ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 29, 2020 . 2 mins read
Share now

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်းလမ်းညွှန် 

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့

ခေါင်းလျှော်ပါ

ခေါင်းလျှော်တာက ဆံသား ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်တစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ခဏခဏခေါင်းလျှော်နေဖို့တော့ မလိုပါဘူး။ ခေါင်းမလျှော်တာက ဆံသားကို ထိခိုက်စေသလို ခဏခဏ ခေါင်းလျှော်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် ဆံသား အမျိုးအစားကို လိုက်ပြီး တစ်ပတ်ကို ၂ ကြိမ် ဒါမှမဟုတ် ၂ ရက်ခြား တစ်ကြိမ်လောက် လျှော်ပေးဖို့ လိုပါမယ်။ အားကစား လုပ်တဲ့သူဆိုရင်တော့ အားကစား လုပ်ပြီးတိုင်း ခေါင်းလျှော်ပေးဖို့ လိုပါမယ်။

ခေါင်းလျှော်တိုင်းမှာ ခေါင်းလျှော်ရည်တွေကို ပြောင်စင်အောင် ဆေးကြောပစ်ဖို့ မမေ့ပါနဲ့။

Conditioner သုံးပါ

ခေါင်းလျှော်တာက ဆံသား ကျန်းမာစေဖို့ လုပ်ဆောင်ရမယ့် ပထမအဆင့်ဆိုရင် conditioner သုံးတာက ဆံသား ကျန်းမာစေဖို့ လိုက်နာရမယ့် ဒုတိယ အဆင့်ပါ။ ဆံပင်ကို conditioner  သုံးမှ ဆံပင်က ခြောက်သွေ့ ပွရောင်းတာ၊ ပျက်စီးတာမျိုး မရှိစေမှာပါ။

ဒါကြောင့် ဆံပင်ကို ခေါင်းလျှော်ပြီးတိုင်း conditioner  သုံးပေးပါ။

အပူချိန် ပြင်းပြင်းရှောင်ပါ

ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို တဘက်နဲ့ ခပ်ဖွဖွလေး သုတ်ပါ။ ပြီးရင် လေးအေးအေးနဲ့ အခြောက်ခံပါ။ Dryer ကို အပူချိန် မြင့်မြင့်သုံးပြီး အခြောက်ခံတာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဆံသားကို ပျက်စီးစေနိုင်လို့ပါ။

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့

ခေါင်းလျှော်ပြီးလို့ ဆံပင်သုတ်တဲ့အခါ ခပ်ဖွဖွလေးပဲ သုတ်ပါ။ ကြမ်းကြမ်းတမ်းတမ်း ဖိပွတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဆံသားကို ထိခိုက်စေနိုင်လို့ပါ။

ဆီလိမ်းပါ

ဆံပင်ကို လိုအပ်တဲ့ အာဟာရ ဖြည့်နိုင်ဖို့ သံလွင်ဆီအုန်းဆီ စတာတွေကို တစ်ပတ်တစ်ကြိမ်လောက် ပုံမှန် လိမ်းပေးပါ။ ခပ်ပါးပါးလေး လိမ်းလို့ရသလို ခေါင်းမလျှော်ခင်မှာ ဦးရေပြားအထိ ရောက်အောင် လိမ်းပေးပြီး နာရီဝက်လောက်ထားလို့ ခေါင်းလျှော်ချလိုက်လို့လည်း ရပါတယ်။

ဆံသားကို ကျန်းမာစေပြီး လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးမှာပါ။

အာဟာရ ပြည့်ဝအောင် စားပါ

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုသလို ဆံသား ကျန်းမာစေဖို့အတွက်လည်း အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ဒါ​ကြောင့် ကျန်းမာ သန်စွမ်းတဲ့ ဆံသား ပိုင်ဆိုင်စေဖို့ဆိုရင် အာဟာရ ပြည့်ဝမျှတအောင် စားပေးပါ။

ဗောက်ပြဿနာ သတိပြုပါ

ဗောက်က ဆယ်ကျော်သက်တိုင်းလိုလို ခံစားရတဲ့ ဆံသား ပြဿနာပေါ့။ ဒီတော့ ခေါင်းလျှော်တဲ့အခါ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တာ၊ ဦးရေပြားကို နှိပ်နယ်တာမျိုး၊ ဆီလိမ်းတာမျိုး လုပ်ပြီး ဗောက်ပြဿနာကို ကာကွယ်ပါ။

အရမ်းပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား……. အဖြေကတော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ......... သွေးပျစ်မယ်ဆိုရင် လေဖြန်းတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကျေးဇူးတင် တတ်ပါစေ။

ကျေးဇူးတင် တတ်ပါစေ။ ဒီလိုပြောရတာက ကျေးဇူးတင်တတ်ခြင်းက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုဆိုတာထက် ပိုလို့ပါ။ ဒီတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ……

ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ...... ဘေဘီလေးတွေ သီချင်းဆိုတာကနေ ရနိုင်တာတွေကတော့ အများကြီးပါ။ ဘာတွေဖြစ်မလဲ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ.......

ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2021 . 2 mins read
Hybrid immunity ဆိုတာ ဘာများလဲ.........

Hybrid immunity ဆိုတာ ဘာများလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2021 . 2 mins read
အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2021 . 2 mins read
Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ.........

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 8, 2021 . 2 mins read