ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ ကဲ .... ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ # ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုးတန် သဘာဝအပင်လေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကို အေးမြကောင်းမွန်စေပြီး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှားစောင်းလက်ပပ်ကို အလှကုန်ပစ္စည်းတွေမှာ အများအပြားထည့်သွင်း ထုတ်လုပ်ကြပါတယ်။  ဒါ့အပြင် ရောင်ရမ်းခြင်းတွေ၊ အနာတွေကို သက်သာစေနိုင်ပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် Aloe vera ကို ဆေးဝါးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/skin-health/skin-care-cleansing/how-to-use-aloe-vera-for-sunburn/ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ ဆိုတော့ ၁။ ဦးရေပြား ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။ Aloe vera ရဲ့ anti-inflamatory လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အစွမ်းသတ္တိကြောင့် ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေ အတွက် ယားယံတာတွေကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။ ၂။ အဆီပိုတွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

ကျားမ မရွေး လူတိုင်း နီးပါးဟာ မိမိတို့ ဆံသားတွေ ကျန်းမာလှပနေတာကို လိုလားကြ ပါတယ်။ ဆံသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ လူတစ်ဦးချင်းစီ အလိုက် ကွဲပြားမှု ရှိပါတယ်။ အခုဆောင်းပါးလေးမှာတော့ ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ နဲ့ ဖြေရှင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်။ ဆံပင် နဲ့ ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ ကတော့ (၁) ဗောက်ထခြင်း ဗောက်ထခြင်းဟာ အဖြစ်များသော ဆံသား ပြဿနာ တစ်ခု ဖြစ်ပြီး အာဟာရ ပြည့်ဝအောင် မစားခြင်း၊ ဦးရေပြား ပိုးဝင်ခြင်း နဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်များ မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ ရှိတတ်ပါတယ်။ ဘယ်လို ဖြေရှင်းမလဲ - အရည်အသွေး ကောင်းသော ဗောက်ပျောက် ခေါင်းလျှော်ရည်ဖြင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်းလမ်းညွှန်  ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ခေါင်းလျှော်ပါ ခေါင်းလျှော်တာက ဆံသား ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်တစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ခဏခဏခေါင်းလျှော်နေဖို့တော့ မလိုပါဘူး။ ခေါင်းမလျှော်တာက ဆံသားကို ထိခိုက်စေသလို ခဏခဏ ခေါင်းလျှော်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသား အမျိုးအစားကို လိုက်ပြီး တစ်ပတ်ကို ၂ ကြိမ် ဒါမှမဟုတ် ၂ ရက်ခြား တစ်ကြိမ်လောက် လျှော်ပေးဖို့ လိုပါမယ်။ အားကစား လုပ်တဲ့သူဆိုရင်တော့ အားကစား လုပ်ပြီးတိုင်း ခေါင်းလျှော်ပေးဖို့ လိုပါမယ်။ ခေါင်းလျှော်တိုင်းမှာ ခေါင်းလျှော်ရည်တွေကို ပြောင်စင်အောင် ဆေးကြောပစ်ဖို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ

ဆံပင်ဆေးဆိုးတယ်ဆိုတာ အမျိုးသမီးတွေ သိပ်သဘောကျတတ်ကြတဲ့ အလှအပရေးရာ နည်းလမ်းတစ်မျိုးပေါ့။ အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးက ဆံပင်အရောင်ဟာ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ဆက်စပ်နေတယ်လို့ ဆိုကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတယ်ပေါ့။ ဒါပေမဲ့ ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ ဆိုတာကိုရော တွေးပြီးပြီလား။ ဘာကြောင့်လဲဆိုတော့ ဆိုးလိုက်တဲ့အရောင်တိုင်းက သင့်ကို လှပစေမယ်လို့ ယုံကြည်လို့ရပါ့မလား။ တကယ်တော့ မဖြစ်နိုင်ပါဘူးနော်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ပြောင်းလဲလိုက်တဲ့ ဆံပင်အရောင်က ကိုယ်နဲ့ မလိုက်ဖက်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ မကောင်းဘူးနော်။ ဘာလို့လဲဆိုတော့ ဆံပင်ဆေးဆိုးတယ်ဆိုတာက ငွေကုန်ကြေးကျကလည်းရှိသလို ကျန်းမာရေးနဲ့ သိပ်ပြီး ညီညွတ်လှတဲ့ ကိစ္စတော့မဟုတ်ဘူးလေ။ ဒီလို စွန့်စွန့်စားစားလုပ်ရတဲ့ကိစ္စမှာ အမှားအယွင်းမရှိဖို့က သိပ်ကိုအရေးကြီးလှပါတယ်။ ဒီတော့ လှပချင်တဲ့ပျိုမေတို့အတွက် ဆံပင်အရောင်ပြောင်းလဲခြယ်သတော့မယ်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်ညီအောင် ဘယ်လို ရွေးချယ်ကြရလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပါရစေ။ ဘယ်လို ဆံပင်အရောင်မျိုး […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

DHT ဟော်မုန်းကို တားမြစ်ပေးပြီး ဆံပင်သန်စေမည့် အစားအသောက် ၆ မျိုး

DHT ဆိုတာကတော့ Dihydrotestosterone ဟော်မုန်းကို အတိုကောက်ခေါ်ဝေါ်တာဖြစ်ပြီး အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါဟော်မုန်းဟာ တက်စတိုတုန်းဟော်မုန်းနဲ့ ဆင်တူပါတယ်။ သင့်ကိုယ်ခန္ဓာဟာ တက်စတိုစတီရုန်းဟော်မုန်းရဲ့ ၅ရာခိုင်နှုန်းခန့်ကို 5-Alpha redustase လို့ခေါ်တဲ့ အင်ဇိုင်းကို အသုံးပြုပြီး DHT အဖြစ် ပြောင်းလဲပါတယ်။ အစားအစာတချို့ဟာ အဆိုပါအင်ဇိုင်းကို တားဆီးပေးပြီး DHT ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် သဘောတရားအရ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ DHT ဟော်မုန်းကို တားဆီးပေးပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ၁။ Green Tea Green Tea မှာ epigallocatechin gallate (EGCG) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဆိုပါ EGCG ဟာ ကိုယ်အလေးချိန်ထိန်းပေးခြင်း၊ နှလုံးနဲ့ဦးနှောက်ကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်များကို သန်စွမ်းနေမည့် ဗီတာမင်နှင့် အာဟာရဓာတ်များ

ဆံပင်များ နက်မှောင်သန်စွမ်းခြင်းဟာ ကျန်းမာခြင်း၊ လှပခြင်းရဲ့ သင်္ကေတလို့ လူအများစုကို ရှုမြင်ကြပါတယ်။ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ ဆံပင်များဟာလည်း ကောင်းစွာသန်စွမ်းနိုင်ဖို့ အာဟာရဓာတ် အမျိုးမျိုး လိုအပ်ပါတယ်။ အသက်အရွယ်၊ မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် ဆံပင်သန်ဖို့ဆိုရင် အာဟာရဓာတ်တွေဟာ အဓိကကျပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဆံပင်များ သန်းစွမ်းကျန်းမာစေဖို့ အရေးကြီးတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ၁။ ဗီတာမင် A ဆဲလ်အားလုံးဟာ ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင် A ကို လိုအပ်ပါတယ်။ ဆံပင်တွေအတွက်လည်း ဒီအတိုင်းပါပဲ။ ဗီတာမင် A ဟာ အရေပြားဂလင်းတွေကနေ ဆီဘမ် (sebum) လို့ခေါ်တဲ့ အဆီဓာတ်တမျိုးကို ထုတ်လုပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဆီဘမ်ဟာ ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဆံပင်များကို သန်စွမ်းစေပါတယ်။ ဗီတာမင် A ချို့တဲ့ရင်လည်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်နေ့ကို ဆံပင် ၅၀ကနေ ၁၀၀လောက် ကျွတ်နိုင်ပါတယ်။ ဒါက ပုံမှန်သတ်မှတ်ထားတဲ့ ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ဆံပင်ကျွတ်တဲ့ ပမာဏပါ။ ဒီထက်ပိုပြီး ဆံပင်ကျွတ်တာမျိုး၊ ဆံပင်အထွေးလိုက်ကြီး ကျွတ်တာမျိုး၊  အလိုအလျောက်ကျွတ်လာတာမျိုးဆိုရင်တော့ စိုးရိမ်စရာလိုလာပါပြီ။ ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို စဉ်းစားသင့်ပါပြီ။ အသက်ကြီးလာလို့ သဘာဝအတိုင်း ထိပ်ပြောင်တာမျိုးမဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာက တော်တော့်ကို အလှအပရေးရာအရ တော်တော်လေးကို အဆင်မပြေတဲ့ ပြဿနာပါ။ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။ ဒါဆို ဘာလို့ ဆံပင်တအားကျွတ်လာတာလဲ။ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်းပေါက်များကို ထိခိုက်စေတဲ့အတွက် ဆံပင်အများအပြား ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်းလျှော် တိုင်း လုပ်မိတတ်တဲ့ အမှား (၆) ခု

ခေါင်းလျှော် မယ်။ ဆံပင်လေး ပုံကျနေအောင်လို့၊ ဆံပင်တွေ စေးကပ်နေလို့၊ ဆံပင်လေး ပျော့ပျောင်းချင်လို့၊ ပေါင်းတင်ချင်လို့၊ ဆံပင်အလှပြုပြင်မလို့ ခေါင်းလျှော်ကြတယ်။ ကိုယ်တိုင် အိမ်မှာ လျှော်သလို ဆိုင်မှာလည်း သွားလျှော်တယ်။ ဒါပေမယ့် ခေါင်းလျှော်တိုင်း ဆံကေသာ လှသွားတာကိုပဲ ကြည့်လို့မရပါဘူး။ နည်းလမ်းမှားတွေ လုပ်မိနေတဲ့အခါ ကြာလာတာနဲ့အမျှ ဆံကေသာကျန်းမာရေးကို ထိခိုက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆံသားကျန်းမာရေးကို ဂရုစိုက်ပါ၊ ရေရှည်အလှကို လိုလားရင်ပေါ့။ ခေါင်းလျှော် ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ မှားလုပ်မိတတ်ကြလဲ နေ့စဉ်ဘဝမှာ ဒါကို ဂရုစိုက်ဖို့တော့ လိုမယ်နော်။ ခေါင်းမလျှော်ဘဲမှ မနေနိုင်တာကိုး။ ကိုယ့်ရဲ့ လက်ရှိ ခေါင်းလျှော်နည်းက မှန်လား၊ မှားလား ဆန်းစစ်ကြည့်ဖို့ လိုတယ်လေ။ (၁) ဦးရေပြား ကို ကုတ်လျှော်တာ တချို့ဆို ဆိုင်မှာ သွားလျှော်ရင် များများကုတ်ပေးခိုင်းတာတောင် ရှိပါသေးတယ်နော်။ ဦးရေပြားကို လက်သည်းနဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အသက်က ငယ်ငယ် ဆံပင်ဖြူ လေးနဲ့ရယ်

ဆံပင်ဖြူ ပေါက်နေပြီ ဆိုရင် အသက်ကြီးလာတဲ့ လက္ခဏာ အဖြစ် သိထားကြတာပါ။ ဒါပေမယ့် ကျောင်းသားအရွယ် တည်းက ဆံပင်ဖြူလေးတွေ ရှိနေကြတဲ့ သူတွေဆို ဘယ်လိုမျိုးပါလိမ့်နော်။ ငယ်ငယ်လေးပေမယ့် ဆံပင်ဖြူ ရှိနေကြသူတွေအတွက် ဆက်ပြီး လေ့လာကြည့်ရအောင်။ လူငယ်တွေ ဘာလို့ ဆံပင်ဖြူကြလဲ အရွယ်မတိုင်ခင် ဆံပင်ဖြူ ပေါက်ရတာ စိတ်ဖိစီးမှု များလို့၊ စိတ်ပင်ပန်းရလို့ ဆိုပြီး ယူဆကြတာပါ။ ဒါပေမယ့် တခြားအကြောင်းရင်းတွေလည်း အများကြီးရှိနေပါသေးတယ်နော်။ (၁) သိုင်းရွိုက်ရောဂါ ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သိုင်းရွိုက်ရောဂါ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ အလုပ်လုပ်တာ များလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ဖြစ်လာစေနိုင်ပါတယ်။ (၂) ဗီတာမင် B12 ချို့တဲ့ခြင်း B12 ဓာတ် ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အမျိုးသားတွေအတွက် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်

ဆံပင်က ဒုတိယမျက်နှာဆိုတဲ့ စကားက အမျိုးသမီးတွေတင်မဟုတ်ဘဲ အမျိုးသားတွေမှာလည်း မှန်ပါတယ်။ အမျိုးသမီးတွေက ဆံပင်ကို အချိန်ပေး ဂရုစိုက်တတ်ကြပေမယ့် အမျိုးသားတွေကတော့ ခေါင်းလျှော်တယ်၊ ဆံပင်ရှည်လာရင် ညှပ်တယ်ဆိုတာလောက်ပဲ လုပ်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း ဆံသားကို တသသ လုပ်မနေရင်တောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆံပင်ကျဲတာ၊ ထိပ်ပြောင်တာတွေ ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်စေဖို့ အမျိုးသားတိုင်း လိုက်နာဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း တွေကို ပြောပြပေးပါရစေ။ အမျိုးသားတိုင်း သိထားဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန် ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို သုံးပါ ဆံသား ကျန်းမာရေးအတွက် အရေးပါတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တဲ့အခါ ဆံသား နဲ့ ဦးရေပြားကို ထိခိုက်မှု ကင်းကင်းနဲ့ အကောင်းဆုံး သန့်စင်ပေးမယ့် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း