အချိန်မတန်ခင်သုက်လွှတ်ခြင်း ဟာ အမျိုးသားတွေမှာ လိင်ဆက်ဆံမှုရဲ့အစမှာ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အနည်းငယ် ရရှိရုံနဲ့ သုက်လွှတ်ခြင်းကို ဆိုလိုပါတယ်။ အချိန်မတန်ခင် သုက်လွှတ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်း တစ်မျိုးဖြစ်ပါတယ်။ ဆရာဝန်တွေက အမျိုးသားတွေရဲ့ ၂၀-၃၀% လောက်ကအချိန်မတန်ခင် သုက်လွှတ်ခြင်းကို တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကြုံတွေ့ရတတ်တယ်လို့ ဆိုပါတယ်။
အချိန်မတန်ခင် သုက်လွှတ်တတ်တဲ့ အမျိုးသားတွေဟာ ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်နေရပါတယ်။ စိတ်ဖိစီးခြင်း၊ စိုးရိမ်စိတ်များ ခြင်း၊ စိတ်မထိန်းချုပ်နိုင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။
အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဖြစ်စေတဲ့အကြောင်းရင်းများ
ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများစွာ ရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကတော့
- စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှုနဲ့ ပတ်သက်နေတဲ့ လိင်ဆက်ဆံမှုတွေမှာ အဖြစ်များပြီး လူမြင်မှာ စိုးတာကြောင့် အမြန်ပြီးဖို့ လိုအပ်တဲ့ အခြေအနေမျိုးမှာဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမျိုးသားတွေက ခံစားမှုလွန်ကဲပြီး ဖြည်းညင်းစွာ မလုပ်ဆောင်နိုင်ဘဲ လိင်ပိုင်းဆိုင်ရာ သာယာမှုရရှိရန် ခဲယဉ်းပါတယ်။
- လိင်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု (သို့) အခြားဘဝ ပြဿနာတွေအတွက် စိတ်လှုပ်ရှားခြင်း- ဒါဟာ လှုံ့ဆော်မှုပိုဖြစ်စေပြီး အချိန်မတန်ခင် သုက်လွှတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
- လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှာကို စိုးရိမ်ခြင်း- အမျိုးသားတွေဟာ လိင်တံထောင်မတ်မှုကို ကြာရှည်ထိန်းထားလိုမှု၊ သုက်ပိုးအမြန်ထွက်မှာကို စိုးရိမ်မှု စတာတွေက သုက်လွှတ်စောတာကို ဖြစ်စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။