ဝက်ခြံကုသရာမှာ အသုံးပြုတဲ့ လိမ်းဆေးတွေကြောင့် အချို့လူတွေမှာ ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရတတ်ပါတယ်။ အရေပြားလောင်ခြင်း၊ နီရဲခြင်း၊ အကြေးခွံထခြင်း၊ အရောင်ပြောင်းလဲခြင်း စတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာအသုံးပြုသင့်သလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာခဲ့ရင်လည်း အရေပြားအထူးကုဆရာဝန်ဆီ သွားရောက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဝက်ခြံပြဿနာအတွက် အရေပြားလိမ်းဆေးတွေအပြင် ဘက်တီးရီးယားပိုးမွှားများ ထပ်မံပွားများမလာအောင် ထိန်းချုပ်ဖို့ ပဋိဇီဝဆေးဝါးများ သောက်သုံးရမှာ ဖြစ်ပါတယ်။ အချို့လူတွေကတော့ သောက်ဆေးတွေကြောင့် အစာအိမ်မကောင်းခြင်း၊ မူးဝေခြင်း စတဲ့ လက္ခဏာတွေ ခံစားရတယ်လို့ ဆိုကြပါတယ်။
ဝက်ခြံဖုကြီးတွေနဲ့ ဝက်ခြံအိတ်တွေကို ဘယ်လိုကုသရမလဲ
အကယ်၍များ ကံမကောင်းစွာနဲ့ ဝက်ခြံဖုကြီးတွေ၊ ဝက်ခြံအိတ်တွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ မိမိဘာသာ ကုသတာမျိုး မလုပ်ဘဲ အရေပြားအထူးကုဆရာဝန်နဲ့ မဖြစ်မနေပြသဖို့ လိုမှာဖြစ်ပါတယ်။ မိမိဘာသာ ကုသခြင်းဟာ ၎င်းအခြေအနေတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပဋိဇီဝဆေး၊ retinoid တွေနဲ့ မသက်သာဘူးဆိုရင် သင့်ဆရာဝန်က isotretinoin ခေါ် ဆေးတစ်မျိုး အသုံးပြုဖို့ ညွှန်ပေးလိမ့်မှာ ဖြစ်ပါတယ်။ ဒီဆေးဟာ ဝက်ခြံဂလင်းတွေရဲ့ အရွယ်အစားကို လျော့ကျစေပြီး အမာရွတ်ကျန်ခဲ့ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ဒီဆေးကြောင့် ကလေးငယ်တွေမှာ မွေးရာပါချို့ယွင်းမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ အသုံးပြုဖို့ မသင့်တော်ပါဘူး။ အခြားအခြေအနေတွေမှာလည်း ဒီဆေးအသုံးပြုဖို့ သင့်တော်မတော် အရေပြားအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမျိုးသမီးများတွင် ဟော်မုန်းကြောင့် ဝက်ခြံထွက်ခြင်းကို ဘယ်လိုကုသရမလဲ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။