ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 11, 2020 . 2 mins read
Share now

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်း ဖြစ်ပွားနေ ပါတယ်။ အခု တစ်ခေါက် ဖြစ်ပွားမှုဟာ အရင် တစ်ခေါက်ထက် ပိုမို မြန်ဆန်စွာ ကူးစက်နေတာပါ။ ပိုးရှိသူနဲ့ ထိတွေ့မိလို့ မဟုတ်ဘဲ ဖြစ်ပွားနေသူတွေရှိသလို ခရီးသွား ရာဇဝင် မရှိဘဲ ပိုးကူးစက် ခံထားရသူတွေ အများအပြားပါ။

လက်ရှိမှာ အချို့မြို့နယ်တွေကို  Stay at Home မိန့်ထုတ်ထားပြီး လူစုလူဝေးမပြုကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်နေပေမယ့် ဈေးဝယ် မပျက်၊ သွားလာ မပျက်၊ လူစုလူဝေး လုပ်နေကြဆဲ သူတွေ အများအပြားပါ။ ဒီလို မဆင်မခြင် နေထိုင်သွားလာမှုတွေက ပိုးကူးစက်ခံရနိုင်ခြေကို မြင့်စေပါတယ်။

တကယ်ကတော့ လူတွေက ပထမတစ်ကြိမ်ကလို အကောင်းဆုံး ဂရုစိုက် ကျော်ဖြတ်ဖို့ လိုပါမယ်။ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေနည်းတယ်ဆိုတဲ့ အသိနဲ့ ပေါ့ပေါ့ဆဆ မနေစေချင်ပါဘူး။ ကိုဗစ် တိုက်ထုတ်ဖို့က တစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်သိစိတ်တွေနဲ့မှ ကာကွယ်လို့ ရမှာပါ။

ကိုဗစ်ကို လျှော့မတွက်စေလို

ကိုဗစ်ကို စစ်တွေမှာ စတွေ့စဉ်က ဝေးလိုက်တာဆိုပြီး ခပ်ပေါ့ပေါ့နေရင်းက ရန်ကုန်က ဒုတိယအများဆုံး ဖြစ်ခဲ့ရပြီ။ အခုချိန်မှာမှ သေချာ မကာကွယ်ရင် ကူးစက်ခံရနှုန်း များလာမယ်။ ဒီလိုကနေ  ကုသပေးနိုင်မှုမှာ အခက်တွေ့ရင် အသေအပျောက် ရှိလာနိုင်ပါတယ်။

ကိုဗစ်က သေချာ ဂရုစိုက်ကုသရင် အသက် မဆုံးရှုံးနိုင်ပေမယ့် အသက်အန္တရာယ် မရှိတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ကိုဗစ်က စဖြစ်စမှာ အပျော့စား ဖျားနာမှုလို့ဆိုပေမယ့် ဒီလိုကနေ အပြင်းဖျားတဲ့ အဆင့်ကို ရောက်ရှိလို့ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

အများထင်နေကြတဲ့ အယူအဆ တစ်ခုက ကိုဗစ်က လူငယ်တွေကို ထိခိုက်စေတာမျိုး မရှိဘူးလို့ပေါ့။ တကယ်ကတော့ ကိုဗစ်က သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေမှာ သေလောက်တဲ့အထိ ပြင်းထန်သလို လူငယ်တွေမှာလည်း ဖြစ်ပွား ကူးစက်နိုင်ပါတယ်။

လူကြီးတွေ ရောဂါအခံရှိသူတွေလောက် ဖြစ်နိုင်ခြေ မများတာပဲ ရှိတာပါ။ လူငယ်တွေ မဖြစ်ဘူးလို့ မဆိုနိုင်သလို မသေဆုံးနိုင်ဘူး၊လို့လည်း အတိအကျ လေ့လာတွေ့ရှိချက် မရှိပါဘူး။ ကိုဗစ်က လူသားတိုင်းကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေးပြဿနာပါ။

ကိုဗစ်ဖြစ်ရင် အသက်အန္တရာယ် ရှိပါတယ်။ ကံကောင်းလို့ အသက်မသေခဲ့ဘူးဆိုရင်တောင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာက မသေးပါဘူး။ နှလုံးထိခိုက်တာ၊ အဆုတ်ထိခိုက်တာ၊ အသက်ရှူလမ်းကြောင်း ပြဿနာ၊ ဦးနှောက်နဲ့ အာရုံကြောစနစ် ထိခိုက်တာ၊ လေဖြတ်တာ၊ အတက်ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးတာ၊ အသည်ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာလိုမျိုး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။

ကိုဗစ်က ကူးစက်လည်း မသေနိုင်ပါဘူးဆိုပြီး အပြင်ကို မလိုအပ်ဘဲ သွားလာနေတာမျိုး မလုပ်ကြပါနဲ့။ အပြင်ကပြန်လာတိုင်း နဲ့ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်းမှာ မကြာခဏ လက်ဆေးပါ။ ဈေးဝယ်တဲ့အခါ လိုအပ်တာတွေကို စာရင်းလုပ်သွားပြီး တစ်ပတ်ကို တစ်ခါလောက်ပဲ ဝယ်ပါ။ အပြင်သွားရင် မတ်ခ်တပ်ပါ။

လူကြီးမိဘတွေ၊ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေကို နေအိမ်မှာပဲ နေစေပါ။ အာဟာရ ပြည့်ဝအောင်စားပါ။ အိပ်ရေး ဝဝအိပ်ပါ။  လူစုလူဝေးကိုရှောင်ပါ။ အပြင်သွားတဲ့အခါ တစ်ဦးနဲ့ တစ်ဦး အနည်းဆုံး ၆ပေခွာနေပါ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။

ဒါမှ ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရသူတွေ၊ မိသားစုဝင်တွေကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးမှုက အရွယ်မရွေးမှာ ဖြစ်နိုင်တာကြောင့် အစစအရာရာ သတိထားလို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်ပါ။ ဒါမှ မွေးကတည်းကတစ်ပါတည်းပါလာခဲ့တဲ့ သက်တော်စောင့်လေးက ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ကိုဗစ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ တစ်ကမ္ဘာလုံး စိတ်ပူနေကြတာကတော့ တတိယလှိုင်းပါပဲ။ စကတည်းက ပညာရှင်တွေက ကိုဗစ်က လှိုင်းနဲ့ လာတတ်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။

PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read