မိန်းမကိုယ်ပိုးဝင်တာနဲ့ ရောဂါဖြစ်တာတွေကို ဘယ်လိုကာကွယ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မိန်းမကိုယ်ပိုးဝင်တာနဲ့ ရောဂါဖြစ်တာတွေဟာ နာကျင်တာ၊နေမထိထိုင်မသာဖြစ်တာနဲ့ ရောင်ရမ်းတာ၊ယားယံတာတွေကို ဖြစ်စေနိုင်သလို နေ့စဉ်လှုပ်ရှားသွားလာမှုကိုလည်း ထိခိုက်စေပါတယ်။ ဒီတော့ ဒါမျိုးတွေ မကြုံတွေ့ရလေအောင် ဘယ်လိုကာကွယ်မလဲ။ ဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ရင် သင်ပိုသိလာမှာပါ။

၁။အဝတ်အစား ရွေးချယ်မှု မမှန်ကန်ရင်လည်း မိန်းမကိုယ်ရောဂါတွေနဲ့ ပိုးဝင်တာကို ဖြစ်စေနိုင်တယ်

မအံ့ဩသွားပါနဲ့။ တကယ်တမ်းကျတော့ အဝတအစားကို မှန်မှန်ကန်ကန်ရွေးချယ်မယ်ဆိုရင် သင့်ကို ဒီလိုအခြေအနေကနေ ကာကွယ်မှုတောင်ပေးဦးမှာပါ။ သက်တောင့်သက်သာရှိတဲ့ အတွင်းခံအဝတ်အစားတွေ (အထူးသဖြင့် ချည်ထည်တွေ)ကို ဝတ်ဆင်ပါ။ တကယ်လို့ သင်ဟာ ဇာလေးတွေပါတာကို မဝတ်ရမနေနိုင်ပါဖူးဆိုရင် အနည်းဆုံးတော့ ပေါင်ခွကြားနေရာမှာ ချည်အသားပါတဲ့ အတွင်းခံမျိုးကိုတော့ ဝတ်ဆင်ပါ။ အမျိုးသမီးလစဉ်သုံး အောက်ခံပစ္စည်းတွေဟာ ယောနိမှာ yeast မှိုစွဲမှုကို ပိုပြီးဖြစ်စေတာကြောင့် သူတို့ကို ရှောင်ရှားပါ။ ဘာလို့လဲဆိုတော့ yeast မှိုတွေဟာ အစိုဓါတ်များတဲ့ နေရာတွေမှာ အရမ်းကို မြန်မြန်ဆန်ဆန် ပေါက်ပွားကြီးထွားလာနိုင်လို့ပဲ ဖြစ်ပါတယ်။
ခပ်ကျပ်ကျပ် အတွင်းခံတွေကို နေ့စဉ်မဝတ်ပါနဲ့။ ဒါ့အပြင် nylon pantyhose နဲ့synthetic leotards အသားတွေဟာလည်း ခန္ဓါကိုယ်က စစ်ထုတ်ပေးလိုက်တဲ့၊ထွက်လာတဲ့ အရည်တွေကို စုပ်ယူနိုင်စွမ်း မရှိတာကြောင့် သူတို့ကိုလည်း နေ့စဉ် မဝတ်သင့်ပါဖူး။
ကိုယ်ကာယလေ့ကျင့်ခန်း ဒါမှမဟုတ် အားကစား လုပ်ပြီးတဲ့အခါ သင့်အဝတ်အစားတွေဟာ ချွေးတွေနဲ့ ရွှဲနစ်စိုထိုင်းနေတာမို့ ဘောင်းဘီအသစ်တထည်နဲ့ အမြန်လဲပါ။ စိုထိုင်းပြီး ချွေးတွေနဲ့ နစ်နေတဲ့ အားကစားဘောင်းဘီ ဒါမှမဟုတ် စိုနေတဲ့ ရေကူးဝတ်စုံဟာ ဘက်တီးရီးယားတွေနဲ့ yeast တွေအတွက်တော့ ကြယ်ငါးပွင့် ဟိုတယ်ကြီးပဲ ဖြစ်ပါတယ်။

၂။ အနံ့ကောင်းအောင် သုံးတဲ့ ပစ္စည်းတွေကို ဝေးဝေးရှောင်ပါ။

ရနံ့သင်းစေတဲ့ ပစ္စည်းလေးတွေဟာ သင့်ကို သုံးချင်လာအောင် ဆွဲဆောင်နေပေမယ့် ဒီပစ္စည်းတွေဟာ သင်ကို နာကျင်ယားယံတာ၊ပိုးဝင်တာနဲ့ ရောဂါတွေကိုသာ လက်ဆောင်ပေးမှာပါ။ အတိအကျပြောရရင် မိန်းမကိုယ်အတွင်းပိုင်းကို ဆေးတဲ့ ပစ္စည်းတွေ၊အနံ့သင်းတဲ့ ပေါင်ဒါတွေ၊ အနံ့ပါတဲ့ tampons ေတွ နဲ့ အမျိုးသမီးသုံး ဖြန်းဆေးတွေဟာ ဓါတုဗေဒပစ္စည်းတွေ နဲ့ အမွှေးနံ့သာတွေ အများအပြားပါဝင်တာမို့ ဘက်တီးရီးယားတွေ ပျော်ပျော်ကြီးပေါက်ဖွားဖို့ ပတ်ဝန်းကျင်ကို ကောင်းကောင်းကြီး ဖန်တီးပေးနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ပစ္စည်းတွေကို သုံးစွဲမယ်ဆိုရင် သင့်မိန်းမကိုယ်ရဲ့ သဘာဝအခြေအနေကို ထိခိုက်စေတဲ့အတွက် ပိုးဝင်တာ နဲ့ ရောဂါ အများအပြားကို ဖြစ်စေပါတယ်။

၃။ ကိုယ်လက်သန့်စင်တဲ့ ပုံစံမှားနေတာ

အမျိုးသမီး အများအပြားဟာ အိမ်သာတက်ပြီး ကိုယ်လက်သန့်စင်တဲ့ အခါမှာ အနောက်ကနေ အရှေ့ကို( ဆိုလိုတာက စအိုကနေ ယောနိဆီကို ) သန့်စင်လေ့ရှိကြပါတယ်။ အမှန်တကယ်က ယောနိကနေ စအိုဖက်ဆီကို သန့်စင်ရမှာဖြစ်ပါတယ်။ ဒီလို မဟုတ်ဖူးဆိုရင် စအိုနားတဝိုက်မှာ ရှိတဲ့ ဘက်တီးရီးယားတွေ ယောနိထဲဝင်ပြီး သင့်အနေနဲ့ မိန်းမကိုယ်ပိုးဝင်တာ အစရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

၄။အိပ်ရေးဝဝ အိပ်ပါ

ဒီအချက်ဟာ မိန်းမကိုယ်ပိုးဝင်တာနဲ့ ရောဂါတွေဖြစ်ပွားတာတွေကို ကာကွယ်ပေးနိုင်တဲ့ အဓိက အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အိပ်ရေးဝဝ အိပ်ခြင်းဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်လို့ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အိပ်ရေးတွေပျက်တာများနေမယ် ဒါမှမဟုတ် အိပ်ယာထဲမှာ လှဲနေပေမယ့် အိပ်မပျော်နိုင်ဖူးဖြစ်နေမယ်ဆိုရင် သင့်ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်အနေနဲ့ အင်အားပြည့်ပြည့်ဝဝ မရနိုင်တဲ့အတွက် ရောဂါတွေကို ခုခံတိုက်ဖျက်နိုင်စွမ်း လျော့နည်းနေမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သင်အိပ်ရေးမဝတဲ့အခါ သင့်ခန္ဓါကိုယ်က သူ့အလုပ်တွေကို ပုံမှန်အတိုင်း ကောင်းကောင်းမလုပ်နိုင်တော့ပါဖူး (ဥပမာ မိန်းမကိုယ်မှာ ပုံမှန်ရှိရမယ့် အက်စစ်ဓါတ်ပမာဏကို တည်တည်ငြိမ်ငြိမ်ရှိနေအောင် ထိန်းပေးထားပြီး yeast မှိုတွေ ပေါက်ပွားနှုန်းကို လျော့နည်းနှေးကွေးစေတာမျိုး)။ ဒါကြောင့် သင့် စိတ် နဲ့ ခန္ဓါ(မိန်းမကိုယ် အပါအဝင်ပေါ့) ကျန်းမာနေစေဖို့ အိပ်ရေးဝဝအိပ်စက် အနားယူဖို့ အရမ်းကို အရေးကြီးပါတယ်။

တကယ်လို့ သင့်အနေနဲ့ မိန်းမကိုယ်မှာ ကူးစက်ပိုးဝင်တယ် ဒါမှမဟုတ် ရောဂါအခြေအနေတစ်ခုခု ဖြစ်နေတယ်လို့ ထင်ရင် နှောင့်နှေးမနေဘဲ နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို အမြန်ပြသသင့်ပါတယ်။ ဒါမှသာ သင့်တော်မှန်ကန်တဲ့ အကြံဉာဏ် နဲ့ ကုသမှုတွေကို ရရှိခံယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုသတိထားသင့်တာက မိန်းမကိုယ်မှာ ဖြစ်တဲ့ ပြဿနာအားလုံးဟာ ရောဂါလက္ခဏာပြတာ မဟုတ်တဲ့အတွက် သင့်အနေနဲ့ ရောဂါလက္ခဏာတွေ ပေါ်လာမှပြတာထက် နှစ်လတစ်ခါ တန်သည် သုံးလတစ်ခါတန်သည် ဆိုသလို ဆေးခန်းမှာ ပုံမှန်ပြသစစ်ဆေးမှုခံယူရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ...

ရေးသားသူ Ye Myo Myat

လိင်မဆက်ဆံပဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

လိင်ဆက်ဆံခြင်းဟာ ပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ အကြာကြီး လိင်မဆက်ဆံပဲနေမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ကောင်းတာလား ဆိုးတာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read