backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prolapsed bladder (ဆီးအိမ်ကျွံခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ကဘာလဲ။

ဆီးအိမ်ဆိုတာ ဆီးများသိုလှောင်သော ခန္ဓါကိုယ် ဝမ်းဗိုက်အောက်ပိုင်းရှိ အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ထိုထဲတွင် ဆီးများပြည့်လာပါက ဆီသွားလိုခြင်းဆန္ဒကို ဖြစ်စေပါတယ်။ ဆီးဟာ ဆီးအိမ်မှ အပြင်ဘက်သို့ ဆီးလမ်းကြောင်းကို ဖြတ်၍ စွန့်ပစ်ပါတယ်။ အမျိုးသမီးများတွင် မိန်းမကိုယ် အရှေ့ဘက်နံရံသည် ဆီးအိမ်ကို ခိုင်ခံ့စေပါတယ်။ အသက်ကြီးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ သားအိမ်ထုတ်ခြင်း၊ စသည်တို့ဟာ ဆီးအိမ်နံရံကို လျော့လျဲစေလာပါတယ်။ ထိုသို့ လျော့လျဲလာပါက ဆီးအိမ် သည်မိန်းမကိုယ်ထဲသို့ ကျွံခြင်း ဖြစ်ရပါတယ်။ ထိုအခါ ဆီးသွားရခက်ခြင်း၊ နာကျင်ခြင်း၊ နှာချေ/ချောင်းဆိုး/ညှစ်ခြင်း များပြုလုပ်ပါက ဆီးထွက်ကျခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့နောက် သားအိမ်၊အူ၊ ဝမ်းအိမ် တို့ပါ လိုက်၍ကျွံလာနိုင်ပါတယ်။ ဆီးအိမ်ကျွံခြင်းကို အဆင့် လေးဆင့်ခွဲပါတယ်။

အဆင့် ၁-အသေးစား- ဆီးအိမ်၏ သေးငယ်သော တစ်စိတ်တစ်ပိုင်းသာ ကျွံခြင်း

အဆင့် ၂-အလယ်အလတ်- ဆီးအိမ်ကျွံခြင်းဟာ မိန်းမကိုယ် အဝထိရောက်လာခြင်း

အဆင့် ၃-ပြင်းထန်- ဆီးအိမ်ကျွံခြင်းဟာ ခန္ဓါကိုယ် အပြင်ဘက်သို့ ရောက်လာခြင်း

အဆင့် ၄- တစ်ခုလုံးကျွံခြင်း- ဆီးအိမ် တစ်ခုလုံးဟာ ခန္ဓါကိုယ် အပြင်ဘက်သို့ ကျွံထွက်ခြင်း။ သားအိမ်၊အူ၊ ဝမ်းအိမ် တို့ပါ လိုက်၍ကျွံလာနိုင်ပါတယ်။

Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီး ၄၀% နီးပါးတွင် တွေ့ရပြီး ၁၀% သည် ခွဲစိပ်ကုသရန်လိုသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးအိမ်ကျွံခြင်း ရဲ့ ဦးဆုံးရောဂါလက္ခဏာတွေကတော့ မိန်းမကိုယ်ထဲတွင် တစ်ခုခု ဖိနေသလိုခံစားရခြင်းဖြစ်ပါတယ်။ ထို့နောက်

-ထိုင်နေရင်း ဗိုက်အောက်ဘက်နာခြင်း

-နာကျင်၍ သွေးပါသော အသားတစ်ခုခု မိန်းမကိုယ်မှ ထွက်လာခြင်း

-မိန်းမကိုယ်ထဲ တစ်ခုခု စမ်းမိခြင်း

-ဆီးသွားရ ခက်ခြင်း

-ဆီးကျန်သလို ခံစားရခြင်း

– နှာချေ/ချောင်းဆိုး/ညှစ်ခြင်း များပြုလုပ်ပါက ဆီးထွက်ကျခြင်း

-ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်ခြင်း

-လိင်ဆက်ဆံစဉ် နာကျင်ခြင်း

-လိင်ဆက်ဆံစဉ် ဆီးထွက်ကျခြင်း

-ခါးနာခြင်း

-အဆင့် ၁ သာရှိသေးပါက မည်သည့်လက္ခဏာမှ မခံစားရခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ဆီးအိမ်ကျွံခြင်း ဖြစ်ပွားမှုအကြောင်းရင်းများမှာ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ သားအိမ်၊ ဝမ်းအိမ် တို့ကိုထောက်ပံ့ပေးသော ကြွက်သားများနှင့် အရွတ်များ အားပျော့လာခြင်း ကြောင့်ဖြစ်သည်။

-ကိုယ်ဝန်ဆောင်ခြင်း နှင့် မီးဖွားခြင်းဟာ အဓိကအကြောင်းရင်းဖြစ်သည်။ ထိုသို့ဖြင့် မိန်းမကိုယ်ဝန်းကျင် ကြွက်သားများပါ ဖိအားဒါဏ်ကြောင့် အားပျော့ကာ ဆီးအိမ်ကျွံခြင်း ဖြစ်ပွားပါတယ်။

-အသက်ကြီးခြင်းဖြင့် လည်းကြွက်သားများ အားနည်းလာပါတယ်။

-သွေးဆုံးခြင်း- အမျိုးသမီး ဟော်မုန်း estrogen သည် မိန်းမကိုယ်ဝန်းကျင် ကြွက်သားများကို ခိုင်ခံ့စေပါတယ်။ သွေးဆုံးပါက ထိုဟော်မုန်း မထွက်တော့ပါ။

-ဝမ်းဗိုက်အောက်ပိုင်း ခွဲစိပ်ဖူးခြင်း- ဥပမာ သားအိမ်ထုတ်ခြင်း

ဖြစ်နိုင်ခြေများ

Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဆီးအိမ်ကျွံခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-နာတာရှည် အဆုတ်ရောဂါရှိခြင်း

-အဝလွန်ခြင်း

-ဝမ်းချုပ်ခြင်း

-အလေးအပင်များ မ ရခြင်း၊ ပြင်းထန်စွာ ညှစ်ခြင်း၊

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ ဆီးအိမ်ကျွံခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

အမျိုသမီး လိင်အင်္ဂါဝန်းကျင်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုပါတယ်။ မိန်းမကိုယ်မှ ဆီးအိမ် ကျလာခြင်းကို ဆရာဝန်မှ အတည်ပြုပေးနိုင်ပါတယ်။ မသိသာသော အခြေအနေမျိုးတွင် ဆရာဝန်က voiding cystourethrogram ကိုသုံးနိုင်ပါတယ်။ ဆိုလိုသည်မှာ ဆီးသွားနေရင်း ဓါတ်မှန်အတွဲလိုက်ရိုက်ခြင်း ပဲဖြစ်ပါတယ်။ ထိုသို့ဖြင့် ဆီးအိမ်ပုံသဏ္ဍာန် နှင့် ဆီးအိမ်ကျွံခြင်းဖြစ်ရတဲ့ အကြောင်းရင်းကို သိနိုင်မယ်ဖြစ်ပါတယ်။

အခြားရောဂါများ ဖြစ်မနေရန် ဝမ်းဗိုက် ဓါတ်မှန်ကိုလည်း ရိုက်နိုင်ပါတယ်။ အတည်ပြုပြီးပါက ဆရာဝန်သည် အာရုံကြောများနှင့် ကြွက်သားများ၊ ဆီးသွားအားတို့ကို စမ်းသပ်ကာ သင့်တော်သော ကုသမှုကို ဆုံးဖြတ်ပေးပါလိမ့်မည်။

Urodynamics or video urodynamics ဟူသော စမ်းသပ်မှုသည် ဆီအိမ်အတွင်းရှိ ဖိအားနှင့် ပမာဏ ဆက်နွယ်မှုကို တိုင်းတာပြီး EKG of the bladder ဟုလည်းခေါ်ပါတယ်။ ဆီးလမ်းကြောင်းအထူးကုအတွက် ဆုံးဖြတ်ချက်ချရန် အထောက်အကူ ပြုပါတယ်။

Cystoscopy(ဆီးအိမ်အတွင်းသို့ မှန်ပြောင်းနှင့် ကြည့်ခြင်း) ကိုလည်း သင့်တော် သော ကုသမှုကို ရွေးချယ်ရန်ပြုလုပ်လေ့ ရှိပါတယ်။ ပြင်ပလူနာဌာနတွင် ပြုလုပ်နိုင်ပြီး ဆီးလမ်းကြောင်းအထူးကုက TV ဖန်သားပြင်ကို သုံးပြီး စမ်းသပ်နိုင်ပါတယ်။ ဒီနည်းဟာ ဆိုးကျိုးနည်းပြီး လူအတော်များများ ပြုလုပ်နိုင်ပါတယ်။

Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ကို ဘယ်လိုကုသပါသလဲ

ဆီးအိမ်ကျွံခြင်း အဆင့်ဟာ နာကျင်ခြင်းကို မဖြစ်စေသောကြောင့် ကုသမှုမလိုအပ်သေးပေ။ သို့သော်အလေးအပင် မ ခြင်း၊ညှစ်ခြင်း တို့မပြုလုပ်ပါရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

ပြင်းထန်သော အခြေအနေဖြစ်ပါက ဆရာဝန်က အခြားအချက်များကို ထည့်သွင်းစဉ်းစားပါလိမ့်မယ် ဥပမာ အသက်အရွယ်၊ ကျန်းမာရေး၊ သင့်တော်သော ကုသမှု နှင့် ရောဂါ၏ ပြင်းထန်မှုများ

ကုသနည်းများ

ခွဲစိပ်မှု မလိုသော ကုသနည်းများ

Pessary ကွင်းထည့်ခြင်း- Pessary ကွင်းကို မိန်းမကိုယ်တွင်းထည့်ကာ ဆီးအိမ်ကျွံကျမလာအောင် ထိန်းထားခြင်း ဖြစ်သည်။ ပိုးမဝင်အောင် ထိုကွင်းများကို ပုံမှန် ထုတ်ဆေးကြောခြင်းများ ပြုလုပ်နိုင်ပါတယ်။ အချို့ ကွင်းများဟာ မိမိကိုယ်တိုင် ထုတ်ဆေးကြောနိုင်အောင် ပြုလုပ်ထားကြပါတယ်။

ဆရာဝန်ကတော့ မည်သည့် အမျိုးအစား မဆို ထုတ်ပေးနိုင်ပါတယ်။ မိန်းမကိုယ်နံရံ တိုက်စားခြင်း၊ ပိုးဝင်ခြင်း မဖြစ်အောင် ထိုကွင်းများကို estrogen ခရင်မ် နှင့် တွဲသုံးနိုင်ပါတယ်။ အချို့သူများအတွက် ကွင်းဟာ မကြာခဏ ကျွံထွက်လာတတ်ပါတယ်။

Estrogen ပြန်ဖြည့်ခြင်း- ထိုဟော်မုန်းကို ပြန်ဖြည့်ခြင်းဖြင့် မိန်းမကိုယ်ဝန်းကျင် ကြွက်သားများ ခိုင်ခံ့စေပါတယ်။

ခွဲစိပ်ခြင်း

ပြင်းထန်အဆင့် ဖြစ်ပါက ခွဲစိပ်ဖို့ လိုအပ်ပါတယ်။ မိန်းမကိုယ်ကို ဖြတ်သန်း၍ ခွဲစိပ်ခြင်းကိုပြုလုပ်ပါတယ်။ ကျွံသော ဆီအိမ်ကို ပြန်ထိန်းပြီး နေရာတကျပြန်ထားကာ နံရံကို ခိုင်ခံ့အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

ခွဲစိပ်နည်းကို မူတည်ပြီး မေ့ဆေး၊ ထုံဆေး၊ နေရာတစ်ဝိုက်သာ ထုံအောင်ထိုးခြင်း စသဖြင့် ကွာခြားပါတယ်။ အသေးစားခွဲစိပ်ခြင်းများတွင် ခွဲစိပ်ပြီး သည့်နေ့ပင် အိမ်ပြန်နိုင်ပါတယ်။

ဆီးအိမ်ကျွံခြင်းကို ပြန်ခိုင်ခံ့ရန်သုံးသော ကိရိယာ မျိုးစုံရှိပါတယ်။

စကာပြားကို သုံး၍ ပြုပြင်ခြင်းဟာ ကောင်းကျိုးနည်းကြောင်း ပြောကြပါတယ်။ သို့သော် အချို့နေရာများတွင် သုံးဖို့သင့်တော်ပါတယ်။

ဆရာဝန်က ပြုလုပ်မည့် နည်းလမ်း၏ အားသာချက်၊ အားနည်းချက်များ နှင့် ပြုလုပ်မည့်နည်းလမ်းကို မပြုလုပ်ခင် ရှင်းပြသင့်ပါတယ်။

ခွဲစိပ်ပြီး ခြောက်ပတ်ကြာသော် ပုံမှန် လှုပ်ရှားမှု ပြုလုပ်နိုင်ပါတယ်။ သို့သော် တတ်နိုင်သလောက် ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်သင့်ပါတယ်။

အခြားကုသနည်းများ

Physical therapy

-လျှပ်စစ်ဖြင့် လှုံ့ဆော်ခြင်း- ဆရာဝန်ဟာ probe ကို မိန်းမကိုယ်အတွင်းရှိ ကြွက်သားပေါ်တင်ကာ ထို probe နှင့် ဆက်ထားသော ကိရိယာမှ သေးငယ်သောလျှပ်စစ်များ လွှတ်ခြင်းဖြင့် ကြွက်သားများကို ကျုံ့စေသည်။ ထိုသို့ဖြင့် ကြွက်သားများ ခိုင်ခံ့စေသည်။ အလားတူ ခန္ဓါကိုယ် အပြင်ဘက်ရှိ pudendal အာရုံကြောကိုလည်း ထိုသို့ လှုံ့ဆော်မှု ပေးနိုင်ပါတယ်။

ထိုသိုဖြင့် ဆီးမထိန်းနိုင်ခြင်းကို လည်းကုသပေးပါတယ်။

Biofeedback- အာရုံခံ ကိရိယာလေးကို သုံးကာ မိန်းမကိုယ်ထဲရှိ ကြွက်သားမျာ လှုပ်ရှားမှုကို စစ်ဆေးခြင်းဖြစ်သည်။ ကြွက်သားများ ခိုင်ခံ့စေရန် လေ့ကျင့်ခန်းများ လုပ်နိုင်ပါတယ်။ ထိုသို့ဖြင့် ရောဂါလက္ခဏာများ သက်သာလာစေနိုင်ပါတယ်။ ထို sensor သည် လေ့ကျင့်ခန်းလုပ်စဉ် မိန်းမကိုယ် ကြွက်သားများ ကျုံ့ခြင်းကို စစ်ဆေးနိုင်ပါတယ်။ ထိုသို့ဖြင့် မည်သည့် လေ့ကျင့်ခန်းနှင့် သင့်တော်မည်ကို ဆရာဝန်က ခန့်မှန်းသိနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးအိမ်ကျွံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆီးအိမ်ကျွံခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-အလေးအပင် မ ခြင်းကို ရှောင်ခြင်း

-ညှစ်ခြင်းကို ရှောင်ခြင်း

-Kegel လေ့ကျင့်ခန်းများ-မိန်းမကိုယ်ဝန်းကျင် ကြွက်သားများကို ခိုင်ခံ့စေပါတယ်။ အသေးစားနှင့်အလယ်အလတ် ဆီးအိမ်ကျွံခြင်း တို့ကို ကုသရာမှာ သို့မဟုတ် အခြားကုသနည်းများကို ဖြည့်စွက်ရာမှာ သုံးပါတယ်။

ဆီးအိမ်ကျွံခြင်း ကိုကာကွယ်ရန် အမျှင်ပါသော အစာများစားခြင်း၊ ရေများများသောက်ခြင်းတို့ဖြင့် ဝမ်းချုပ်ခြင်းကို ရှောင်နိုင်ပါတယ်။ ကြာရှည်စွာ ဝမ်းချုပ်ပါက ကုသမှုခံယူသင့်ပါတယ်။

အဝလွန်ခြင်းဟာလည်း ဆီးအိမ်ကျွံခြင်းကို အားပေးပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်တွင် ထိန်းထားသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement