ဆီးအိမ်ရောဂါများ

ဆီးအိမ်ရောဂါများ ဖြစ်စေတဲ့အကြောင်းရင်း၊ အမျိုးအစားများ၊ လက္ခဏာ၊ ကုသနည်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးအိမ်ရောဂါများ

ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

ဆီးအိမ် ဆိုတာ ကျုံ့နိုင်ဆန့်နိုင်တဲ့ အိတ်လိုပါပဲ။ ဆီးတွေကို စုစည်းပြီး တင်းတာတဲ့အခါ အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒီဆီးအိမ်လေးမှာ ရောဂါများစွာ များနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဆီးအိမ်မှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကို တစ်ချက်လေ့လာကြည့်ရအောင်လား။ ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါများ ဆီးအိမ် ရောင်ခြင်း ဆီးအိမ်ရောင်ရခြင်းရဲ့ အဓိက အကြောင်းတွေကတော့ ဆီးပိုးဝင်တာ၊ ဆီးပိုက်ကို မလဲဘဲ အကြာကြီး တပ်ထားတာ၊ ဓာတ်ရောင်ခြည်သင့်တာ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး၊ မိန်းမကိုယ်ကို ထိခိုက်စေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို အလွန်အကျွံ သုံးစွဲတာ စတာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ ဆီးခဏခဏ သွားချင်တာ၊ ဆီးသွားမဝတာ၊ ဆီးနောက်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးအနံ့ပြင်းတာ၊ ဆီးစပ်ကိုက်တာ စတာတွေ  ခံစားရနိုင်ပါတယ်။ ဆီးမထိန်းနိုင်ခြင်း ဆီးမထိန်းနိုင်တဲ့ပြဿနာက အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် […]

ဆီးအိမ်ရောဂါများ ကို ရှာဖွေမည်။

ဆီးအိမ်ရောဂါများ

ကလေးလည်း မဟုတ်ဘဲ အိပ်ကောင်းတုန်း ညဘက်အိပ်ရာထဲ ဆီးတွေသွားမိတာ ဘာကြောင့်လဲ ။ ။

တစ်ချို့ဖြစ်ဖူးကြမှာပါ။ အသက်က တော့ ၂၀ ကျော်နေပြီ ညဘက် အိပ်ရာထဲ သေးပေါက်ချမိနေတုန်း။ အိပ်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီး သန့်ရှင်းရေး လုပ်ရတာလောက် အသဲပေါက်ဖို့ကောင်းတာ မရှိပါဘူး။ ပုံမှန်ဆို အသက်ကလေး ရလာပြီ ၁၀ နှစ်ကျော်လာပြီဆိုတာနဲ့ အိပ်ရာထဲမှာ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ လူနည်းစုမှာတော့ နေ့တိုင်း မဟုတ်တောင် ၁လ တစ်ခါ ၂ လတစ်ခါ ( ဒါမှမဟုတ်) ၁ပတ်၁ ခါ အိပ်ရင်းနဲ့ ဆီးတွေသွားမိတာ ရှိတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ရောဂါတစ်ခုခုကြောင့် ဖြစ်နေရတာလား ။ ။ အိပ်ရင်းနဲ့ အိပ်ရာထဲ ဆီးသွားမိတဲ့ အကြောင်းအရင်းများ ။ ။ Antidiuretic hormone ဆီးမသွားချင်အောင်ထိန်းတဲ့ ဟော်မုန်း ပုံမှန် မဟုတ်ခြင်း ။ ။ Antidiuretic […]


ဆီးအိမ်ရောဂါများ

Prolapsed bladder (ဆီးအိမ်ကျွံခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ကဘာလဲ။ ဆီးအိမ်ဆိုတာ ဆီးများသိုလှောင်သော ခန္ဓါကိုယ် ဝမ်းဗိုက်အောက်ပိုင်းရှိ အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ထိုထဲတွင် ဆီးများပြည့်လာပါက ဆီသွားလိုခြင်းဆန္ဒကို ဖြစ်စေပါတယ်။ ဆီးဟာ ဆီးအိမ်မှ အပြင်ဘက်သို့ ဆီးလမ်းကြောင်းကို ဖြတ်၍ စွန့်ပစ်ပါတယ်။ အမျိုးသမီးများတွင် မိန်းမကိုယ် အရှေ့ဘက်နံရံသည် ဆီးအိမ်ကို ခိုင်ခံ့စေပါတယ်။ အသက်ကြီးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ သားအိမ်ထုတ်ခြင်း၊ စသည်တို့ဟာ ဆီးအိမ်နံရံကို လျော့လျဲစေလာပါတယ်။ ထိုသို့ လျော့လျဲလာပါက ဆီးအိမ် သည်မိန်းမကိုယ်ထဲသို့ ကျွံခြင်း ဖြစ်ရပါတယ်။ ထိုအခါ ဆီးသွားရခက်ခြင်း၊ နာကျင်ခြင်း၊ နှာချေ/ချောင်းဆိုး/ညှစ်ခြင်း များပြုလုပ်ပါက ဆီးထွက်ကျခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့နောက် သားအိမ်၊အူ၊ ဝမ်းအိမ် တို့ပါ လိုက်၍ကျွံလာနိုင်ပါတယ်။ ဆီးအိမ်ကျွံခြင်းကို အဆင့် လေးဆင့်ခွဲပါတယ်။ အဆင့် […]


ဆီးအိမ်ရောဂါများ

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ကဘာလဲ။ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဆိုတာ ဆီးအိမ်ရှိဆီးများ ကျောက်ကပ်အတွင်းသို့ပြန်စီးဝင်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဆီးသည် ကျောက်ကပ်မှ ဆီးပြွန် ထိုမှတစ်ဆင့် ဆိးအိတ်အတွင်းသို့ရောက်သည်။ ဆီးအိတ်နှင့် ဆီးပြွန်ကြွက်သား နှင့်အတူ ဆီးအိတ်ရှိ ဆီးဖိအားတို့က ဆီးအားနောက်သို့ပြန်မစီးရန်ကာကွယ်ပေးထားသည်။ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဖြစ်ပါက ဆိးအိတ်ထဲမှဆီးထဲရှိဘက်တီးရီးယားများ ကျောက်ကပ်အတွင်းသို့ရောက်မည်။ ထိုကြောင့် ကျောက်ကပ်ရောဂါပိုးဝင်ပြီး အမာရွတ်ထင်ခြင်းနှင့်ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်နိုင်သည်။   Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ၏ရောဂါလက္ခဏာဖြစ်နိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်သည်ဆိုသော ကလေးသုံးပုံတစ်ပုံတွင် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ရှိနေတတ်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏လက္ခဏာများမှာ ဖျားခြင်း ဆီးပေါက်ချိန်တွင် နာခြင်းသို့မဟုတ် ပူခြင်း ခဏခဏ ဆီးသွားရခြင်း နှင့် ဆီးကျန်သည်ဟုခံစားရခြင်းတို့ဖြစ်တတ်သည်။ ဖျားခြင်းသည် ကလေးငယ်များတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် အခြားကြောင်းရာမရှိပါက အဖျားကြီးနေသောကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုတွေးသင့်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ဆီးအိမ်ရောဂါများ

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ကဘာလဲ။ Interstitial cystitis ဆိုတာ ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂါဖြစ်ပြီး ဆီးအိမ်တွင်း နာကျင်ခြင်း၊ ဖိအားဖြစ်ခြင်း၊ ချက်အောက် ဗိုက်နာခြင်း တို့ရေရှည် ဖြစ်ခြင်းဖြစ်ပါတယ်။ နာကျင်ခြင်းမှာ အသေးစားမှ ပြင်းထန် အထိအမျိုးမျိုးရှိပါတယ်။ ဆီးအိမ်ဟာ ကြွက်သားများဖြင့် ပြုလုပ်ထားသော ဆီးများ သိုလှောင်ထားသည့် အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆီးအိမ်သည် ဆီးများပြည့်သွားပါက ဦးနှောက်ကို ဆီးသွားလိုသည်ဟူသော သတင်းပေးပါတယ်။ ဦးနှောက်နှင့် ဝမ်းဗိုက် အာရုံကြောများဟာ ဆက်နွယ်နေပါတယ်။ ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းဖြစ်ပါက ထိုသို့ ဦးနှောက်သို့ ပို့ဆောင်သော သတင်းများ ရောထွေးသွားပါတယ်။ ဆီးအိမ်တွင်း ဆီးများနည်းနေသော်လည်း ဦးနှောက်သို့ ဆီးသွားလိုသည်ဟူသော သတင်းမှားကို မကြာခဏ ပို့နေတတ်ပါတယ်။ Interstitial cystitis […]


ဆီးအိမ်ရောဂါများ

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ကဘာလဲ။ ဆီးအိမ်ပြိုကျခြင်းဆိုတာ အမျိုးသမီးတွေမှာ ဆီးအိမ်နဲ့ မိန်းမကိုယ်နံရံကြားက ကျားကန်ထားတဲ့ တစ်သျှူးတွေအားနည်းလို့ ဆီးအိမ်က မိန်းမကိုယ်ထဲကို ကျွံလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဆီးခုံရိုးကွင်းအင်္ဂါအစိတ်အပိုင်းတွေကို ကျားကန်ပေးထားရတဲ့ ကြွက်သားတွေ အားစိုက်ရလွန်းတဲ့အခါ ဆီးအိမ်ပြုကျခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုအားစိုက်ရတဲ့ အခြေအနေတွေကတော့ ကလေးမွေးခြင်း၊ ဝမ်းအလွန်ချုပ်ခြင်း၊ ချောင်းအလွန်ဆိုးခြင်းနဲ့ အလေးအပင်မခြင်း တို့ပဲ ဖြစ်ပါတယ်။ သွေးဆုံးပြီးလို့ မဟော်မုန်း ပမာဏကျသွားချိန်မှာလည်း ဆီးအိမ်ပြိုခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ ဆီးအိမ်ပြုကျခြင်းအတွက်ကတော့ ခွဲစိတ်စရာမလိုတဲ့ ကုသနည်းတွေနဲ့ အဆင်ပြေပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာတော့ အင်္ဂါအစိတ်အပိုင်းတွေ နေသားတကျပြန်ဖြစ်ဖို့ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAnterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်။ ဆီးခုံနဲ့ […]


ဆီးအိမ်ရောဂါများ

Bladder Stone (ဆီးအိတ်ကျောက်တည်ခြင်း)

Bladder stones ဆိုတာဘာလဲ။ ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်အတွင်းမှာ သတ္တုအပိုင်းအစလေးတွေ ရှိနေခြင်း ဖြစ်ပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်က ဆီးတွေကို ကုန်စင်အောင်မထုတ်တာကြောင့် ဆီးတွေက ဆီးအိမ်အတွင်း စုပြီး ကျောက်ဖြစ်လာခြင်းဖြစ်ပါတယ်။   Bladder stones ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီအခြေအနေဟာ ဆီးပုံမှန်မသွားတဲ့သူတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက် ၅၀ကျော် အမျိုးသားတွေမှာအဖြစ်အများဆုံး ဖြစ်ပြီး အမျိုးသမီးတွေမှာ အဖြစ်နည်းပါတယ်။   ရောဂါလက္ခဏာများ။ Bladder stones ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Bladder stones ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်အောက်ပိုင်းနာခြင်း၊ အလွန်နာကျင်ခြင်း၊ အမျိုးသားတွေမှာ လိင်တံနာကျင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆီးသွားစဉ် ခက်ခဲခြင်း၊ နာကျင်ခြင်း ဆီး မကြာခဏသွားခြင်း ( အထူးသဖြင့် ညအချိန်) အရောင်ရင့်သော ဆီးသွားခြင်း ဆီးအတွင်း သွေးပါခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် […]


ဆီးအိမ်ရောဂါများ

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ကဘာလဲ။ ဆီးအိမ်ပိုးဝင်ခြင်း(သို့) ဆီးအိမ်ရောင်ရမ်းခြင်း ဆိုသည်မှာ ဆီးအိမ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့ ပြင်းထန်တဲ့ဆီးလမ်းကြောင်းပိုးဝင်မှုမျိုးပဲ ဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ ဒီလိုပိုးဝင်တာကို ပြန်လည်ကုသရာမှာအရမ်းကြာတတ်ပါတယ်။ တစ်ချို့သောဆေးများနှင့်ဓါတ်မတည့်ခြင်း၊ ဓါတ်ရောင်ခြည် ကုသမှုခံယူခြင်းနှင့် တစ်ခြားသောရောဂါတွေရဲ့နောက်ဆက်တွဲအနေနဲ့လည်း ဆီးအိမ်ရောင်နိုင်ပါသေးတယ်။ သင့်တော်တဲ့ကုသမှုတစ်ခု ခံယူလိုက်မယ်ဆိုရင်တော့ ဆီးအိမ်ပိုးဝင်ခြင်းကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ သက်သာစေမှာပါ။ အပြင်းထန်ဆုံးရောဂါလက္ခဏာကတော့ကျောက်ကပ်ပါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဆီးအိမ်ရောင်ရမ်းမှုအတွက်ပုံမှန်ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးခြင်းပဲဖြစ်ပါတယ်။ တခြားဆီးအိမ်ရောင်ခြင်းတွေအတွက် ကုသမှုကတော့ ဖြစ်တဲ့အကြောင်း ရင်းပေါ်မူတည်ပြီးကွဲပြားကြပါတယ်။ Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးအိမ်ပိုးဝင်တာဟာ တော်တော်ကိုအဖြစ်များကြပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ မိန်းကလေးအားလုံးရဲ့၅၀ ရာခိုင်နှုန်း ထက်မနည်းတဲ့ဦးရေဟာ သူတို့ဘဝမှာအနည်း ဆုံးတစ်ကြိမ်တော့ဖြစ်ဖူးကြပါတယ်။ မည်သည့် အသက်အရွယ်မှာ မဆိုဖြစ်နိုင်ပါတယ်။ ယောက်ျားလေးတွေမှာတော့ အသက်ကြီးလာတာနဲ့အမျှ ဆီးအိမ် ပိုးဝင်နိုင်ခြေပိုများလာကြပါတယ်။ အန္တရာယ်ဖြစ်နိုင်တာတွေကိုလျှော့ချခြင်းဖြင့် ပိုးဝင်ခြင်းကိုသက်သာအောင် လုပ်နိုင်ပါတယ်။ […]


ဆီးအိမ်ရောဂါများ

Bedwetting (အိပ်ယာထဲ ဆီးသွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အိပ်ယာထဲ ဆီးသွားတယ်ဆိုတာ ဘာလဲ။ အိပ်ယာထဲဆီးသွားခြင်းဆိုတာ ညအိပ်နေတုန်းမှာ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ ဆေးပညာအသုံးအနှုန်းနဲ့ nocturnal (night time)enuresis လို့ခေါ်ပါတယ်။ အိပ်ယာထဲ ဆီးသွားတာဟာ ရှက်စရာဖြစ်ပေမယ့် ယေဘုယျအားဖြင့်ဆိုးရွားတဲ့ ပြဿနာ၊ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ အိပ်ယာထဲဆီးသွားတာ ဘာလို့ဖြစ်တယ်၊ ဘာလို့ပျောက်သွားတယ်ဆိုတာကို အတိအကျ မသိရှိရသေးပါဘူး။ ဒါဟာ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ တစိတ်တဒေသမျှသာ ဖြစ်ပြီး ကလေးတွေအသက်ကြီးလာတဲ့အခါ ပျောက်သွားလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် အိပ်ယာထဲဆီးသွားတာဟာ စိုးရိမ်ရတဲ့ထူးထူးခြားခြားအကြောင်းရင်းခံ (ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရ) မရှိတတ်ပါဘူး။ အိပ်ယာထဲဆီးသွားတာ တော်တော်နဲ့မပျောက်ဘူးဆိုရင် သင့်အနေနဲ့စိတ်ရှည်သီးခံ၊ နားလည်ပေးပြီး ပြဿနာကို ဖြေရှင်းရပါမယ်။ ဆီးကိုအချိန်နဲ့သွားတဲ့အကျင့် လုပ်ပေးတာမျိုး၊ ဆီးသွားတတ်တဲ့အချိန်ကို မှတ်ထားပြီး လိုက်တည်ပေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကုသတာမျိုး ပြုလုပ်ပေးမယ်ဆိုရင် အိပ်ယာထဲဆီးသွားတာကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ အိပ်ယာထဲဆီးသွားခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ […]


ဆီးအိမ်ရောဂါများ

Cystitis (ဆီးအိမ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cystitis (ဆီးအိမ်ရောင်ခြင်း) ကဘာလဲ။ ဆီးအိမ်ရောင်ခြင်းဆိုသည်မှာ ဆီးအိမ်နှင့် ဆီးစွန့် ပြွန်ထိပ်ပိုင်း ရောင်လာသော (နီရဲပြီး ဖောင်းလာသော) အခြေအနေတစ်ခုဖြစ်သည်။ အများအားဖြင့် ရောင်ရမ်းခြင်း သည် ဘက်တီးရီးယား ကူးစက်မှုကြောင့်ဖြစ်ပြီး ဆီးလမ်း ကြောင်း ရောဂါပိုးကူးစက်မှုဟု ခေါ်သည်။ ဆီးအိမ်တွင် ကူးစက်မှုသည် နာကျင်ပြီး အနှောင့်အယှက်ဖြစ်စေပါသည်။ ကူးစက်မှုသည် ကျောက်ကပ်သို့ ပျံ့နှံ့သွားပါက ဆိုးရွားသော ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ Cystitis (ဆီးအိမ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးအိမ်ရောင်ခြင်းသည် မည်သူမဆို ဖြစ်နိုင်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်သည်။ တစ်ခါ တစ်ရံ ဆီးအိမ်ရောင်ခြင်းသည် နာတာရှည် (ထပ်ကာ ထပ် ကာ ဖြစ်ပွား) ဖြစ်ပြီး ကုသရန် ခက်ခဲလာပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း