backup og meta

အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 10/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

    တစ်ခုခု ထိခိုက်မိပြီး အနာဖြစ်ဖူးတဲ့သူ၊ ဒဏ်ရာရဖူးတဲ့သူတွေ ရှိကြပါသလား။ လူတိုင်းဖြစ်ဖူးကြမှာပါ။ မတော်တဆထိခိုက်မိလို့ပဲဖြစ်ဖစ်၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်တာပဲဖြစ်ဖြစ် အကုန်လုံးက ထိခိုက်ဒဏ်ရာကနေ ပြေးမလွတ်ပါဘူး။ ဒီလို ထိခိုက်တဲ့အခါ အနာကပ်ပလာစတာ ကပ်ကြတယ်ဟုတ်။ ဒါဆိုရင်တော့ အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ သိထားဖို့ လိုမယ်နော်။

    အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

    ဒဏ်ရာသေးရင်တော့ အနာကပ်ပလာစတာသာ ကပ်ကြပြီး ၊ ဒဏ်ရာကြီးရင်တော့ ပတ်တီးစည်းတတ်ကြပါတယ်။ ပတ်တီးစည်းရတဲ့ အဆင့်လောက်ဆို အနာက တော်တော်လေးကြီးနေပြီမို့ ဆေးခန်းသွားပြီး ကုမှရတာပါ။ အဲဒီအခါကျရင် ဆရာဝန်က ပတ်တီးစည်းရင်လုပ်သင့်တဲ့ရှောင်ရန်ဆောင်ရန်တွေ တစ်ခါတည်းပြောလိုက်မှာပါ။

    အနာကပ်ပလာစတာ က ကျတော့ ကိုယ့်ဘာသာ အိမ်မှာပဲ လွယ်လွယ်ဝယ် သုံးနေကြတဲ့ အတွက် သူနဲ့ ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကျတော့ မသိတာ ဖြစ်တတ်ကြပါတယ်။ ဒဏ်ရာမြန်မြန်ကျက်ချင်လို့၊ ပိုးမဝင်စေချင်လို့ အနာကပ်ပလာစတာ သုံးခါမှ အသုံးမတတ်လို့ ပိုဆိုးသွားတဲ့ အနာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အနာကပ်ပလာစတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။ ။

    ဆောင်ရန် အချက်များ။ ။

  • အနာကပ်ပလာစတာ ဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်လိုက်တဲ့ အနာကပ်ပလာစတာဘူးရဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ကြည့်ဖို့ မမေ့ပါနဲ့။
  • အနာကပ်ပလာစတာအခွံပြဲနေရင် ဆက်မသုံးပါနဲ့တော့။
  • လက်ကို ပိုးသေအောင် သေချာဆေးပြီးမှ အနာကပ်ပလာစတာ ကိုကိုင်ပါ။
  • ဆေးရှိတဲ့နေရာနဲ့ အနာကိုသေချာထိအောင်ချိန်ပြီးမှ အနာကပ်ပလာစတာကပ်ပါ။
  • မိုးရာသီ ( ဒါမှမဟုတ်) အနာနဲ့ ရေနဲ့ထိနိုင်တဲ့ အခါမျိုးဆိုရင် ရေစိုခံ အနာကပ်ပလာစတာကို ရွေးသုံးပါ။
  • အနာကပ်ပလာစတာ ညစ်ပေသွားရင်၊ ရေစိုသွားရင် လဲလှယ်ပါ။
  • သုံးပြီးသား အနာကပ်ပလာစတာ တွေကို တွေ့ရာနေရာမှာလျှောက်မထားဘဲ စနစ်တကျ လွှင့်ပစ်ပါ။
  • ရှောင်ရန် အချက်များ။ ။

    • အနာကပ်ပလာစတာ နဲ့ အသားကြားထဲမှာ နေရာလွတ် ရှိမနေသင့်ပါဘူး။
    • အပြင်က ပိုးတွေ မဝင်အောင်၊ အနာကျက် မြန်အောင် အနာကပ်ပလာစတာ ကပ်ရမယ်ဆိုပြီး တစ်ချိန်လုံးကြီး ကပ်မထားပါနဲ့။ ဖုန်ထူတဲ့နေရာ တွေ ၊ အပြင်တွေ သွားရင်တော့ ပလာစတာ မဖြစ်မနေ ကပ်ထားသင့်ပြီး ညဘက် အိမ်ပြန်ရောက်ရင်တော့ ပလာစတာကို ခွာပြီးမှ အိပ်ပါ။ အနာကို ပြင်ပက အောက်ဆီဂျင်နဲ့ ထိတွေ့ပေးဖို့လည်း လိုသေးတယ်လေ။
    • အနာကို အနာကပ်ပလာစတာ ကပ်ရင် တင်းတင်းကျပ်ကျပ် မစည်းပါနဲ့။ အနာဆီကို သွေးတွေ မရောက်နိုင်ရင် အနာကျက်တာလည်း နှေးသွားနိုင်တဲ့ အတွက်ကြောင့်ပါ။
    • အနာကို ကြည့်ချင်လို့ဆိုပြီး ပလာစတာကို သွားခွာလိုက်၊ ပြန်ကပ်လိုက် မလုပ်သင့်ပါဘူး။ အနာကို ဆွပေးသလို ဖြစ်လို့ ပိုးတွေဝင်ပြီး အနာကျက် နှေးတတ်ပါတယ်။
    • အနာကျက်ခါနီးရင် အနာယားတတ်တာ ထုံးစံဖြစ်တဲ့ အတွက် အနာကပ်ပလာစကာ အပေါ်ကနေ အနာကို လက်နဲ့ ကိုင်တာမျိုး၊ ကုတ်တာမျိုးတွေက မလုပ်သင့်တဲ့အရာတစ်ခုပါ။

    ခုပြောပြခဲ့တာတွေကတော့ အနာကပ်ပလာစတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေ ဖြစ်ပါတယ်။ လူတိုင်းက အနာတွေ၊ ဒဏ်ရာတွေနဲ့ မကင်းနိုင်တဲ့အတွက် ခုပြောပြတဲ့ အချက်လေးတွေက တစ်နေရာရာမှာ အသုံးဝင်မယ်လို့ ထင်ပါတယ်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 10/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement