အိမ်တိုင်းမှာ ဟင်းချက်ဖို့အတွက် မြေပဲဆီကိုသုံးကြတာ များပါတယ်။ နှမ်းဆီ က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ခါးသက်သက် အရသာကြောင့် ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် တစ်ခုလို သုံးကြတာ များပါတယ်။
ထွက်မှာ သေချာပြီလား။
အိမ်တိုင်းမှာ ဟင်းချက်ဖို့အတွက် မြေပဲဆီကိုသုံးကြတာ များပါတယ်။ နှမ်းဆီ က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ခါးသက်သက် အရသာကြောင့် ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် တစ်ခုလို သုံးကြတာ များပါတယ်။
ဒီတစ်ခေါက်တော့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုပ်တွေထဲမှာ ထည့်သုပ်လေ့ရှိတဲ့ နှမ်းဆီ လေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ အသုံးများကြတဲ့ နှမ်းဆီ လေးက
နှမ်းဆီ က အခြားသော ဟင်းဆီတွေထက် ပြည့်ဝဆီ ပါဝင်မှု နည်းပါတယ်။ နှမ်းဆီ ၁၀၀ ဂရမ်မှာ monounsaturated fats ၄၀ ဂရမ်၊ polyunsaturated fats ၄၂ ဂရမ် နဲ့ ပြည့်ဝဆီက ၁၄ ဂရမ်သာ ပါဝင်နေပါတယ်။
ဒီလို ပြည့်ဝဆီ ပါဝင်မှု နည်းတာက ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ပါတယ်။ အကြောင်းကတော့ ပြည့်ဝဆီ များတဲ့ အစားအစာတွေ၊ စားသုံးဆီတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေသလို ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုး များလို့ပါ။ မပြည့်ဝဆီ အထူးသဖြင့် polyunsaturated fatty acids (PUFAs) က နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
နှမ်းဆီမှာ ဒီလို polyunsaturated fatty acids (PUFAs) ကြွယ်ဝမှုက သွေးတွင်းအဆီနည်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေး နိုင်မှာပါ။
နှမ်းစေ့လေးက သေးသေးလေး ဆိုပေမယ့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်နေနိုင်ပါတယ်။ နှမ်းမှာ copper၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ် နဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။
နှမ်းမှာပါတဲ့ ဇင့် နဲ့ copper တွေက သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အထောက်အကူ ပြုပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး ဇီဝတွင်းဖြစ်စဉ်ကို ကောင်းစေပါတယ်။ copper ကအရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် အဆစ်တွေ ရောင်ရမ်းတာ နဲ့ လေးဖက်နာ ပြဿနာကို သက်သာစေနိုင်ပါတယ်။ အရိုးတွေ သန်မာစေဖို့လည်း အားဖြည့်ပေးပါတယ်။
နှမ်းဆီမှာ အပင်တွေကနေ ရတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ lignans ပါဝင်နေပါတယ်။ ဒီ ဒြပ်ပေါင်းက ဓာတ်တိုးဆန့်ကျင် အာနိသင် ရှိနေတာပါ။ ဒါတင်မကသေးပါဘူး နှမ်းဆီမှာ ဗီတာမင် E နဲ့ အခြားခြားသော ဓာတ်တိုးပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ ကျန်းမာရေးအတွက်ရော အလှအပ အတွက်ပါ အသုံးတည့် ပါတယ်။
ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ နှမ်းဆိကို ပုံမှန် စားသုံးပေးမယ်ဆိုရင် သွေးတိုး သက်သာစေနိုင်သလို သွေးတိုးရောဂါ မရှိသူတွေမှာလည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
နှမ်းဆီက ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အသားအရေ လှပမှုအတွက် အသုံးပြုပေးလို့ရပါတယ်။ အရေပြားကို အစိုဓာတ် ထိန်းပေးသလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ အရွယ်တင် နုပျိုစေပြီး ဘက်တီးရီးယားကြောင့် ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေကို သက်သာစေပါတယ်။
အရေပြားကို နှမ်းဆီ လိမ်းပြီး နှိပ်နယ်ပေးတာက နွေးထွေးစေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။
နှမ်းဆီမှာ tyrosine လို့ခေါ်တဲ့ အမိုင်နိုဆက်ဆစ် တစ်မျိုး ပါဝင်နေပါတယ်။ ဒီ အမိုင်နိုဆက်ဆစ်က စီရိုတိုနင်ဟော်မုန်း အပေါ် သက်ရောက်မှု ရှိနေပြီး စိတ်ခံစားမှု ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။
နှမ်းဆီကို စားသုံးပေးတာက စိတ်ခံစားမှု အပေါ် တိုက်ရိုက် သက်ရောက်နေတဲ့ စီရိုတိုနင် ဟော်မုန်း ထွက်ရှိမှုကို အထောက်အကူ ပြုပေးတာကြောင့် စိတ်ခံစားမှုကောင်းစေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်စေဖို့ ကာကွယ်ပေး ပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Sesame Oil Benefits Blood Pressure https://www.webmd.com/hypertension-high-blood-pressure/news/20030428/sesame-oil-benefits-blood-pressure Accessed Date 9 July 2020
What Are the Benefits of Using Sesame Oil on Your Skin? https://www.healthline.com/health/beauty-skin-care/sesame-oil-for-skin Accessed Date 9 July 2020
7 Amazing Sesame Oil Benefits: Natural SPF, Stress Buster & More https://food.ndtv.com/food-drinks/7-sesame-oil-benefits-an-antioxidant-natural-spf-stress-buster-more-1237049 Accessed Date 9 July 2020