backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အသားအရေကို ဂရုစိုက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသားအရေကို ဂရုစိုက်ပါ

အသားအရေကို ဂရုစိုက်ပါ …… အရေပြားက တစ်ထောက်စာပဲ ဆိုပေမယ့် မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်မယ့် ခံတပ်တစ်ခုဆိုတာ သိစေချင်ပါတယ်။ အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။

အရေပြားက ဘာတွေ လုပ်ပေးလဲ………..

အရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်သလို အခုလိုတွေလည်း လုပ်ဆောင်ပေးပါသေးတယ်။

  • ပြင်ပက ပိုးမွှားတွေ၊ ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးပေးတယ်။
  • ရေနဲ့ အခြားသော အရည်တွေ စိမ့်မဝင်အောင် ကာကွယ်ပေးတယ်။
  • ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတယ်။
  • အပူချိန်ကို ထိန်းညှိပေးတယ်။
  • ထိတွေ့မှုတွေ၊ အပူအအေးဒဏ်တွေကို သိရှိ ခံစားပေးတယ်။
  • အာဟာရဓာတ်တွေကို စုပ်ယူပေးတယ်။

အသားအရေကို ဂရုစိုက်ပါ

အရေပြားလို့ဆိုလိုက်ရင် ထိန်းသိမ်းရမယ့် အရေပြားက မျက်နှာလို့ ပြေးမြင်တတ်ကြပါတယ်။ တကယ်ကတော့ အသားအရေကို ဂရုစိုက်ပါ …. ဆိုတာ မျက်နှာရော ခန္ဓာကိုယ် တစ်ခုလုံးပါ ပါဝင်နေတာပါ။

ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်တဲ့ အရေပြား ကျန်းမာမှ ခန္ဓာကိုယ်ကြီးလည်း ကျန်းမာမှာပါ။ ဒီတော့ အရေပြား ကျန်းမာစေဖို့ဆိုရင်

ပုံမှန် သန့်စင်ပါ

အရေပြား ကျန်းမာစေဖို့ တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဖို့ လိုသလို ရေလည်း ပုံမှန် ချိုးဖို့လိုပါမယ်။ ဒါမှ အရေပြားပေါ်က အဆီတေါ၊အညစ်အကြေးတေါ၊ ပိုးမွှားတွေကို အထိရောက်ဆုံး ဖယ်ရှားလို့ အရေပြားကို ကျန်းမာစေမှာပါ။

ဆဲလ်သေတွေ ဖယ်ရှားပါ

အရေပြားပေါ်မှာ ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားတာက လိုက်နာသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်း တစ်ခုပါ။ ဒီလို ဆဲလ်သေတွေဖယ်ရှားလိုက်တာက အသားအရေကို အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိ ပုံမှန် ဆဲလ်သေဖယ်ရှားပေးပါ။

နေရောင်ကနေကာကွယ်ပေးပါ

နေရောင်ခြည်က ဗီတာမင် D ကိုပေးစွမ်းပေမယ့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။ နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ အရေပြားကင်ဆာအပါအဝင် အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်နေစဉ်နေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်သုံးမှုက အသားအရေကိုတော်တော်လေးထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေနိုင်သလို အရေးအကြောင်းတွေ နဲ့ အခြားသော အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေရရှိမှုနဲ့သွေးစီးဆင်းရောက်ရှိမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ရေချိုးချိန်ကို ကန့်သတ်ပါ

ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလိုဖြစ်တာကြောင့် အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေကို အချိန်အကြာကြီးချိုးတာ၊ ရေနွေးနဲ့ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။

ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့

ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကိုခြောက်သွေ့ထိခိုက်နိုင်ခြေများစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာသုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။

ရေခြောက်အောင်သုတ်ပါ

ရေချိုးပြီးရင်ဖြစ်ဖြစ်၊ လက်ဆေးပြီးရင်ဖြစ်ဖြစ်၊ခြေထောက်ဆေးပြီးရင်ဖြစ်ဖြစ်ရေခြောက်အောင်သုတ်ပေးပါ။ရေခြောက်အောင် မသုတ်တာက အရေပြားကို အစိုဓာတ်လျော့စေပြီး အသားအရေခြောက်သွေ့နိုင်ခြေ ပိုများစေနိုင်ပါတယ်။

အစိုဓာတ်ထိန်းပါ

အရေပြားကို အစိုဓာတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့်အရေပြားကို အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ

အသားအရေကျန်းမာစေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့ အသားတွေ စားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။

ရေများများသောက်ပေးပါ

အသားအရေ ကျန်းမာဖို့ လိုအပ်တဲ့ အရေးပါတဲ့ ဓာတ်တစ်ခုက ရေဓာတ်ပါ။ ဒါကြောင့် အသားအရေ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်သုံးပါ။

စိတ်ဖိစီးမှုကိုဖြေလျော့ပါ

စိတ်ဖိစီးမှုများလွန်းတာက အသားအရေကို ထိခိုက်စေနိုင်သလို ဝက်ခြံတွေ၊ အရေးအကြောင်းတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကျန်းမာစေဖို့အတွက်ဖြစ်နိုင်သမျှ စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ လိုပါမယ်။ ဒါကြောင့် သီချင်းနားထောင်တာ၊ တရားထိုင်တာ နဲ့ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

Takeaways

အသားအရေ ကျန်းမာမှ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အခုပြောပြခဲ့တဲ့ အလေ့အထလေးတွေကို သေချာ လိုက်လုပ်ပြီး အသားအရေကို ပုံမှန် ထိန်းသိမ်းလို့ ကျန်းမာတဲ့ အသားအရေလေးကို ပိုင်ဆိုင်လိုက်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement