စိတ်ကလောကြီးနေတာနဲ့ အထဲထိ လက်နဲ့နှိုက်ချွတ်ဆေးကြောနေရင် ပွန်းပဲ့ထိခိုက်မိပြီး ပိုးဝင်တာ၊ သုက်ပိုးက အထဲကိုဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်ဖို့ မလောပါနဲ့။ မိန်းမကိုယ်ကိုလည်း ဆပ်ပြာတွေ၊ စပရေးတွေနဲ့ သန့်စင်တာမျိုး မလုပ်ပါနဲ့။
၂။ ဆီးအမြန်သွားစရာလည်း မလိုပါဘူး။
ရေချိုးရမှာကို အချိန်ကုန်လို့၊ အလုပ်ရှုပ်တယ်လို့ ထင်ကြတဲ့သူတွေအတွက် နောက်ထပ်သန့်ရှင်းရေးလုပ်လို့ရမယ့် နည်းလမ်းက ဆီးသွားတာပဲလို့ ထင်တတ်ကြပါတယ်။ ဆီးနဲ့အတူ မိန်းမကိုယ်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေ အပြင်ထွက်သွားကောင်း ထွက်သွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ပေါ့။ တကယ်တော့ ဒီလိုလုပ်လို့ ထိရောက်သွားတဲ့ အကျိုးရလဒ်မျိုး မရှိနိုင်ပါဘူး။
ဆီးသွားမယ်ဆိုရင်လည်း အိပ်ရာပေါ်မှာ ချစ်တဲ့သူနဲ့အတူ နေပြီးမှ ထသွားပါ။ ချက်ချင်းထသွားတာမျိုးတော့ မလုပ်ပါနဲ့။ ဆက်ဆံအပြီး နာရီဝက်အတွင်း ဆီးသွားတယ်ဆိုရင်တော့ သင့်ရဲ့ ဆီးလမ်းကြောင်းမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး။
၃။ စအိုဖြင့် လိင်ဆက်ဆံတာကတော့ ချွင်းချက်ပါ။
မိန်းမကိုယ်နဲ့ မဟုတ်ဘဲ စအိုဖြင့် ထိုးသွင်းဆက်ဆံတာဆိုရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ အမြန်သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ မိန်းမကိုယ်ထက် ပိုနူးညံ့ပြီး ကျပ်လွန်းတဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့်ရော၊ အညစ်အကြေးပေါင်းစုံ ထွက်လာတဲ့နေရာဖြစ်တာမို့ လိင်ဆက်ဆံပြီးတာနဲ့ အမျိုးသားဆိုရင် လိင်တံပတ်ပတ်လည်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။