အွန်လိုင်းပေါ်မှာကြော်ငြာနေတဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 19, 2020 . 3 mins read
Share now

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ မိန်းမကိုယ်ရဲ့ကျုံ့ဆန့်နိုင်အားကိုလျော့နည်းစေတာက ကလေးမီးဖွားခြင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ အသက်အရွယ်ကြောင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ပြောင်းလဲမှုကြောင့်ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်၊ သားဖွားလမ်းကြောင်း မတင်းရင်းတော့တဲ့အခါ အိမ်ထောင်ရေးသုခကို မရရှိနိုင်ဘဲ မိသားစုပြဿနာတွေဖြစ်လာနိုင်တယ်လို့ ယူဆကြတာကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေအတော်များများက ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်းရှာကြပါတယ်။

ဒါပေမယ့် သဘာဝတရားအရဖြစ်လာတာမို့ အားနည်းချက်လိုမျိုး စိုးရိမ်နေဖို့တော့မလိုပါဘူး။ ယောကျာ်းပစ်သွားမှာ၊ အိမ်ထောင်အဆင်မပြေမှာစိုးပြီး ပြန်လည်နုပျိုတင်းရင်းမှုကိုပြန်ရနိုင်ဖို့ နည်းလမ်းမှားတွေကို လိုက်လုပ်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ မိန်းမကိုယ် ပြန်လည်တင်းရင်းလာဖို့အတွက် မိန်းမကိုယ်ကျဉ်းဆေးခရင်မ် သုံးတာအပါအဝင် နည်းလမ်းတွေအများကြီးရှိပါတယ်။ အာရှမှာ ဒီအတွက် သီးသန့် အဖြစ် သဘာဝဆေးဖက်ဝင်တွေနဲ့ထုတ်လုပ်ထားတဲ့ဆေးနည်းတွေကိုသုံးကြပါတယ်။

အာရှမှာပြီးခဲ့တဲ့နှစ်တွေအတွင်း မိန်းမကိုယ်ကျဉ်းဆေးတွေကို ခရင်မ်၊ ဆေးတောင့် နဲ့ medicate stick၊ ဆပ်ပြာ၊ စတဲ့ ပုံစံအမျိုးမျိုးနဲ့ဝင်လာကြပါတယ်။ အရည်အသွေးကတော့ တချို့မှာပဲရလဒ်ကောင်းပြီး တချို့မှာမကောင်းပါဘူး။

Varginal tightening creamတွေဟာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေကနေထုတ်လုပ်ထားလို့ ၁၀၀ ရာခိုင်နှုန်းဘေးကင်းတယ်လို့တော်တော်များများက ထင်ကြပါတယ်။ အခုဆိုရင် vaginal tightening cream အဖြစ်နဲ့ကြော်ငြာနေတဲ့ အွန်လိုင်းဈေးကွက်ထဲက မိန်းမကိုယ်ကျဉ်းဆေး ကုန်ပစ္စည်းတွေလည်းအများကြီးရှိနေပါတယ်။ ဒါပေမယ့် ဘေးကင်းတယ်လို့ ကြော်ငြာထားကြတဲ့ပစ္စည်းတွေအကုန်လုံးက ဘေးမကင်းနိုင်ပါဘူး။

တကယ်တော့ Vaginal tightening cream တွေ ၊ gel တွေဆိုတာ ဓာတုပစ္စည်းတွေအပြည့်ပါဝင်နေတာဖြစ်ပြီး အသုံးပြုသူနဲ့ ဓာတ်မတည့်တာတွေ၊ နီရဲရောင်ရမ်းတာတွေဖြစ်စေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ထဲက ဘက်တီးရီးယားထိန်းညှိမှုကိုပြောင်းလဲစေခဲ့ရင် မိန်းမကိုယ်ရောင်ရမ်းခြင်း သို့မဟုတ် မှိုပိုးဝင်ခြင်းဖြစ်လာစေနိုင်ပါတယ်။ အမျိုးသမီးသုံးပစ္စည်းတွေဟာ ဟော်မုန်းကမောက်ကမဖြစ်ခြင်းအန္တရာယ်လည်း ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာ လိင်ကတဆင့်ကူးစက်တဲ့ရောဂါ STD တစ်မျိုးမျိုးရှိနေတယ်ဆိုရင် ဒီဆေးတွေကြောင့် လက္ခဏာပိုဆိုးလာနိုင်ပါတယ်။

မိန်းမကိုယ်ဟာ ခန္ဓာကိုယ်မှာ နုနယ်ပြီးထိခိုက်လွယ်တဲ့ အစိတ်အပိုင်းဖြစ်လို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ ကလေးမွေးဖွားပြီးနောက်ပိုင်း နဂိုမူလအတိုင်းနီးပါးပြန်တင်းရင်းချင်တယ်ဆိုရင် ဒီလိုဆေးတွေ၊ ပစ္စည်းတွေဝယ်သုံးဖို့က လွယ်သလိုဈေးပေါတဲ့ ပစ္စည်းတွေလည်းရှိနေပါတယ်။ ဒါပေမယ့် သူတို့ကဖော်ပြထားသလို တကယ်ဘေးကင်းပါ့မလား။ ခံစားရနိုင်တဲ့အန္တရာယ်တွေထဲမှာ အများအားဖြင့်အောက်ပါဘေးထွက်ဆိုးကျိုး ၅ ခုပါဝင်နိုင်ပါတယ်။

နီရဲရောင်ရမ်းခြင်း

မိန်းမကိုယ်ကျဉ်းဆေးတွေက ဓာတုပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။ Manjakani အဆီအနှစ်နဲ့ ထုတ်လုပ်ထားတယ်ဆိုရင်တောင်မှ ဒီလိုပါနေနိုင်ပါတယ်။Manjakani ဟာ ကလေးမီးဖွားပြီးနောက်ပိုင်း မိန်းမကိုယ်ကိုပြန်လည်တင်းရင်းစေဖို့ သုံးကြတဲ့ရှေးခေတ်ဆေးနည်းတစ်ခုဖြစ်ပါတယ်။

ဒီလို ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ကို အတွင်းရောအပြင်ပါ နီရဲရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဆီးသွားရင်၊ လမ်းလျှောက်ရင်၊ ထိုင်ရင် နာကျင်ရတတ်ပါတယ်။

ဓာတ်မတည့်မှု

ပိုဆိုးတာကဆေးရဲ့ပါဝင်ပစ္စည်းတစ်ခုခုကို ဓာာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခဲ့ရင် ယားယံတာ၊ နီရဲလာတာ၊ အကွက်တွေဖြစ်တာ စတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာမျိုးတွေက အရေပြားမှာဖြစ်တာတောင် အတော်ခံစားရတတ်တာ၊ မိန်းမကိုယ်အထဲမှာဆိုရင် မတွေးရဲစရာပါ။ အရမ်းကို ခံရခက်ပြီး နာကျင်ရမှာအသေအချာပဲ။

ရောဂါပိုးဝင်ခြင်း

ဒီလိုအမျိုးသမီးပစ္စည်းတွေ၊ ဆေးတွေက ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း(BV) နဲ့ မှိုပိုးဝင်ခြင်း ဖြစ်နိုင်ခြေပိုများစေပါတယ်။ ခရင်မ်နဲ့တင်မကဘဲ မိန်းမကိုယ်ထဲကို ပြင်ပအရာဝတ္ထုတစ်ခုခု(ဥပမာ medicate stick)ထည့်သွင်းခြင်းက မိန်းမကိုယ်အတွင်းpH ထိန်းညှိမှုကို ပျက်ယွင်းစေပါတယ်။ မိန်းမကိုယ်အတွင်းကဘက်တီးရီးယားထိန်းညှိမှုကို ပြောင်းလဲစေတာကြောင့်ရောဂါပိုးဝင်လွယ်စေတာဖြစ်ပါတယ်။

ဟော်မုန်းကမောက်ကမဖြစ်ခြင်း

မိန်းမကိုယ်ကျဉ်းဆေးတွေက endocrineဟော်မုန်းစနစ်ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒီစနစ်မှာ သားဥအိမ်၊ သိုင်းရွိုက်ဂလင်းနဲ့ pituitary ဂလင်းတို့ပါဝင်ပါတယ်။

ဒီဂလင်းတွေက ဟော်မုန်းထုတ်ပေးတာဖြစ်ပြီး သူတို့မှာအပြောင်းအလဲဖြစ်လာတာ ဒါမှမဟုတ် ထိခိုက်ပျက်စီးလာရင်ဟော်မုန်းတွေအတွက် စိုးရိမ်စရာရှိလာပါတယ်။

STD နောက်ဆက်တွဲဆိုးကျိုးများ

ဒီဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ STDရောဂါလက္ခဏာတွေကို ဖုံးကွယ်သလိုဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်တင်းရင်းစေတဲ့ခရင်မ်တွေက အနံ့အသက်ကင်းစေတဲ့အာနိသင်ပါရှိတာကြောင့် STDကြောင့်ဖြစ်လာတဲ့အနံ့ကို လျော့ကျစေပါတယ်။ ရလဒ်အနေနဲ့က ကိုယ့်မှာ STDတွေရှိနေရင်တောင် ရှိမှန်းမသိနိုင်လောက်တော့ပါဘူး။

ဒါနဲ့ပဲ ကုသမှုခံယူဖို့နှောင့်နှေးစေပါတယ်။ သေချာမကုသရင် STD တစ်မျိုးမျိုးကြောင့်ယောနိမှာ ထိခိုက်မှုပိုများစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသူနဲ့လိင်ဆက်ဆံရင်းလည်း ရောဂါကူးစက်ပြန့်ပွားနိုင်ပါသေးတယ်။

မိန်းမကိုယ် တင်းရင်းစေမယ့် သဘာဝနည်းလမ်း

ဈေးကြီးပြီး ကုန်ကျစရိတ်များတဲ့ဆေးတွေ၊ ခရင်မ်တွေသုံးမယ့်အစား ခါးအောက်ပိုင်းလေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ယောနိလမ်းကြောင်းက နံရံတွေကို ကျုံ့ဆန့်အားပိုကောင်းစေပါလိမ့်မယ်။

Kegel လို့ခေါ်တဲ့လေ့ကျင့်ခန်းတွေက အထိရောက်ဆုံးပါပဲ။ Kegel လုပ်ရင် တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကို ညှစ်လိုက်ဖြေလျှော့လိုက် လုပ်ရတာကြောင့် ဒီလေ့ကျင့်ခန်းကို များများလုပ်လေ မိန်းမကိုယ် ပိုတင်းရင်းလေဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုရင် ဆီးကိုအောင့်ထားသလို ယောနိဝနဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကိုစက္ကန့်ပိုင်းလောက် ညှစ်ထားပြီးဖြည်းဖြည်းပြန်ဖြေလျှော့ရပါမယ်။ တစ်နေ့ သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ လှဲနေရင်း၊ ထိုင်နေရင်း၊ မတ်တပ်ရပ်နေရင်း ပုံစံသုံးမျိုး တစ်လှည့်စီလုပ်နိုင်ပါတယ်။

နောက်ထပ်သတိထားသင့်တာက မိန်းမကိုယ်မှာ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မလိမ်း မသုံးသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် နုနယ်တဲ့ ဒီဧရိယာမှာ နောက်ဆက်တွဲထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီတော့ လိမ်းဆေးခရင်မ်တွေ၊ ဂျယ်လ်တွေရဲ့ ဆိုးကျိုးတွေကိုရှောင်နိုင်စေဖို့ သဘာဝနည်းနဲ့သာ ကြိုးစားကြည့်ကြပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ကိုယ်ဝန်ဆောင် မယ်ဆိုရင် အိမ်ထောင်သည်တွေ အနေနဲ့ ရာသီစက်ဝန်းအကြောင်း၊ သားဥကြွေရက်အကြောင်း၊ ဂျူးဒိတ်တွေအကြောင်း သိထားဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက်ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read