brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ကဘာလဲ။

  • ကျောက်ကပ်အရည်အိတ်တည်ခြင်းဆိုတာ ကျောက်ကပ်ထဲမှာ အရည်တမျိုးနဲ့ ပြည့်နေတဲ့ အိတ်လေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်မျက်နှာပြင်ပေါ်မှာ ဖြစ်ဖြစ်၊ ကျောက်ကပ်ထဲမှာဖြစ်ဖြစ် ဖြစ်ပေါ်တတ်ပါတယ်။ ဒီပြသနာဟာ ကျောက်ကပ်လုပ်ငန်းတွေ ဆိုးရွားစွာ ထိခိုက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အများစုကတော့ ကင်ဆာမဟုတ်တဲ့ သာမန်အရည်အိတ်များ နောက်ဆက်တွဲ ပြသနာတွေကြုံရတာ ရှားပါတယ်။
  • ကျောက်ကပ်နှစ်ဖက်စလုံးမှာ ဖြစ်တတ်ပြီး ကျောက်ကပ်ပျက်စီးခြင်း နောက်ဆုံးအဆင့်ကို ထင်ရှားသိသာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
  • စောစောပိုင်း အဆင့်တွေမှာတော့ ဘာလက္ခဏာမှ မပြပါဘူး။ ဝမ်းဗိုက်ပိုင်းကို ပုံရိပ်ဖော်စစ်ဆေးရာကနေ မမျှော်လင့်ဘဲ တွေ့မိတတ်တာမျိုး ဖြစ်ပါတယ်။
  • Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

    ဒီပြသနာဟာ တွေ့ရများပါတယ်။ အမျိုးသမီးများထက် အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။

    ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

    ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    လက္ခဏာများ

    Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    သာမန် ကျောက်ကပ်အရည်အိတ်တည်ခြင်းဟာ လက္ခဏာ မပြတတ်ပါဘူး။ အရည်အိတ်ကြီးလာရင်တော့ အောက်ပါလက္ခဏာတွေ ဖြစ်လာပါတယ်။

    • နောက်ကျော သို့ ဘေးတွင် နာကျင်ခြင်း
    • ဖျားခြင်း
    • ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း

    အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    PasteTextHere

    အကြောင်းရင်းများ

    Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    • စက်နဲ့ကျောက်ကပ်သွေးသန့်စင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒီ၂ခုရဲ့ ဆက်စပ်မှုက သိပ်မသေချာပေမယ့် လေ့လာမှုတွေအရ ကျောက်ကပ်အရည်အိတ်တည်ခြင်းကို ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။
    • လေ့လာချက်အချို့အရ ကျောက်ကပ်သန့်စင်ချိန်မှာ မဖယ်ရှားနိုင်တဲ့ အမျိုးအမည်မသိတဲ့ စွန့်ပစ်ပစ္စည်းတွေက အရည်အိတ်တွေကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ကျောက်ကပ်သန့်စင်ခြင်း သက်သက်နဲ့တော့ မဖြစ်ပွားတတ်ပါဘူး။

    ဖြစ်နိုင်ခြေများ

    Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

    • အမျိုးသားဖြစ်ခြင်း (ကျား၇ မ၁ အချိုးအစား)
    • ကျောက်ကပ်သန့်စင်ချိန် ကြာမြင့်ခြင်း
    • အာဖရိကနွယ်များ
    • အရည်အိတ်သွေးယိုခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    အောက်ပါစစ်ဆေးမှုတွေ ပါဝင်ပါတယ်။

    • ပုံရိပ်ဖော်စစ်ဆေးမှုများ။ အာထရာဆောင်း၊ CT scan၊ MRI စတာတွေ ပါဝင်ပါတယ်။ ကျောက်ကပ်အရည်အိတ်လား၊ အကျိတ်လား ခွဲခြားနိုင်ပါတယ်။
    • ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း။ သွေးစစ်ဆေးရာကနေ အရည်အိတ်ဟာ ကျောက်ကပ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို ထိခိုက်နေခြင်း ရှိမရှိ သိရှိနိုင်ပါတယ်။

    Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    လက္ခဏာတွေ မပြရင်၊ ကျောက်ကပ်လုပ်ငန်းတာဝန်ကို မထိခိုက်ရင် ကုသဖို့ မလိုအပ်ပါဘူး။ သာမန် အရည်အိတ်များဟာ အလိုလို ပျောက်သွားတတ်ပါတယ်။

    သာမန်အရည်အိတ်များကနေ လက္ခဏာတွေ ပြနေရင်တော့ ကုသမှုလိုနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေ ပါဝင်နိုင်ပါတယ်။

    • ရောဂါပိုးဝင်ခြင်းတွေကို ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါတယ်။
    • အရည်အိတ်ကို ဖောက်ထုတ်ပြီး အယ်လ်ကိုဟောနဲ့ ဖြည့်နိုင်ပါတယ်။ အရည်အိတ်ကို ကျုံ့သွားအောင် ရှည်လျားသေးသွယ်တဲ့ အပ်နဲ့ အရေပြားကတဆင့် ကျောက်ကပ်အရည်အိတ်နံရံကို ဖောက်ထုတ်ပြီး ကုသနိုင်ပါတယ်။ အရည်တွေ ပြန်မစုနိုင်အောင် အယ်လ်ကိုဟောကို ထိုးသွင်းပါတယ်။
    • အရည်အိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း။ ပိုမိုကြီးမားပြီး လက္ခဏာပြနေတဲ့ အရည်အိတ်များကိုတော့ ခွဲစိတ်ပြီး ဖယ်ရှားနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ အရေပြားပေါ်မှာ ခွဲစိတ်ရာ အသေးလေးတွေပေးပြီး အထူးကိရိယာများနဲ့ ဗီဒီယိုကင်မရာကို ထည့်သွင်းပါလိမ့်မယ်။ ခွဲစိတ်ခန်းထဲမှာ ဗီဒီယိုကြည့်ရာကနေ ကိရိယာလေးများရဲ့ အကူအညီနဲ့ ခွဲစိတ်ဆရာဝန်ဟာ အရည်အိတ်ကို ဖောက်ထုတ်နိုင်ပါတယ်။ ပြီးရင်ါ အိတ်ရဲ့နံရံကို ဖြတ်တောက်နိုင် လောင်စားစေနိုင်ပါတယ်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ကျောက်ကပ်အရည်အိတ်တည်ခြင်း အတွက် အထောက်အကူ ပြုသလဲ

    အောက်ပါ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ကျောက်ကပ်အရည်အိတ် ကုကွယ်ကုသဖို့ အထောက်အကူ ပြုပါတယ်။

    ကျောက်ကပ်အရည်အိတ် ကာကွယ်ဖို့ တိကျတဲ့ စားသောက်မှု ကာကွယ်မှုပုံစံ မရှိပါဘူး။ ယေဘုယျအားဖြင့် ကျောက်ကပ်သန့်စင်တဲ့ လူနာတေါအတွက် စွန့်ပစ်ပစ္စည်းတွေ စုဝေးခြင်းက ကာကွယ်ဖို့ စီမံထားတဲ့ စားသောက်မှုပုံစံတွေ ရှိပါတယ်။ အဲဒီစားသောက်မှုပုံစံတွေကို တိကျစွာ လိုက်နာဖို့ လိုအပ်ပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Dr. Thant Zin
    Dr. Thant Zin
    Written byDr. Thant Zinအထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
    13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။