backup og meta

အမာရွတ်ကင်း လှပခြင်းအတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမာရွတ်ကင်း လှပခြင်းအတွက်

    လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဆိုရင် ဘာကိုအရင်ဆုံး သတိထားမိကြသလဲ။

    ချောခြင်း၊ လှခြင်း၊ ရုပ်ဆိုးခြင်း စတာတွေကို ဘာတွေကိုကြည့်ပြီး သတ်မှတ်တတ်သလဲ။

    အဖြေကတော့ မျက်နှာပါ။ သင့်မျက်နှာလေးရဲ့ လှပခြင်းအတွက် အမျိုးမျိုး ပြင်ဆင်မယ် မဟုတ်လား။ အသားအရေ ထိန်းသိမ်းမယ်၊ မျက်ခုံးမွှေးဆွဲမယ်၊ နှုတ်ခမ်းနီဆိုးမယ်၊ မိတ်ကပ် လိမ်းမယ် စသဖြင့် ခြယ်သတတ်ကြပါတယ်။ ဒါပေမယ့် ပြဿနာတွေကြုံရရင်လည်း ဒီမျက်နှာလေးပါပဲ။ ဝက်ခြံ ပြဿနာဟာ မျက်နှာအတွက် အဆိုးရွားဆုံး အဖျက်သမားပါ။ ဝက်ခြံတွေရဲ့ အလွန်မှာ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ အမာရွတ်ဖြစ်ရခြင်းရဲ့ အဓိက လုပ်ရပ်ကတော့ အဖုတွေကို  ကုတ်ခြင်း၊ ဖဲ့ခြင်း၊ ထိုးဆွခြင်းကြောင့်ပါ။ ဒီလို မကုတ်မဖဲ့ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    ()     မှန်မကြည့်ပါနဲ့။

    ဝက်ခြံရှိနေတယ်ဆိုတာကို သင်သိနိုင်တဲ့အချက်၊ စိတ်အနှောင့်အယှက် ဖြစ်ရနိုင်တဲ့အချက်ကတော့ မှန်ကြည့်ခြင်းပါပဲ။ ရှိသမျှမှန်တွေကိုပိတ်ပြီး မိမိရဲ့ ဝေးဝေးမှာ ထားလိုက်ခြင်းအားဖြင့် မျက်နှာကို မမြင်ရတော့တဲ့အတွက် အဖုကို စိတ်အနှောင့်အယှက် မဖြစ်တော့ပါဘူး။ မမြင်ရတဲ့အခါ မကုတ်မဖဲ့မိတော့ပါဘူး။ မှန်ကြည့်ဖို့ လိုအပ်လာတဲ့အချိန် (ဥပမာ အပြင်သွားခါနီး)တွေဆိုရင်တော့ ခဏပဲ ကြည့်ပါ။ မှန်ဘီလူးနဲ့ မကြည့်ပါနဲ့။ (ဥပမာ ကားပေါ်က ရှေ့မှန်၊ ဆိုင်ကယ် နောက်ကြည့်မှန်) မှန်ဘီလူးပါတဲ့ မှန်တွေဟာ မျက်နှာရဲ့အပြစ်အနာအဆာတွေကို ကွက်ကွက်ကွင်းကွင်း မြင်စေပြီး စိတ်ဓာတ်ပိုကျစေ နိုင်ပါတယ်။

    ()     Challenge စိန်ခေါ်မှုတစ်ခု ပြုလုပ်ပါ။

    မျက်နှာကို ကုတ်ဖဲ့နေခြင်းဟာ အကျင့်ပါနေတတ်ပါတယ်။ မကောင်းမှန်း သိလျက်နဲ့ ရှေ့ဆက်တိုးကာ လုပ်မိနေတဲ့ အမူအကျင့်တစ်ခုပါပဲ။ ဖျောက်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် မိမိကိုယ်ကို မိမိ စိန်ခေါ်မှုတစ်ခု ပြုလုပ်လိုက်ပါ။ ဥပမာ “ငါ ဒီတစ်ပတ်အတွင်း မျက်နှာကို လက်နဲ့မကိုင်ဘူး။ မဖဲ့ဘူး” စသဖြင့် စိန်ခေါ်မှုတစ်ခု ပြုလုပ်လိုက်ပါ။ တကယ်လို့ ဒီစိန်ခေါ်မှုဟာ အောင်မြင်တယ် ဆိုရင်တော့ မိမိကိုယ်ကို ချီးမြှင့်ပါ။ တခြားသူ တစ်ယောက်နဲ့လည်း စိန်ခေါ် ပြိုင်ဆိုင်မှု ပြုလုပ်နိုင်ပါတယ်။ Challenge ပြုလုပ်တဲ့အခါ စိတ်ဓာတ်တတ်ကြွလာပြီး အမှန်တကယ်ပဲ မျက်နှာကို မကုတ်ဖဲ့မိတော့ပါဘူး။

    ()     လက်သည်းရှည်ရော ထားသင့်ပါသလား။

     မျက်နှာလေးကို ကုတ်ဖဲ့တဲ့အခါ လက်သည်းနဲ့ ကုတ်မိကြတာပါ။ လက်သည်းရှည် ထားမိမယ်ဆိုရင်တော့ ပိုမိုချွန်ထက်နေတဲ့အတွက် ကုတ်လိုက်မိတဲ့အခါ အသားထဲကို နက်ရှိုင်းစွာ ဝင်ရောက်မိပြီး ဒဏ်ရာအမာရွတ်ဟာ ပိုမိုထင်ကျန်စေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက လက်ဟာ နေရာတကာနဲ့ ထိတွေ့မှုအများဆုံး အစိတ်အပိုင်းဖြစ်တာကြောင့် ရောဂါပိုးမွှားတွေ ကပ်ညှိနေတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဝက်ခြံတွေထဲ ပိုးမွှားတွေ ဝင်ရောက်ပြီး ပြည်ဖုတွေအထိ ဖြစ်လာမှာပါ။ ချေးညှော်တွေ ရှိနေမယ်ဆိုရင်တော့ ပိုဆိုးပါမယ်။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့ လက်သည်းကိုလည်း ချေးညှော် ကင်းကင်းနဲ့ သန့်ရှင်းနေအောင် ညှပ်ပစ်တာ ကောင်းပါလိမ့်မယ်။ လက်သည်းရှည် ထားမယ်ဆိုရင်တော့ လက်သည်းလေးကို လက်သည်းနီ လှလှလေးနဲ့ ပြင်ဆင်ခြယ်သ ပုံသွင်းထားတာ ကောင်းပါလိမ့်မယ်။ ပုံသွင်းထားတာကို နှမြောတသ ဖြစ်တဲ့အတွက် ပျက်သွားမှာစိုးပြီး မျက်နှာကို မကုတ်မိနိုင်တော့ပါဘူး။

     ()     မျက်နှာပေါ်မှာ အာရုံသိပ်မထားပါနဲ့။

       အာရုံရှိလေလေ စိတ်အနှောင့်အယှက်ဖြစ်လေလေဖြစ်ပြီး ပိုမိုကုတ်ဖဲ့မိမှာပါ။ ဒါကြောင့် အသားအရေထိန်းသိမ်းခြင်းပစ္စည်း (Skin Care) တွေ အလွန်အမင်းသုံးခြင်းမှလည်း ရှောင်ကြဉ်ပါ။

     ()     အာရုံလွှဲပါ။

    မှန်ကြည့်ပြီး မျက်နှာကို ကုတ်ဖဲ့နေတဲ့အချိန်ဟာ ကုတ်ရင်းကုတ်ရင်းနဲ့ ကြာမှန်းမသိ ကြာသွားတတ်ပါတယ်။ ဒါကြောင့် အစမလုပ်ပါနဲ့။ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်တစ်ခုခု လုပ်နေခြင်းတွေနဲ့ အာရုံလွှဲထားလိုက်ပါ။ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကို ဂရုစိုက်နေခြင်း၊ ပြုပြင်ထိန်းသိမ်းနေခြင်းနဲ့လည်း မျက်နှာအပေါ် အာရုံရောက်နေတဲ့စိတ်ကို လွှဲပြောင်းနိုင်ပါသေးတယ်။

    ()     အခြားသူတွေ ပြောလာခြင်းအပေါ် လျစ်လျူရှုတတ်ပါစေ။

    မျက်နှာပေါ်မှာ အမာရွတ်လေးတွေ ရှိလာတဲ့အခါ မိမိကို မြင်တဲ့သူတွေဟာ သတိပြု မိပြီး မိမိကို လာပြောတတ်ပြပါတယ်။ ဒါဟာ လူတွေရဲ့ သဘောသဘာဝပါပဲ။ တချို့ကလည်း ကောင်းစေချင်လို့ ပြောကြသလို၊ တချို့ကလည်း စိတ်အနှောင့်အယှက် ဖြစ်စေချင်လို့ပါ။ ဘယ်လိုပုံစံမျိုးနဲ့ပြောသည်ဖြစ်စေ လျစ်လျူရှုလိုက်ပါ။ စိတ်ထဲထားနေပါက ပိုဂရုမူမိပြီး ပိုကုတ်ဖဲ့တတ်လို့ပါ။

    ()     အထက်ပါ စိန်ခေါ်မှုအရ တစ်ပတ်နဲ့တစ်ပတ် ရလဒ်တွေကို ယှဉ်ကြည့်ပါ။

     သင့်မျက်နှာကို မကုတ်တာကြာတဲ့အခါ ဖြစ်ပြီးသား အမာရွတ်တွေက တဖြည်းဖြည်း မှေးမှိန်လာတဲ့အတွက် ကြာလေလေ အသားအရေ တိုးတက်လာလေလေပါ။

    ()     ဒါပေမဲ့ အရင်ကထက်ပိုပြီး အဆင်ပြေလာပြီ။ ကြည့်ကောင်းလာပြီဆိုပြီး နောက်ထပ် ထပ်မကုတ်မိဖို့လည်း လိုပါသေးတယ်။

    ()     အမာရွတ်ပျောက်ဆေးတွေ အလွန်အကျွံ မသုံးပါနဲ့။

    အမာရွတ်ပျောက်ဆေးတွေလိမ်းတဲ့အခါ မျက်နှာက အမာရွတ်တွေကို ပိုသတိ ထားမိသွားပြီး ပိုကုတ်မိတတ်ပါတယ်။ အမာရွတ်ပျောက်ဆေးရဲ့ သဘောသဘာဝအရ ယားယံတတ်တာကိုလည်း သတိချပ်မိစေချင်ပါတယ်။ အမာရွတ်ပျောက်ဆေးအချို့ရဲ့ ယားယံမှုကြောင့် ရှိရင်းစွဲ အမာရွတ်အပေါ် ပိုကုတ်မိသွားကာ ပိုဆိုးသွားတတ်ပါတယ်။ လူတစ်ယောက်မှာ မျက်နှာဟာ သွေးလည်ပတ်မှု၊ သွေးရောက်ရှိမှု ကောင်းလွန်းတာမို့ အလွယ်တကူနဲ့ လျင်မြန်စွာ အနာကျက်တတ်ပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့။ အချိန်တန်ရင် အမာရွတ်ပျောက်သွားမှာပါ။

    (၁၀)   ဆံပင်ကို သန့်အောင်ထားပါ။

    ဆံပင်မှာ ချေး(ဂျီး)တွေရှိနေတတ်ပါတယ်။ ဆံပင်နဲ့ ထိတွေ့ရာမျက်နှာပြင်အစပ် တွေဟာ (နားသယ်စပ်၊ နဖူး စသည်) ဝက်ခြံဖြစ်လာဖို့ အခွင့်အလမ်း အများဆုံးသော နေရာတွေပါ။ အရင်ဝက်ခြံ အမာရွတ် မပျောက်သေးဘဲ ဝက်ခြံထပ်ပေါက်လာမယ်ဆိုရင် မကောင်းပါဘူးနော်။

    (၁၁)   လည်ပင်း ကျောနဲ့ ဂုတ်ပေါ်က ဝက်ခြံတွေကိုလည်း မကုတ်ပါနဲ့။

     မျက်နှာလေးပဲအမာရွက်ကင်းစင်ပြီး လှနေဖို့ အရေးကြီးတာမဟုတ်ပါဘူး။ လူတစ်ယောက်မှာ လည်ပင်း၊ ကျောနဲ့ လည်ကုတ်တွေမှာလည်း အမာရွတ်တွေမရှိဖို့ အရေးကြီး ပါတယ်။  အဆိုပါနေရာတွေဟာ အင်္ကျီဝတ်ဆင်ရာမှာ ခန္ဓာကိုယ်အပြင်ဘက်မှာ ရှိနေမယ့် နေရာတွေပါပဲ။

    (၁၂)   အမာရွတ်ပြဿနာကို ဖေ့စ်ဘွတ်တို့လို လူမှုကွန်ယက်တွေမှာ မရှာဖွေပါနဲ့။

    အလှအပ Group ​တွေထဲမှာလည်း မမေးမြန်းပါနဲ့။ မေးမြန်းမိမယ်။ ရှာဖွေမိမယ် ဆိုရင်တော့။ ပိုမိုသတိထားမိသွားကာ ပိုကုတ်မိနိုင်သလို Comment ​တွေမှာ တစ်ယောက် တစ်ပေါက်နဲ့အကြံပေးခြင်းတွေကို ပြုလုပ်မိမယ်ဆိုရင် ပိုဆိုးသွားနိုင်ပါတယ်။

    အထက်ပါ အချက်တွေဟာ လက်တွေ့မှာ အလွန့်အလွန်အသုံးဝင်တဲ့ နည်းလမ်းတွေပါ။ စနစ်တကျ လိုက်လုပ်မယ်ဆိုရင် မျက်နှာလှလှလေးကို အမှန်တကယ်ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

    အရေးအကြီးဆုံးအချက်တော့ မျက်နှာလေးမှာ အမာရွတ်တွေ မပျောက်ကင်းဘဲ ပိုပို ဆိုးလာမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ အရေပြားအထူးကု ဆရာဝန်နဲ့သာ သွားရောက်ပြသပါ။ ဒါဟာ အဓိကအကျဆုံး အချက်ပါ။

    အမာရွတ်ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement