ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားရောဂါများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါသိပ်မဆိုးရင် အိမ်တွင်းကုထုံးများ သုံးနိုင်ပြီး အရေးကြီးရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကူးစက်တတ်တဲ့ အရေပြားပြဿနာများအကြောင်းကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်နိုင်သော အရေပြားရောဂါများ

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား

ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရာသီဥတု ပူပြင်းချိန်မှာ ချွေးအရမ်းထွက်တာက အရေပြား ပြဿနာ အပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချွေးထွက်များတာကြောင့် အရေပြား ချွေးစားတာ နဲ့ ချွေးစားက ဘယ်လို နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ချွေးစားတယ် ဆိုတာ ချွေးစားတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပြီး ကုသပျောက်ကင်းတဲ့ အရေပြား ပြဿနာပါ။ ဒါပေမယ့် သေချာလေး ဂရုတစိုက် ကုသဖို့တော့ လိုပါမယ်။ ဒီလိုမှ မကုသဘူး ဆိုရင် အရေပြားမှာ ပိုးဝင်ကူးစက်တာတွေ ဖြစ်နိုင်ပါတယ်။ ချွေးစားတာက အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ ဒီလို အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာမှာ အရေပြား အချင်းချင်း ပွတ်တိုက်မိရာကနေ အရေပြားက နီမြန်းပြီး အဖုအပိမ့်တွေ […]

ကူးစက်နိုင်သော အရေပြားရောဂါများ ကို ရှာဖွေမည်။

ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါ

မှိုကြောင့်ဖြစ်သော အရေပြားရောဂါ တစ်မျိုး ဖြစ်တဲ့ အရေပြားမှိုရောဂါ သည် အရေပြားရောဂါများတွင် အတွေ့ရများသော ရောဂါဖြစ်ပါသည်။ အရေပြားရောဂါ ဖြစ်စေ သော မှိုအမျိုးအစား များစွာရှိပြီး အရေပြား ယားယံခြင်း၏ အဓိက လက်သည်လည်း ဖြစ်ပါသည်။ အရေပြားမှိုရောဂါ မှိုပိုးများသည် dead keratin ဟုခေါ်သော ပရိုတိန်းကို အမှီပြု နေထိုင်ကြပြီး ယင်းပရိုတိန်းမှာ အရေပြား၊ ဆံပင်နှင့် လက်သည်း များကို ဖြစ်ပေါ်စေပါသည်။ မှိုရောဂါကို ဖြစ်ပွားနေသော မှိုပိုးအမျိုး အစားပေါ် မူတည်ပြီး ခွဲခြားထားပါသည်။ မှိုပိုးများသည် အများ အားဖြင့် ခြေမ၊ လိင်အင်္ဂါတဝိုက်၊ ရင်သားအောက်ဘက် စသော စိုထိုင်းစ များသောနေရာများတွင် ပေါက်ပွားကြပါသည်။ အဓိက မှိုရောဂါ ဖြစ်စေသော အုပ်စု နှစ်စုရှိပြီး ပထမအုပ်စုကို တစေးမှို (yeasts)၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Candidiasis (ကန်ဒီဒီရေးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Candidiasis (ကန်ဒီဒီရေးစစ်) ကဘာလဲ။ ကန်ဒီဒီရေးစစ် ရောဂါ ဆိုသည်မှာ ကန်ဒီဒါ အယ်လ်ဘီကန် ဟုခေါ်သည့် မှိုကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်ပြီး လိင်အစိတ်အပိုင်းနေရာများ၊ပါးစပ်၊အရေပြားနှင့် သွေးတို့ကို ထိခိုက်စေတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ ပို၍ပြောရလျှင် အချို့သော ဆေးများနှင့် ရောဂါများသည် မှိုများကို အထူးသဖြင့် စိုစွတ်ပူနွေးသောနေရာများတွင် ပေါက်ပွားစေသည်။ မိန်းမကိုယ်တွင် ကန်ဒီဒါရောဂါပိုးဝင်ခြင်းကို မှိုရောဂါပိုးကြောင့်ဖြစ်စေသည့် မိန်းမကိုယ်ရောင်ရမ်းခြင်း yeast vaginitis ဟုခေါ်ပြီး ပါးစပ်ထဲတွင် ဖြစ်ပါက Thrush ဟုခေါ်သည်။ ဖြစ်ပွားသည့်နေရာအပေါ်မူတည်၍ကန်ဒီဒါရောဂါလက္ခဏာများမှာ ကွဲပြားသည်။ သင့်တွင် ယားရံ၍ရောင်ရမ်းစေသော အနီ(သို့)အဖြူကွက်များလည်း ဖြစ်ပေါ်လာတတ်သည်။ အခြားသော လက္ခဏာရပ်များမှာ အစာမျိုချရခက်ခြင်း (သို့)နာကျင်ခြင်း တို့ဖြစ်သည်။ ကန်ဒီဒီရေးစစ်ရောဂါသည် စိတ်ကသိကအောက်ဖြစ်စေသော်လည်း အသက်ဘေးရန်ကို ခြိမ်းခြောက်မှုရှိရန်ခဲယဉ်းတတ်သည်။ အချို့သောကန်ဒီဒီရေးစစ် ရောဂါအချို့သည် ပြင်းထန်ပြီး ဆေးကုသမှုခံယူရန်လိုအပ်တတ်သည်။ ထိုရောဂါများထဲတွင် သွေးကြောထဲထိဝင်ရောက်ထိခိုက်စေနိုင်သော ကန်ဒီဒီရေးစစ် ရောဂါများလည်း ပါဝင်သည်။Candidemia or invasive […]


ကူးစက်နိုင်သော အရေပြားရောဂါများ

body lice (သန်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်body lice (သန်းကိုက်ခြင်း) ကဘာလဲ။ သန်းတွေဟာ နှမ်းစေ့လောက်သာရှိတဲ့ သေးငယ်တဲ့အင်းဆက်တစ်မျိုးဖြစ်တယ်။ အဝတ်တွေ၊ အိပ်ရာခင်းတွေမှာနေတတ်ပြီး နေ့ဘက်တွေမှာ သင့်ခန္ဓါကိုယ်အနှံ့ လျှောက်သွားကာ သွေးစုပ်တတ်သူဖြစ်တယ်။ ကိုယ်သန်းတွေ အကိုက်အများဆုံးနေရာကတော့ လည်ပင်း၊ ပုခုံး၊ ဂျိုင်း၊ လက်ကောက်ဝတ်၊ ပေါင်ခြံ တို့ကဲ့သို့ အဝတ်နဲ့ခန္ဓါကိုယ် အထိအတွေများတဲ့နေရာတွေဖြစ်တယ်။ body lice (သန်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သန်းတွေဟာ ဒုက္ခသည်စခန်းတွေ၊ အိမ်ရာမဲ့ခိုလှုံရာတွေကဲ့သို့ လူထူထပ်ပြီးသန့်ရှင်းမှုနည်းတဲ့နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ဆက်လက်တိုင်ပင်နိုင်တယ်။ လက္ခဏာများbody lice (သန်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ စဉ်ဆက်မပြတ်ယားယံခြင်း ခန္ဓါကိုယ်ရဲ့ဓါတ်မတည့်ခြင်းကြောင့်ယားကွက်များပေါ်ခြင်း သန်းကိုက်ခြင်းများ အနီဖုများ သန်းများအချိန်ကြာနေထားပါက ပေါင်ခြံ၊ လက်ကောက်ဝတ်တို့မှာ အရေပြားထူထဲခြင်း သို့ မည်းမှောင်ခြင်း။ တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။ အကြောင်းရင်းများbody lice (သန်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ကိုယ်သန်းတွေဟာ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Scabies (ဝဲပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Scabies (ဝဲပေါက်ခြင်း ) ကဘာလဲ။ ဝဲသည် အရေပြားရောဂါတစ်ခုဖြစ်ပြီး သေးငယ်ငယ်သော ပိုးလှေးဖြစ်သည့် Sarcoptes scabiei ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သင့်အရေပြားတွင် ထိုပိုးမှမျိုးပွားပြီးနောက် အရေပြားကိုဆွကာ ဥများချလေ့ရှိသည်။ ထို့မှ ပိုးလှေးနှင့်ခန္ဓါကိုယ်ဓါတ်မတည့်မှုဖြစ်ပြီး ဖြစ်သောအရေပြားတစ်ဝိုက် ယားယံလာခြင်းဖြစ်သည်။ ညအခါတွင် အထူးကို ကုတ်ချင်နေပါလိမ့်မည်။ အဆိုမှအဏုကြည့်မှန်ပြောင်းနှင့်မှမြင်ရသည့် ပိုးလှေးများသည် ၂ လအထိ သင့်အရေပြားတွင် အောင်းနေနိုင်ပါသည်။ ဝဲကို အလွန်ကူးစက်လွယ်သောရောဂါအဖြစ် ယူဆကြ၏။ ၎င်းသည် မိသားစုတွင်း၊ မူကြိုတွင်း၊ ကျောင်းစာသင်ခန်းတွင်း၊ ထောင်တွင် စသည်ဖြင့် အရေပြားချင်းထိတွေ့ရာမှ ပျံ့နှံ့နိုင်ပါသည်။ Scabies (ဝဲပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ကမ္ဘာပေါ်၌ တစ်နှစ်လျှင် သန်း ၃၀၀ လောက်ကို ဖြစ်ကြောင်း တင်ပြချက်များရှိပါသည်။ ဆင်းရဲချမ်းသာမရွေး၊ လူမှုရေးလယ်ဗယ်မရွေး၊ နေထိုင်မှုပုံစံမရွေး၊ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Impetigo (အနာစက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Impetigo (အနာစက်) ကဘာလဲ။ အနာစက်ဆိုသည်မှာ အလွန်ကူးစက်လွယ်သော အရေပြားကူးစက်ရောဂါတစ်ခုဖြစ်ပြီး အရေပြားတွင် နာကျင်သောအနာများကို ဖြစ်စေပါသည်။ အနာများသည့် အနီရောင်ရှိပြီး နေရာအနှံ့ပေါက်နိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် နှာခေါင်း၊ ပါးစပ်၊ လက်နှင့် ခြေတွင် အဖြစ်များ၏။ အနာကွဲသည့်အခါတွင် အရည်များစိမ့်ထွက်တတ်ပြီး အဝါရောင်ချပ်ပြားများ ဖြစ်လာနိုင်ပါသည်။ Impetigo (အနာစက်) က ဘယ်လောက်အဖြစ်များသလဲ အနာစက်ရောဂါသည် ကလေးများတွင် အဖြစ်များသော အရေပြားကူးစက်ရောဂါဖြစ်ပြီး အထူးသဖြင့် ၂-၅ နှစ်အတွက်းကလေးများတွင် အဖြစ်များ၏။ လူကြီးများတွင်ဖြစ်ခဲသည်။ များသောအားဖြင့် တခြားသော အရေပြားလက္ခဏာ သို့မဟုတ် ကူးစက်ရောဂါတို့နှင့် တွဲလာတတ်ပြီး အမျိုးသားများတွင် အဖြစ်များသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများImpetigo (အနာစက်) ရဲ့လက္ခဏာတွေကဘာတွေလဲ အနာစက် ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ အနီရောင်အနာများ မြန်မြန်ပေါက်လွယ်သော ရည်ကြည်ဖုများ ပေါက်ခြင်း ရည်အနည်းငယ်ကြာသည်အထိ အရည်များစီးကျတတ်ပြီး နောက်တွင် အဝါရောင်ချပ်ပြားကြီးဖြစ်သွားတတ်ခြင်း နှာခေါင်း၊ ပါးစပ်နှင့် တခြားနေရာများတွင် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ

ခြေဖဝါးကြွက်နို့ကိုင်တွယ်နည်းများ၊ ဖြေရှင်းနည်းများ ခြေဖနောင့်နေရာတွေမှာ ဖြစ်တတ်တဲ့ မာကြောတဲ့အကျိတ်စေ့ပုံစံကြီးထွားမှုတွေ ဖြစ်ပါတယ်။ မပြင်းထန်ပေမဲ့လည်း သင့်ကိုမသက်မသာဖြစ်မှုနဲ့နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ကြွက်နို့နဲ့ပတ်သက်ပြီး နည်းလမ်းအချို့ရှိပါတယ်။ Cryotherapyနည်းလမ်းအသုံးပြုခြင်း သင့်ဆရာဝန်ရဲ့လုပ်ဆောင်ပေးမှု လိုပါတယ်။ ပထဆုံးကတော့ သင့်သွေးထဲကိုဓါတုပစ္စည်းတွေ ဝင်သွားတဲ့အခါ နာကျင်မှုတွေမခံစားရအောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ကြွက်နို့ရှိတဲ့နေရာကို ထုံသွားအောင်ခံစားမှုမရှိတော့အောင် သင့်ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။ နိုက်ထရိုဂျင်အရည်ဖြန်းခြင်း သို့ ဝါဂွမ်းနဲ့တို့ပေးခြင်းတွေကို ပြုလုပ်ပေးပါလိမ့်မယ်။ ရလဒ်ကတော့ ကြွက်နို့တစ်ဝိုက်အရေကြည်အိတ်လေးဖြစ်ပေါ်လာပြီး ဆဲလ်အသေတွေရက်သတ္တပတ်အနည်းငယ်အတွင်း ကွာကျသွားပါလိမ့်မယ်။ ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ဖို့အတွက် သင့်ကိုယ်ခံအားကိုလှုံ့ဆော်ပေးခြင်းဖြ်င့်လည်း အကူအညီပေးပါတယ်။ salicylic acidနဲ့ပေါင်းပြီးကုသမှုပေးခြင်းဖြင့်လည်း ကုသမှုအောင်မြင်နိုင်ချေရာနှုန်းကို မြင့်စေပါတယ်။ salicylic acidသုံးခြင်း ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့ပစ္စည်းတွေနဲ့လည်း ကြွက်နို့ကိုဖယ်ရှားနိုင်ပါတယ်။ သင့်အခြေအနေနဲ့သင့်တော်မယ့် အရည်သို့ကပ်ခွာ ဖြစ်နိုင်ပါတယ်။ ကြွက်နို့နေရာကိုပထမဦးစွာ သန့်စင်ပေးပြီး မိနစ်၂၀လောက်ရေစိမ်နူးထားရမှာ ဖြစ်ပါတယ်။ အရေးကြီးလိုအပ်တဲ့ဓါတုပစ္စည်းတွေ သင့်အရေပြားထဲဝင်ရေက်နိုင်ပြီး ထိထိရောက်ရောက်အကျိုးပေးနိုင်ဖို့ ရေမြုပ်ကျောက်သို့လက်သည်းတိုက်တံစဉ်းကို သုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာ salicylic acidဆေးရည်သို့ ကပ်ခွာကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အမျိုးမျိုးသော ခြေထောက်ကူးစက်ပိုးများ

သင့်ခြေထောက်ကို အစဉ်အမြဲဂရုစိုက်နေမယ်၊ သန့်ရှင်းအောင်ထားမယ်ဆိုရင်တောင်မှ သင်နဲ့မတော်တဲ့ရှူးဖိနပ်ကျပ်ကျပ်တွေကြောင့်နဲ့ ရိုးရိုးထိခိုက်ဒဏ်ရာတွေကြောင့် သင့်ခြေထောက်ကိုကူးစက်ပိုးဝင်နိုင်ပါတယ်။ သင့်တွေ့ကြုံနိုင်တဲ့ ခြေထောက်ပိုးဝင်ခြင်းအမျိုးအစားအချို့ကို ရှင်းပြပါမယ်။   ခြေဖဝါးကြွက်နို့ သင့်အရေပြားပေါက်ပြဲသွားတဲ့အခါမျိုးမှာ ထိုဒဏ်ရာမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးသင့်ခန္ဓါကိုယ်ထဲကိုဝင်လာပြီး သင့်ခြေဖဝါးမှာ မာပြီးကြမ်းတမ်းတဲ့ကြွက်နို့တွေ ဖြစ်စေနိုင်ပါတယ်။ ခြေဖနောင့်ပေါ်မှာလည်း အလားတူကြွက်နို့တွေနဲ့ အသားမာတွေပေါ်လာနိုင်ပါတယ်။ အပေါက်သေးသေးလေးတွေ သို့ သေးငယ်တဲ့အမည်းစက်လေးတွေကို ကြွက်နို့တစ်ခုတည်းသို့အပြုံလိုက်ပေါက်နေတဲ့နေရာမှာ တွေ့နိုင်ပါတယ်။ ဘယ်လိုကူးစက်ခံရတယ်ဆိုတာကို ရှာမတွေ့သေးပေမဲ့ ဖြစ်ရတဲ့အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့လူတွေ သို့ အများသုံးရေကူးကန်၊ ရေချိုးခန်းမျက်နှာပြင်တွေနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရနိုင်ပါတယ်။ အန္တရာယ်မပေးနိုင်တဲ့အတွက်ကြောင့် ကုသမှုပေးဖို့မလိုအပ်ပါဘူး။ နာကျင်မှုခံစားရတဲ့အခါမှာတော့ ဖယ်ထုတ်ဖို့ salicylic acidသုံးနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဖယ်ရှားဖို့ မီးကင်ခြင်း၊ အေးခဲစေခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်းက ပိုကောင်းပါတယ်။   မန်းရည်ရှိသောအနာများ သင့်အရေပြားမှာ အရည်ကြည်တွေနဲ့ပြည့်နေတဲ့ အရည်အိတ်ဖြစ်နေခြင်းဖြစ်တယ်။ သင့်ခြေထောက်တစ်နေရာတည်းကို ရှူးဖိနပ်နဲ့ထပ်တလဲလဲပွတ်တိုက်မိခြင်း ၊ သင့်ဖိနစ်ချောင်လွန်းခြင်း၊ ကျပ်လွန်းခြင်း၊ ရှူးဖိနပ်စီးတဲ့အခါတွေမှာ ခြေစွပ်မစွပ်ခြင်းကဲ့သို့သောသင့်အရေပြားကိုဆက်တိုက်ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ သင့်အတွက်အကြံပေးလိုတာကတော့ သင့်မှာအရည်ကြည်အိတ်ရှိနေတယ်ဆိုရင် သွားမထိဖို့ဖြစ်ပါတယ်။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ခြေထောက်မှာသဲဝဲရှိကြောင်း သတိပေးနေသည့်လက္ခဏာများ

သဲဝဲက ခြေထောက်ကိုအဓိကအသုံးပြုနေရတဲ့သူတွေနဲ့ အားကစားသမားတွေမှာပဲ ရနိုင်တယ်လို့သင်တွေးကောင်းတွေးထင်နိုင်ပေမဲ့အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အတွေ့ရများတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ခြေထောက်ကို အများဆုံးအသုံးပြုပြီးလှုပ်ရှားနေရတဲ့ အားကစားသမားတွေမှာ အများဆုံးတွေ့လေ့ရှိတာကြောင့် သဲဝဲ (athlete's foot) လို့ခေါ်ခြင်း ဖြစ်ပါတယ်။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်နိုင်ပါတယ်။ ခြေဖဝါးနဲ့ခြေချောင်းတွေကြားမှာဖြစ်တတ်တဲ့ အလွန်အတွေ့ရများတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေပြားအကြေးခွံထသလို နီပြီးပေါက်ပြဲနာကနေတစ်ဆင့် အရည်တွေတစိမ့်စိမ့်ထွက်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ မှိုပိုးစွဲခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အချို့သောကိစ္စတွေမှာ ဆုံးဖြတ်ရခက်တာကြောင့် အကြောင်းရင်းကိုဆုံးဖြတ်ရာမှာ သင့်တော်တဲ့စမ်းသပ်စစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။ သတိပေးလက္ခဏာတွေက ဘာတွေလဲ။ ခြေထောက်မှာ သဲဝဲကူးစက်ပိုးဝင်နေကြောင်းကို ဖော်ပြနေတဲ့လက္ခဏာတွေ အများကြီးရှိနေပါတယ်။ လူတစ်ဦးချင်းစီအလိုက် မတူနိုင်ပါဘူး။ အောက်ပါလက္ခဏာတွေ သင့်မှာတစ်ခုသို့တစ်ခုထက်ပိုပြိးရှိခဲ့မယ်ဆိုရင် သဲဝဲဖြစ်နေတာဖြစ်နိုင်ပါတယ်။ ခြေချောင်းကြားတွေနဲ့ခြေဖဝါးမှာ ယားခြင်း၊ တဆစ်ဆစ်စူးခြင်း၊ ပူခြင်း ခြေဖဝါးမှာ ယားနာအရေကြည်အိတ်ထခြင်း ခြေဖဝါးအရေပြားများ ကွာကျခြင်း၊ အဖြစ်အများဆုံးနေရာကတော့ ခြေချောင်းကြားနေရာတွေနဲ့ခြေဖဝါး သင့်ခြေဖဝါးအရေပြား ခြေထောက်စောင်းအရေပြားများ ခြောက်သွေ့ခြင်း ခြေသည်းအရောင်ပြောင်းခြင်း၊ ထူခြင်း၊ ကျိုးပဲ့ခြင်း၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Jock Itch (ပေါင်ခြံမှိုစွဲရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Jock Itch (ပေါင်ခြံမှိုစွဲရောဂါ) ကဘာလဲ။ Jock itch သည် အဖြစ်များသော dermatophhytes ဟုခေါ်သော မှိုစွဲခြင်း တစ်မျိုးကြောင့် ဖြစ်သော ပေါင်ခြံနေရာတွင် ယားယံခြင်းဖြစ်သည်။ ထိုမှိုစွဲခြင်းသည် အမွှေးလိုပင် အသားရေပေါ်တွင် သဘာဝအားဖြင့် ရှိနေကြသည်။ ပူနွေးပြီး စိုစွတ်သော နေရာတွင် ရှင်သန်ပေါက်ပွားပြီး အနီရောင်အကွက်များပေါ်ခြင်းဖြင့် အလွန်ယားယံခြင်းကို ဖြစ်စေသည်။ Jock Itch (ပေါင်ခြံမှိုစွဲရောဂါ) က ဘယ်လောက်အဖြစ်များသလဲ Jock itch သည် အဓိကအားဖြင့် ယောက်ျားများတွင်ဖြစ်သော အရေပြားတွင် ရောဂါပိုးဝင်ခြင်းဖြစ်ပြီး၊ ယောကျာ်းများ၏ ခန္ဓ္ဓါကိုယ်တည်ဆောက်ပုံကြောင့် ဖြစ်သည်။ လက္ခဏာများJock Itch (ပေါင်ခြံမှိုစွဲရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုအခြေအနေတွင် ပေါင်ခြံနှစ်ဘက်လုံးတွင် အနီ သို့မဟုတ် ပန်းရောင် အကွက်များပေါ်တတ်သည်။ ထိုနေရာတွင် အမြဲယားယံနေပြီး ပူနေနိုင်သည်။ အကွက်၏ အစွန်းဘက်တွင် အရည်ကြည်ဖုအသေးစားများပေါက်နေနိုင်ပြီး ထိုအရေပြားသည် အခွံများကွာကျပြီး၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Dyshidrosis (နှင်းခူစို)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dyshidrosis (နှင်းခူစို) ကဘာလဲ။ နှင်းခူစိုသည်လက်ဖဝါး ခြေဖဝါးများပေါ်တွင်အရည်ကြည်ဖုလေးများပေါက်သော အရေပြားရောင်ရမ်းမှုဖြစ်စဉ် တမျိုးဖြစ်ပါသည်။ ထိုအရည်ကြည်ဖုလေးများသည် ၁-၂ မီလီမီတာရှိပြီး ၃ပတ်အကြာတွင် အနာကျက်သွားပါသည်။ အနာကျက်ပြီးနောက်နီရဲနေခြင်းမျိုးမရှိသော်လည်း ပြန်ဖြစ်နိုင်ချေရှိပါသည်။ မကြာခဏ ပြန်ဖြစ်သောအခါ အရေပြားအက်ကွဲကြောင်းများဖြစ်ခြင်း၊ ထူပြင်းလာခြင်းတို့ဖြစ်နိုင်ပါသည်။ Dyshidrosis (နှင်းခူစို) က ဘယ်လောက်အဖြစ်များသလဲ နှင်းခူစိုသည် လက်အရေပြားရောင်ရမ်းသော ရောဂါများတွင် တတိယအဖြစ်များဆုံးရောဂါဖြစ်ပြီး အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆပို အဖြစ်များကြောင်းတွေ့ရသည်။ နှင်းခူစိုဖြစ်သော သူတဝက်ခန့်သည် အရေပြားဓါတ်မတည့်ခြင်းကြောင့် ယားယံခြင်းများနှင့် တွဲလေ့ရှိကြောင်းလည်းတွေ့ရသည်။၎င်းသည်လည်း အတွေ့ရများသော နှင်းခူမျိုးပင်ဖြစ်ပါသည်။ သို့သော်နှင်းခူသည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများDyshidrosis (နှင်းခူစို) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့သော အရည်ကြည်ဖုများကို အောက်ပါအတိုင်းတွေ့ရသည်။ ၃မီလီမီတာထက်သေးသော အဖုများ သည်လက်ချောင်းခြေချောင်းများ၏ ထိပ်၊ ဘေး နှင့် လက်ဖဝါး၊ ခြေဖဝါးများတွင်တွေ့ရသည်။ အရည်နောက်ပြီး အရေပြားထဲနက်သော အဖုများ သည်အသားနှင့် တပြေးတည်း သိုကမဟုတ် အနည်းငယ်သာကြွတက်နေခြင်းကြောင့် အလွယ်တကူပေါက်သွားခြင်းမျိုးမရှိပေ။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်