အဓိပ္ပါယ်ဖွင့်ဆိုချက်
Shingles (ဆင်ဖြူတော်ရေယုန်) ကဘာလဲ။
ရေခြောက်ကိုဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားနာကျင်စေတဲ့အဖုအပိမ့်တွေထွက်လာခြင်းဖြစ်ပါတယ်။ ရေခြောက်ကူးက်ပိုးက သက်သာသွားပေမယ့် ဗိုင်းရပ်က အာရုံေကြောအဖွဲ့အစည်းထဲမှာ ဆင်ဖြူတော်ရေယုန်အဖြစ်ပြန်ထလာခြင်းမရှိခင် နှစ်ပေါင်းများစွာနေနိုင်ပါတယ်။ ခါးပတ်ရေယုန်လို့လည်းခေါ်ပါတယ်။ ခန္ဓါကိုယ်မည့်သည်နေရာမှာမဆို ပေါ်လာနိုင်ပေမယ့်လည်း အများဆုံးပေါ်လာလေ့ရျိတာကတော့ ရင်အုပ်နှစ်ခြမ်းလုံးပတ်လည်မှာ အရေကြည်ဖုအမြောင်းလိုက်ကြိးအနေနဲ့ပေါ်လာပါတယ်။
အသ်ကကြီးသူတွေနဲ့ ခုခံအားနည်းတဲ့သူတွေမှာ စိတ်ဖိစီးမှု၊ ထိခိုက်ဒဏ်ရာ၊ အချို့သောဆေးများ သို့ အခြားအကြောင်းအချက်တွေရှိနေတာကြောင့် ပိုပြီးဖြစ်နိုင်ချေများပါတယ်။
အသက်အန္တရယ်မပေးနိုင်ပေမယ့် အလွန်နာကျင်စေပါတယ်။ တတ်နိုင်သမျှမြန်မြန်သိရှိဖို့လိုပြီး စောစောကုသမှုခံယူခြင်းက ကူးစက်ပိုးကိုမြန်မြန်သက်သာစေပြီး နောက်ဆက်တွဲဖြစ်နိုငချေကိုနည်းစေပါတယ်။
Shingles (ဆင်ဖြူတော်ရေယုန်) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Shingles (ဆင်ဖြူတော်ရေယုန်) ရဲ့လက္ခဏာတွေကဘာတွေလဲ
ဆင်ဖြူတော်ရေယုန် ရဲ့ပထမဆုံးစပြတဲ့လက္ခဏာတွေကတော့ နာကျင်တာနဲ့ပူစပ်ပူလောင်ခံစားရတာဖြစ်ပါတယ်။ နာကျင်မှုက ခန္ဓါကိုယ်တစ်ခြမ်းမှာဖြစ်လေ့ရှိပြီး အကွက်သေးသေးလေးတွေဖြစ်ပေါ်လာပါတယ်။ အနီဖိမ့်တွေဖြစ်လာပါတယ်။ အဖိမ့်တွေရဲ့ထူးခြားချက်ကတော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။