backup og meta

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တဲ့ ကိစ္စက ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ကြုံဖူးတဲ့ ကိစ္စ တစ်ရပ်ပေါ့။ ဖိနပ်ပေါက်တာလား။ ဖိနပ် အသစ်မို့ပါလို့ ပြောမလို့လား…

ဒါဆို မေးစရာရှိတာက ဖိနပ်ကတော့ စီးနေကျပါပဲ။ အရင်က မပေါက်ပါဘူး။ လမ်းများများ လျှောက်လိုက်တဲ့နေကျမှ ဖိနပ်ပေါက်တာမျိုးလေ။ ကြုံဖူးတယ် ဟုတ်။

ဒါဆိုရင် လမ်းလျှောက်များလို့ ဖိနပ်ပေါက်တဲ့အခါ သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ။ ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

လမ်းလျှောက်ရလို့ ဖိနပ်ပေါက်တဲ့အခါ

လမ်းလျှောက်ရလို့ ဖိနပ်ပေါက်တဲ့အခါ

လမ်းလျှောက်တာများလို့ ဖိနပ်ပေါက်ပြီ။ ကိုယ်က နောက်နေ့တွေမှာလည်း သွားစရာ လာစရာတွေက ရှိတယ် ဘယ်လို သက်သာအောင် လုပ်ရပါ့မလဲဆိုပြီး စိတ်ပူနေပြီလား…..

ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေမှာပါ။ ဖိနပ်ဆိုတာက လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အသုံးအဆောင် တစ်ခုပါ။ ဒါပေမယ့် လမ်းလျှောက်ရတာ များလို့ ဖိနပ် ပေါက်ပြီဆိုရင်တော့ အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေ အသုံးပြုလို့ ရပါတယ်။

ဖိနပ်ပေါက်တဲ့အခါ အများဆုံး လုပ်မိတဲ့ နည်းလမ်းက ဖိနပ်ပေါက်စေတဲ့ ဖိနပ်ကို ဆက်မစီးတာပါ။ ဒါပေမယ့် အမြဲလိုလို လမ်းလျှောက်နေရသူတွေအတွက်တော့ ဒီနည်းလမ်းက အဆင်မပြေပါဘူး။

ဒါကြောင့် ဖိနပ်ပေါက်တာ သက်သာစေဖို့ဆိုရင်

  • ဖိနပ်ပေါက်တဲ့နေရာကို antiseptic cream ဒါမှမဟုတ် lotion တစ်ခုခု လိမ်းပါ။
  • ဖိနပ်ပေါက်တဲ့နေရာကို ပလာစတာ မကပ်ပါနဲ့။ အနာက ပိုဆိုးစေနိုင်လို့ပါ။ ကပ်မယ်ဆိုရင်လည်း ဖိနပ်စီးနေတုန်း အရေးပေါ်အနေနဲ့ ကပ်ထားပါ။ အိမ်ရောက်ရင် ခွာလိုက်ပါ။
  • ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုး စီးပါ။ ခြေထောက်ကို လေဝင်လေထွက် ကောင်းအောင် ထားပါ။
  • ဖိနပ်ပေါက်တဲ့ နေရာကို စိုထိုင်းမှု ကင်းစေဖို့အတွက် တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ပိုးသတ်ပေါင်ဒါ ဖြူးပေးပါ။
  • ဖိနပ်ပေါက်တဲ့နေရာက ပူစပ်ပူလောင် ဖြစ်သလို ခံစားရမယ်ဆိုရင် အရေပြားကို ကျန်းမာစေမယ့် ရှားစောင်းလက်ပပ် ဂျယ်လီသားကို လိမ်းပေးပါ။
  • နနွင်းကို ပျစ်ပျစ်လေး ဖျော်ပြီး ဖိနပ်ပေါက်တဲ့ နေရာကို လူးပေးလို့လည်း ရပါတယ်။ ဒါက အနာကျက်စေဖို့ အားမပေးပေမယ့် အနာပိုးမဝင်စေဖို့နဲ့ အမာရွတ် မကျန်စေဖို့တော့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
  • ဆန်မှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ဖိနပ်ပေါက်တဲ့အနာပေါ်မှာ လိမ်းပေးပြီး ခြောက်အောင် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ဒါက ဖိနပ်ပေါက်တာကို ချက်ချင်း သက်သာစေမယ့် နည်းလမ်းပါ။
  • ခြေထောက်ကို ရေမစိမ်ပါနဲ့။ ဒါက ဖိနပ်ပေါက်တဲ့နေရာမှာ ပြည်တည်စေမှာပါ။
  • တမာရွက်ကို ကြိတ်ခြေပြီး နနွင်းမှုန့်နည်းနည်းနဲ့ ခပ်ပျစ်ပျစ်လေး နယ်ပါ။ ရလာတဲ့ အနှစ်ကို ဖိနပ်ပေါက်တဲ့ အနာပေါ် လိမ်းပါ။ ဒါက အနာ ကျက်မြန်စေပြီး အနာပိုးမဝင်စေဖို့ရော အမာရွတ် မကျန်စေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
  • ရေခဲကပ်ပေးပါ။ ဖိနပ်ပေါက်တဲ့ နေရာကို ရေခဲကပ်ပေးတာကလည်း ဖိနပ်ပေါက်တာကို သက်သာစေနိုင်ပါတယ်။
  • ပျားရည် လိမ်းပေးပါ။ ဖိနပ်ပေါက်တဲ့နေရာကို သန့်စင်အောင်ဆေးကြောပြီး ပျားရည် ခပ်ပါးပါးလေး လိမ်းပေးတာကလည်း ဖိနပ်ပေါက်တာကို သက်သာစေနိုင်ပါတယ်။
  • ပျားရည်နဲ့ နှမ်းဆီရောပြီး လိမ်းပေးတာကလည်း ဖိနပ်ပေါက်တာကို ပိုးမဝင်အောင် ကာကွယ်ပေးသလို သက်သာစေမှာပါ။
  • သံလွင်ဆီ လိမ်းပေးပါ။ ဖိနပ်ပေါက်တဲ့ နေရာကို သေချာ သန့်စင်ပြီး သံလွင်ဆီ လိမ်းပေးတာက ဖိနပ်ပေါက်တာကို သက်သာစေမှာပါ။
  • အာလူး သတ္တုရည် လိမ်းပါ။ အာလူး အစိမ်းကို ကြိတ်ခြေလို့ ရလာတဲ့ အရည်ကို ဖိနပ်ပေါက်တဲ့နေရာမှာ လိမ်းပေးတာကလည်း ဖိနပ်ပေါက်တာကို သက်သာစေနိုင်ပါတယ်။

ဖိနပ်ပေါက် တာကို ကာကွယ်လို့ ရလား

လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

ဖိနပ်ပေါက်တာကို ဖြစ်မှ သက်သာအောင် လုပ်တာထက် မဖြစ်ခင်ကတည်းကလည်း ကြိုတင် ကာကွယ်လို့ ရပါတယ်။  ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ် မဟုတ်လား။

လမ်းလျှောက်များလို့ ဖိနပ် မပေါက်စေဖို့ဆိုရင် အခုလိုလေး ကြိုတင် ကာကွယ်လို့ရပါတယ်။

  • ဖိနပ်ကို မစီးခင် ၃ ရက်လောက်ကတည်းက အုန်းဆီ ဒါမှမဟုတ် ကြက်ဆူဆီ လိမ်းပေးထားပါ။ ဒါက ဖိနပ်ကို ပျော့စေပြီး ခြေထောက်ပေါက်စေနိုင်ခြေကို လျှော့ချပေးပါတယ်။  (ဖိနပ်က ဆီလမ်းလို့မရတဲ့ အသားဆိုရင်တော့ မလိမ်းပါနဲ့။)
  • ဖိနပ်ပေါက်စေနိုင်တဲ့ နေရာကို petroleum jelly  နည်းနည်း လိမ်းပေးပါ။ ဒါက ဖိနပ်ပေါက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ မစီးခင်မှာ ဖိနပ်က petroleum jelly  တွေကို အဝတ်စ သန့်သန့်နဲ့ သေချာ သုတ်ပါ။
  • အာလူးစိမ်းကို ပါးပါးလှီးပြီး ဖိနပ်ထဲမှာ တစ်ည ထားလိုက်ပါ။
  • ​နောက်တစ်နည်းက ဖိနပ်ပေါက်စေနိုင်တဲ့ နေရာတွေကို ပလာစတာ ကပ်လိုက်တာပါ။
  • ဖိနပ်ထဲမှာ ဂွမ်းစလေးတွေ ထည့်ထားတာကလည်း ဖိနပ်ပေါက်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ကဲ…လမ်းလျှောက်ဖို့လည်း လိုတယ် ဖိနပ်ပေါက်တဲ့ဒဏ်ကြောင့် မလျှောက်နိုင်မှာလည်း စိုးရိမ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်စေမှာ အသေအချာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Shoe Bite Hacks: 15 Simple Home Remedies To Get Rid of It https://www.medlife.com/blog/shoe-bite-hacks-15-simple-home-remedies-get-rid-it/ Accessed Date 10 February 2021

Shoe Bite Treatment https://wellnesskeen.com/shoe-bite-treatment Accessed Date 10 February 2021

ယခုပုံစံ

30/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခြေနင်းတော် ရွှေဖိနပ်ကြောင့် ခြေထောက်မထိခိုက်စေဖို့ဆိုရင်

ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement