လူ့ခန္ဓါကိုယ်မှာ အသားအရေက အရေးအကြီးဆုံးထဲကတစ်ခုအဖြစ်ပါဝင်တယ်။ ရောဂါပိုးတွေမဝင်ရောက်အောင် ပထမဆုံး ကာကွယ်တားဆီးပေးတဲ့ ခံတပ်တစ်ခုအပြင် လှပခြင်းရဲ့အကြောင်းရင်းခံလည်းဖြစ်ပါတယ်။ လှပပြီးကျန်းမာတဲ့အရေပြားလေးကို ပိုင်ဆိုင်ထားရင် မြင်သူတကာငေးကြည့်လောက်တယ်မဟုတ်လား။