သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ

    အရင်က ဝက်ခြံ မပေါက်ပါဘူး။ အခု ကိုယ်ဝန်ဆောင်မှပဲ ပေါက်လိုက်တဲ့ဝက်ခြံတွေ စိတ်တောင်ညစ်လာပြီဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဒီဆောင်းပါးလေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လာတဲ့ ဝက်ခြံတွေကို ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးထားတာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ ဝက်ခြံ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာက ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတစ်ခုပါ။ အရင်က ဝက်ခြံမပေါက်တတ်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ ပတ်ကာလအတွင်းမှာ ဟော်မုန်းပမာဏမြင့်တက်မှုကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာက မေမေတိုင်းဖြစ်တာတော့ မဟုတ်ပါဘူး။ ဘယ်သူ့မှာဝက်ခြံပေါက်နိုင်လဲဆိုတာကိုလည်း ခန့်မှန်းရခက်ပါတယ်။တကယ်လို့ သင့်အနေနဲ့ ရာသီလာချိန်မှာ ဝက်ခြံပေါက်တတ်သူဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံဖြစ်နိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်ကာလမှာ ဝက်ခြံမထွက်ဘူးဆိုရင် နောက်ကျန်နေတဲ့ ဒုတိယ ၃ လပတ်ကာလမှာရော တတိယ ၃ လပတ်ကာလမှာပါ ဝက်ခြံပေါက်နိုင်ခြေနည်းသွားပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ……..

    ဝက်ခြံက အလှပျက်စေတဲ့အရာဖြစ်တာကြောင့် ကျန်တဲ့အချိန်တွေမှာ ဆေးဝါးတွေ၊ လိမ်းဆေးတွေသုံးပြီး ပျောက်ကင်းအောင် လုပ်လို့ရပေမယ့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ကတော့ မွေးမလာသေးတဲ့ဘေဘီလေးကို ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝဆေးနည်းတွေကို အသုံးပြုတာက အကောင်းဆုံးဖြစ်မှာပါ။

    ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည် တစ်ဆ ရေသုံးဆတို့ကိုရောစပ်ပြီး ဂွမ်းစလေးနဲ့တို့လို့ ဝက်ခြံတွေပေါ်မှာ လိမ်းပေးလို့ရပါတယ်။ မျက်နှာပေါ်က အဆီပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

    မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးပြီး အနာကျက်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆါုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောစပ်ပြီး ဝက်ခြံတွေပေါ်မှာ အုံပေးပါ။ခြောက်သွားရင်ရေဆေးချပေးပါ။

    သံပရိုသီး ဒါမှမဟုတ် သံပရာသီးတို့မှာ ပါဝင်နေတဲ့ Alpha hydroxy acid က ချွေးပေါက်တွေကို ပွင့်စေပြီး အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ညှစ်ထားတဲ့ သံပရာရည် ဒါမှမဟုတ် သံပရိုရည်ကို ဂွမ်းစလေးမှာ တို့ပြီး ဝက်ခြံတွေပေါ်မှာ လူးပေးပါ။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။
    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ခြောက်အောင်သုတ်ပြီး ဝက်ခြံတွေပေါ်ကို လူးပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်အထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
    ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားကို ချောမွေ့စေပြီး အစိုဓာတ်ရရှိစေပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် မျက်နှာကို အုန်းဆီစစ်စစ် လိမ်းအိပ်ပေးပါ။
    ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်လို့ စိတ်ညစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်ကြပါနော်၊ ကိုယ်ဝန်ဆောင်မေမေတို့ရေ……………..

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 28/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: