COVID-19 ပိုးကို ထိန်းချုပ်နိုင်မယ့် သောက်ဆေးပေါ်ထွက်လာတော့မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 10, 2020 . 2 mins read
Share now

လတ်တလောမှာ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ COVID-19 ကူးစက်ရောဂါဆိုးကြီးကို ဟန့်တားဖို့ သိပ္ပံပညာရှင်တိုင်းက ကြိုးပမ်းနေကြတာပါ။ ဒါကြောင့်လည်း ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ဖန်တီးထုတ်လုပ်မှုတွေအကြောင်းကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားသိနေရပါတယ်။

တိုးတက်မှုတွေရှိသလို ပြီးပြည့်စုံစွာ မအောင်မြင်သေးတာတွေလည်း ထုနဲ့ထေးပေါ့။ ခုချိန်မှာလည်း အမေရိကန်ပြည်ထောင်စု၊ အတ္တလန်တာအခြေစိုက် ဂျော်ဂျီယာပြည်နယ်တက္ကသိုလ်ရဲ့ Institute for Biomedical Sciences ကနေ ထူးခြားတဲ့ ဆေးဝါးတစ်မျိုးဖန်တီးနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

အဆိုပါဆေးဝါးဟာ သောက်ဆေးတစ်မျိုးဖြစ်ပြီး ကူးစက်ရောဂါတွေကို ကာကွယ်နှိမ်နင်းဖို့အတွက် တီထွင်ဖန်တီးခဲ့တဲ့ ဆေးဝါးတစ်မျိုးပါ။ တီထွင်ဖန်တီးခဲ့သူတွေရဲ့ ကြေညာချက်အရဆိုရင်တော့ ဒီဆေးဝါးဟာ တုပ်ကွေးရောဂါမျိုးစိတ်တွေနဲ့ SARSMERS နဲ့ SARS-CoV-2 စတဲ့ coronaviruses တွေကို ထိမ်းချုပ်ကုသနိုင်တယ်လို့ ဆိုထားပါတယ်။ SARS-CoV-2 ဆိုတာက COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တာမို့ လူသားတွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

MK-4482/EIDD-2801 သို့မဟုတ် Molnupiravir လို့ နာမည်ပေးထားတဲ့ အဆိုပါဆေးဝါးဟာ သုတေသနရလဒ်တွေအရ SARS-CoV-2 အပါအဝင် ရောဂါပိုးမွှားတွေကို ၂၄ နာရီအတွင်း ပြန့်နှံ့မှုထပ်မံအဖြစ်အောင် ထိမ်းချုပ်နိုင်စွမ်းရှိတယ်လို့ Institute for Biomedical Sciences က သုတေသနပညာရှင်တွေကဆိုထားပါတယ်။

ဒီဆေးဝါးဟာ COVID-19 ရောဂါကုသရေးမှာ အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပြီး ဘေးထွက်ဆိုးကျိုးှရှိနိုင်တဲ့ ထိုးဆေးတွေထက် ပိုပြီးထိရောက်တဲ့ ထိမ်းချုပ်မှုနည်းလမ်းဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Molnupiravir ဆေးဝါးဟာ အဓိကအားဖြင့် Influenza ထိမ်းချုပ်ကုသရေးအတွက် ရည်ရွယ်ဖန်တီးထားတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပြီးတော့ စမ်းသပ်မှုတွေပြုလုပ်နေစဉ်အတွင်းမှာ coronaviruses တွေအပေါ်မှာလည်း ထိရောက်တာကို သိလာရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဆေးနဲ့ ပတ်သက်ပြီး ဝိဝါဒမကွဲတဲ့ အခြေအနေမျိုးတွေလည်းရှိနေပြီး တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေကိုအသုံးချတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရင်ဆိုင်နေရတာမို့ စောင့်ကြည့်ရဦးမယ့် ဆေးဝါးတစ်မျိုးဖြစ်နေဆဲပါ။ သုတေသနမှာပါဝင်ခဲ့တဲ့ DRIVE နဲ့ Ridgeback Biotherapeutics အဖွဲ့အစည်းတွေကတော့ ဆေးဝါးရဲ့ စိတ်ချရမှုအတွက် တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေ မကြာခင်မှာစတင်ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

အဆိုပါဆေးဝါးကို COVID-19 ရောဂါကုသရေးဘက်ကို ဦးတည်ပြီး စမ်းသပ်မှုတွေပြုလုပ်သွားတော့မှာဖြစ်တယ်လို့ သုတေသနပညာရှင်တွေကကြေညာထားပြီးတော့ COVID-19 ကူးစက်မှုထိမ်းချုပ်ရေးကိုရည်ရွယ်ပြီး Phase II/III clinical trials စမ်းသပ်မှုတွေ စတင်ပြုလုပ်တော့မှာပါ။

တဖက်ခြမ်းက မျှော်လင့်ချက်များ

Molnupiravir ဆေးဝါးဟာ စိတ်ဝင်စားစရာကောင်းပေမယ့် တစ်ဖက်မှာလည်း ပေါ်ထွက်လာဖို့ အချိန်တစ်ခုတော့ စောင့်ရပါဦးမယ်။ ပြီးပြည့်စုံစံာ ထွက်ပေါ်လာဖို့ အချိန်တစ်ခု ယူရဦးမှာပါ။ တစ်ဖက်မှာလည်း COVID-19 ကာကွယ်ဆေးဟာ တစ်ကမ္ဘာလုံးမျှော်လင့်နေတဲ့ အရာဖြစ်တာမို့ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ လူတိုင်းက ကာကွယ်ဆေးတွေကို မျှော်လင့်ခဲ့ကြပါပြီ။

ဒါကြောင့်လည်း အမြန်ဆုံးရနိုင်မယ့် ကာကွယ်ဆေးဝါးတွေကို လူတိုင်းက တောင့်တနေကြပါပြီ။ ဆေးဝါးကုမ္ပဏီကြီးတွေနဲ့ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတွေက်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြတာမို့ ခုချိန်မှာတော့ ရလဒ်ကောင်းမွန်တဲ့ ကာကွယ်ဆေးသစ်တွေကို စတင်ဖန်တီးနိုင်ခဲ့ပြီလို့ ဆိုနိုင်နေပါပြီ။

လက်ရှိမှာ စမ်းသပ်မှုအဆင့်ဆင့်ကို ကျော်ဖြတ်နိုင်ထားတဲ့ Pfizer-BioNTech၊ Moderna နဲ့ Oxford တို့ရဲ့ ဆေးဝါးတွေဟာ စမ်းသက်မှုရလဒ်ပိုင်းမှာ ၉၅% ဝန်းကျင် ရလဒ်ကောင်းတွေ ရရှိထားတာမို့ ဆေးဝါးအဖြစ် တရားဝင်ထွက်ရှိလာတော့မှာပါ။

ခုချိန်မှာတော့ ဒီဆေးဝါးတွေကို အသုံးချပြီး ရောဂါထိမ်းချုပ်ရေးတွေကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် လုံးဝစိတ်ချရတဲ့ ကုသဆေးမျိုး မပေါ်ထွက်လာခင်အချိန်အထိ နေအိမ်အတွင်းမှာ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နေထိုင်ပြီး ရောဂါကို ကာကွယ်နိုင်ဖို့လည်း ဆက်လက်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား

COVID-19 ရောဂါပိုးဆိုင်ရာ ထပ်မံတွေ့ရှိရတဲ့ အသစ်တစ်ခုကတော့ SARS-CoV-2 ဆိုတဲ့ COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဆိုတဲ့မေးခွန်းရဲ့ အဖြေပါ

ရေးသားသူ Ye Zon Aung

COVID-19 ကာကွယ်ဆေးက တတိယလှိုင်းကို တားဆီးနိုင်ပါ့မလား

လေ့လာချက်အရ ကာကွယ်ဆေးတွေဟာ တတိယလှိုင်းဖြစ်လာမှာကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပြီး အကြောင်းအရင်းကိုလဲ ထောက်ပြခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read
Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read