဘာတွေစားလို့ ဘာတွေမစားရဘူးလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

ဘာတွေစားမလဲ

ဆယ်လ်မွန်

ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ omega-3 fatty acids ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ နာကျင်မှုလျော့ပါးသက်သာစေချင်ရင် ဆယ်လ်မွန်ငါးစားပေးပါ။

ငှက်ပျောသီး

စားရတာလွယ်ပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။

အနက်ရောင်ချောကလက်

အချိုနည်းတဲ့ အနက်ရောင်ချောကလက်က ရာသီလာချိန်မှာ စိတ်ခံစားမှုကောင်းစေသလို နာကျင်ကိုက်ခဲမှုကိုပါသက်သာစေနိုင်တာပါနော်။ ရာသီလာချိန်မှာ အနက်ရောင်ချောကလက် နည်နည်းလောက်စားပေးလို့ရပါတယ်။

ပန်းဂေါ်ဖီစိမ်း

အမျှင်ဓာတ်နဲ့ သံဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ်သွေးဆင်းတာကြောင့် သံဓာတ်ဆုံးရှုံးတာကို သက်သာစေနိုင်ပါတယ်။ လေပွတာကိုလည်း သက်သာစေနိုင်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်နေစေပါတယ်။

ဖရဲသီး

ဖရဲသီးမှာပါတဲ့ သဘာဝအချိုဓာတ်က ရာသီလာတာကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့အင်အားတွေကိုဖြည့်ပေးပါတယ်။ ဗီတာမင် ကြွယ်ဝစွာပါဝင်တာကြောင့်လေပွတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုသက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းစေနိုင်ပါတယ်။

ဥအမျိုးမျိုး

ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာတစ်မျိုးပေါ့။ ကြက်ဥအနှစ်မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပျော်ဝင်နိုင်တဲ့အဆီ၊ ဗီတာမင်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ Fatty Acid နဲ့ ပရိုတင်းတို့ပါဝင်နေတာကြောင့် ရာသီလာချိန်မှာ ခန္ဓာကိုယ်ကို အားအင်ပြည့်နေစေမှာအသေအချာပါ။ ကြက်ဥကို မကျက်တကျက်လေးပြုတ်ပြီး စားပေးပါနော်။

ဘာတွေရှောင်ရမလဲ

အချိုရည်တွေ

အချိုကဲတဲ့ အချိုရည်တွေ၊ ဆိုဒါလိုမျိုးသောက်စရာတွေက ရာသီလာစဉ်မျာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို လိုအပ်တဲ့ရေဓာတ်ရရှိစေမှုမှာ အဟန့်အတားဖြစ်စေတာကြောင့် ရာသီလာနေချိန်မှာ အချိုရည်တွေမသောက်ပါနဲ့။

ပြုပြင်ထားတဲ့အစားအစာတွေ

အငန်ဓာတ်ပါဝင်မှုကြောင့် ဗိုက်ထဲမှာ မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အငန်ကဲတဲ့အစားအစာတွေ၊ ပြုပြင်ထားတဲ့အစားအစာတွေကို မစားဖို့ပြောပါရစေနာ်။

ဆီကြော်စာတွေ

အဆီများတဲ့အစားအစာတွေက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ပြောချင်တာကတော့ ရာသီလာချိန်မှာ သက်သောင့်သက်သာဖြစ်နေစေဖို့ အဆီများတဲ့ အစားအစာတွေကိုရှောင်ပေးပါနော်။

ကဖင်း

ကိုယ်တွင်းသံဓာတ်စူပ်ယူမှုကိုထိခိုက်စေနိုင်တာကြောင့် ရာသီလာချိန်မှာ လက်ဖက်ရည်၊ ကော်ဖီတွေကိုကြိုက်တယ်ဆိုရင်တောင် မသောက်ပါနဲ့။ လက်ဖက်သုပ်လေးလည်းရှောင်ပါနော်။

အစပ်များတဲ့အစားအစာတွေ

အစပ်များတဲ့အစားစအာတွေက လေပွတာ၊ ဝမ်းသွားတာမျိုးတွေကိုဖြစ်စေနိုင်သလို ရာသီလာချိန်ခံစားရတဲ့ဝေဒနာတွေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစပ်တွေမစားဖို့လည်းပြောပါရစေနော်။

ကဲ…. ခန္ဓာကိုယ်မှာရာသီလာတာကြောင့် ဝေဒနာခံစားရသက်သာစဖို့ ဒီအစားအစာလေးတွေကို စားပေးပါနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

14 Foods to Eat (and Avoid) on Your Period https://thethirty.byrdie.com/best-foods-to-eat-on-your-period Accessed Date 10 March 2019

What Foods to Eat and Avoid on Your Period https://flo.health/menstrual-cycle/lifestyle/diet-and-nutrition/foods-to-eat-on-period Accessed Date 10 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။