home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဓမ္မတာလာချိန် မှန်ချင်တယ်ဆိုရင်

ဓမ္မတာလာချိန် မှန်ချင်တယ်ဆိုရင်

မိန်းကလေးတွေတိုင်း တစ်လတစ်ကြိမ် မဖြစ်မနေ ကြုံတွေ့ရတဲ့ ကိစ္စကတော့ ရာသီလာခြင်းပါပဲ။ တချို့ မိန်းကလေးတွေကတော့ ရာသီလာချိန်ဟာ ရက်အတိအကျဖြစ်ပေမယ့် တချို့မှာတော့နောက်ကျတာတွေစောတာတွေဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် အနည်းနဲ့အများတော့ စိတ်ညစ်ရတာပါပဲ။ မမျိုးဥကြွေပြီးနောက်နေ့ဟာ ရာသီလာရက်ပါပဲ။ ရာသီလာချိန် မမှန်တဲ့အခါမှာ စိတ်အပြောင်းအလဲမြန်တာတွေ၊ ဗိုက်အောင့်တာတွေနဲ့ခြေလက်မသယ်ချင်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီပုံမှန်လာဖို့အတွက်ဆေးသောက်တာတွေ အပြင် အစားအစာတွေနဲ့လည်းပြုလုပ်လို့ ရပါတယ်။ ဘယ်လိုအစားအစာတွေက ကူညီပေးနိုင်မလဲဆိုတာ ဖတ်ကြည့်ပါဦး။

သားမျိုးဥအိမ်ထဲမှာ ရှိတဲ့သွေးကြောလေးတွေဟာ အရမ်းကိုသေးငယ်လွန်းပါတယ်။ သူတို့လေးတွေဟာ ပျက်စီးလွယ်ပါတယ်။ကောင်းမွန်တဲ့သွေးလည်ပတ်မှု မရှိခြင်း၊ အဝလွန်ခြင်းနဲ့ ကိုလက်စထရော ပမာဏ များခြင်းတွေဟာ သားဥအိမ်မှာ ရှိတဲ့သွေးကြောတွေကို ပိတ်ဆို့ထားခြင်းတွေဖြစ်နိုင်ပြီးသွေးစီးဆင်းမှုနဲ့ဟော်မုန်းတွေကိုပြောင်းလဲစေပါတယ်။ ဒီအခါမှာ ရာသီလာတာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ ဒါတွေကိုပြေလည်အောင်ဖြေရှင်းပေးနိုင်မယ့် အစားအစာကတော့ အိုမီဂါ ၃ အက်ဆစ်ပါ။ သူက ရာသီသွေး ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ တူနာငါး၊ ဆယ်လ်မွန်ငါးတွေအပြင် တခြားငါးတွေကနေလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ရာသီသွေး အချိန်မှန်မှန်မလာဘူးဆိုရင် ငါးစားပေးပါ။

ကိုယ်ခန္ဓါကိုယ်ဟာ ပရိုတင်းဓါတ်ပြည့်ဝရဲ့လားဆိုတာ မကြာခဏ စစ်ဆေးပါ။ ပရိုတင်းဓါတ်ပြည့်မပြည့်ဆိုတာကို သိရှိနိုင်မယ့်ယေဘုယျ လက္ခဏာကတော့ အားအင်ကုန်ခမ်းခြင်းနဲ့ဖြူဖတ်ဖြူရော်ဖြစ်ခြင်းတွေပါပဲ။ ပရိုတင်းဓါတ် မပြည့်ဝတာက ရာသီလာချိန် မမှန်စေပါဘူး။ ပရိုတင်းဓါတ် ရရှိစေမယ်ဆိုရင်estrogen ရရှိပြီးဟော်မုန်းနဲ့သွေးစီးဆင်းမှုကို အထောက်အကူပြုတာကြောင့် ရာသီ အချိန်မှန်မှန် လာစေပါတယ်။ ရာသီအချိန်မှန် လာတာက ကိုယ်ဝန်ရနိုင်ချေကိုလည်းမြင့်တက်စေပါတယ်။မြေပဲ၊ ဗာဒံစေ့၊ ကြက်ဥပြုတ်၊ ဆာဒင်းငါးတွေမှာ ပရိုတင်းပါဝင်ပြီးestrogenကိုလည်းပေးစွမ်းနိုင်တာကြောင့် ရာသီပုံမှန်လာစေမှာပါ။မြေပဲမှာestrogen ခပ်များများ ပါဝင်တာဟာ တခြား အစားအစာတွေထက် ရာသီလာခြင်းကို ပိုပြီး အားပေးကူညီနိုင်ပါတယ်။

ဗီတာမင် ဒီကတော့ အစားအစာတွေကနေ ရရှိဖို့ အနည်းငယ်ခက်တယ်ဆိုပေမယ့် နို့ထွက်ပစ္စည်း၊ တူနာ၊ ကြက်ဥတွေကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီ လုံလုံလောက်လောက် ရရှိမယ်ဆိုရင် ရာသီပုံမှန်လာစေပါတယ်။ ဒါဟာနေရောင်ခြည်က ရရှိတဲ့ ဗီတာမင်ဒီနဲ့ အတူတူပါပဲ။ တစ်ပတ်ကို အနည်းဆုံး (၂ကြိမ်ကနေ ၃ ကြိမ်) အထိနေရောင်ခြည် (၁၀) မိနစ်လောက် ထိတွေ့တာက ဗီတာမင်ဒီ ရရှိစေပါတယ်။ ဒီလို ရရှိမယ်ဆိုရင် ရာသီ ပုံမှန်လာစေဖို့အတွက် အထောက်အကူပြုမယ့် ဗီတာမင်ဒီကို ရရှိပါပြီ။

ဒါကြောင့် ကိုယ်က ရာသီပုံမှန်လာသူ မဟုတ်ဘူးဆိုရင်တော့ အစားအစာတွေနဲ့ ကုသလို့ ရရှိနိုင်ပါတယ်။ ကိုယ်နေ့တိုင်း စားတဲ့ အစားအစာတွေက ခန္ဓါကိုယ်အတွက် လိုအပ်ပြီးဟော်မုန်းအားကောင်းစေမယ့်estrogenကောင်းမွန်စေတဲ့ အစားအစာတွေဖြစ်ဖို့တော့ လိုပါတယ်။ ဗီတာမင်ဒီလေးလည်း ရအောင်နေရောင်ခြည်ကနေ ယူနော်။ ဒါဆိုရင်တော့ ”ဒီလ ရာသီလာတာနောက်ကျလို့” ဆိုတဲ့ စကားကိုပြောဖို့လိုမှာ မဟုတ်တော့ပါဘူးနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Eaindray Kha မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။