Ice လို့ခေါ်ကြတဲ့ Crystal meth

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

Ice ဆိုတာ ဘာလဲ

Ice ဆိုတိုင်း ရေခဲမဟုတ်ပါ။ methamphetamine အခဲပုံစံကို ice လို့ ခေါ်ကြတာဖြစ်ပါတယ်။Crystal meth ၊shabu၊ crystal ၊ glass ၊shard စတဲ့ အခေါ်အဝေါ်အမျိုးမျိုးရှိပါတယ်။ Crystal meth က ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတဲ့ စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖြစ်ပါတယ်။ မူးယစ်ခံစားမှုတာရှည်စေတတ်ပြီး စွဲလမ်းစေနိုင်စွမ်းမြင့်မားတဲ့ တရားမဝင်မူးယစ်ဆေးပါ။

ကြည်လင်တဲ့ ပုံဆောင်ခဲအချောင်းလေးတွေပုံစံဖြစ်လို့ ice သို့မဟုတ်glass လို့ခေါ်တတ်ကြတဲ့Crystal meth ဟာ အနံ့မရှိ၊ပြာလဲ့လဲ့ သို့မဟုတ် အရောင်မရှိတတ်ပါဘူး။ ပါတီတွေ၊ ပွဲတွေမှာသုံးလေ့ရှိပြီး ပုံမှန်အားဖြင့် ဖန်ပြွန်ပိုက်နဲ့ရှူတတ်ကြပေမယ့် မျိုချတာ၊ ရှိုက်ရှူတာ၊ နည်းအမျိုးမျိုးနဲ့သုံးတတ်ကြပါတယ်။ ဒါကိုသုံးလိုက်ရင် ခဏတာအတွင်းမှာပဲ စိတ်ကူးယဉ် လောကနိဗ္ဗာန်ကိုခံစားရတယ် သို့ ရောက်ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အန္တရာယ်များလွန်းပြီး ခန္ဓါကိုယ်ကိုထိခိုက်စေတဲ့အပြင် ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုသုံးကြလဲ

Crystal meth ကို အများအားဖြင့် ရှူရှိုက်ခြင်း၊ အပ်နဲ့ထိုးသွင်းခြင်းနည်းနဲ့ သုံးကြပြီး ၃ စက္ကန့်ကနေ ၇ စက္ကန့်အတွင်း သာယာခံစားမှုရနိုင်တယ်လို့ဆိုပါတယ်။ တချို့က မျိုချကြပြီး(၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အတွင်း ခံစားမှုရ)တချို့က ရှိုက်ရှူကြပါတယ်(၃မိနစ်ကနေ ၅ မိနစ်အတွင်း ခံစားမှုရနိုင်)။ ဒီနည်းတွေအပြင် Crystal meth ကို စအို သို့မဟုတ် ဆီးလမ်းကြောင်းထဲကို ထည့်သွင်းတတ်ကြပါသေးတယ်။

ဆေးသုံးနေသူတစ်ယောက်မှာ ဘယ်လိုလက္ခဏာတွေရှိတတ်လဲ

ကိုယ့်မိသားစု သို့မဟုတ် ချစ်ခင်ရတဲ့လူတစ်ယောက်မှာ အပြောင်းအလဲတွေဖြစ်လာတာ သတိထားမိရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။Meth သုံးနေသူ သို့မဟုတ် စွဲနေသူတစ်ယောက်မှာ –

  • ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင် သို့မဟုတ် ဖြီးလိမ်းပြင်ဆင်မှုနဲ့ပတ်သက်ပြီး ဂရုမစိုက်တော့ခြင်း
  • အမြဲလိုလို ဆံပင်တွေနုတ်နေခြင်း၊ အရေပြားကိုဆိတ်ဆွနေခြင်း
  • အစာစားချင်စိတ်မရှိ၊ ကိုယ်အလေးချိန်ကျလာခြင်း
  • မျက်စိသူငယ်အိမ်ကျယ်လာပြီး မျက်လုံးအကြည့်ဂနာမငြိမ်ခြင်း
  • အိပ်စက်မှုပုံစံ ပုံမှန်နဲ့မတူခြင်း- ရက်အတော်ကြာ သို့မဟုတ် ရက်သီတင်းပတ်နဲ့ချီပြီး မအိပ်ခြင်း
  • လမ်းလျှောက်ပုံ ဆတ်တောက်ဆတ်တောက်ဖြစ်ခြင်း၊ လှုပ်ရှားမှုအပြောင်းအလဲမြန်ခြင်း၊ မျက်နှာမှာ ဆတ်ခနဲအကြောဆွဲတတ်ခြင်း၊ တက်ကြွလွန်အပြုအမူများ၊ စကားအဆက်မပြတ်ပြောလွန်းခြင်း
  • မကြာခဏငွေချေးလာခြင်း၊ ပိုင်ဆိုင်မှုများရောင်းချလာခြင်း၊ အိမ်ကပစ္စည်းခိုးယူခြင်း
  • ပေါက်ကွဲဒေါသထွက်လွယ်ခြင်း၊စိတ်အပြောင်းအလဲမြန်ခြင်း
  • ယုံမှားသံသယလွန်ကဲမှု နဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်းတို့လို စိတ်ဝေဒနာအမူအရာများရှိလာခြင်း တို့ထဲက အချက်အတော်များများဖြစ်လာတာကို တွေ့ရတတ်ပါတယ်။

ဘယ်လိုသက်ရောက်မှုရှိသလဲ

Meth/Ice ရဲ့အာနိသင်က ၆ နာရီဝန်းကျင်အထိရှိနိုင်ပေမယ့်ဆေးသုံးပြီး ရက်အနည်းငယ်ကြာတဲ့အထိ အိပ်မပျော်နိုင်ဖြစ်နေတတ်ပါတယ်။ Ice ရဲ့အာနိသင်က တစ်ယောက်နဲ့တစ်ယောက်မှာမတူတတ်ကြပါဘူး။

  • Meth က သုံးစွဲသူရဲ့ခန္ဓါကိုယ်အပူချိန်ကိုမြင့်တက်စေတာကြောင့် အပူချိန်မြင့်လွန်းတဲ့အခါ သတိလစ်စေနိုင်သလို သေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။
  • ဆေးသုံးသူတစ်ယောက်ဟာ စိတ်ပူပန်လာ၊ စိတ်ရှုပ်ထွေးလာပြီး အိပ်မပျော်၊ စိတ်အပြောင်းအလဲမြန်၊နောက်ဆုံးမှာ ကြမ်းတမ်းလာနိုင်ပါတယ်။
  • သွင်ပြင်လက္ခဏာတွေက သိသိသာသာပြောင်းလဲလာနိုင်ပါတယ်။ဆေးသုံးသူကမြန်မြန်ဆန်ဆန်ရင့်ရော်လာပြီး အသားအရေ မွဲခြောက်လာနိုင်ပါတယ်။ ကုရခက်၊ပျောက်ဖို့ခက်တဲ့အနာတွေ၊ ဝက်ခြံတွေဖြစ်လာပါမယ်။ အာခေါင်ခြောက်ခြင်း၊ သွားအရောင်ညစ်ခြင်း၊သွားတွေကျိုးပဲ့ပျက်စီးခြင်းတွေဖြစ်လာနိုင်ပါတယ်။
  • ဆေးသုံးသူက မရှိတာတွေကို ကြားနေ၊မြင်နေတာမျိုး၊ သံသယလွန်ကဲနေတာမျိုးဖြစ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားသူတွေကို ထိခိုက်အနာတရဖြစ်စေတာမျိုးလုပ်လာနိုင်ပါတယ်။ အရေပြားအောက်မှာ အင်းဆက်တွေတရွရွနဲ့တက်လာသလို ခံစားရနိုင်ပါတယ်။
  • HIV/AIDSရောဂါဖြစ်လာနိုင်ခြေပိုများပါတယ်။ ဒီမူးယစ်ဆေးက ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပြီး အရှက်အကြောက်ကို နည်းစေနိုင်ပါတယ်။Meth ကိုစွဲနေသူ တစ်ယောက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလိုမျိုးရောဂါကူးစက်မှုအန္တရာယ် များတဲ့အပြုအမူတွေကို လုပ်မိနိုင်ပါတယ်။

Ice ကို အပ်နဲ့ထိုးသွင်းခြင်း၊ အပ်တစ်ချောင်းကို တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းက အသည်းရောင်ရောဂါ ဘီ၊အသည်းရောင်ရောဂါ စီ နဲ့HIV/AIDSရောဂါတွေကူးစက်ရရှိနိုင်ခြေပိုများနိုင်ပါတယ်။ Ice ကို နှာခေါင်းကရှိုက်ရှူခြင်းက နှာခေါင်းလမ်းကြောင်းကိုထိခိုက်စေနိုင်ပြီး နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေနိုင်ပါတယ်။

ကြာရှည်သုံးစွဲမှုရဲ့အကျိုးဆက်များ

Ice ကို သုံးစွဲတာကြာလာရင် ဖြစ်လာမယ့်အကျိုးဆက်တွေထဲမှာ အောက်ပါအချက်တွေပါဝင်နိုင်ပါတယ် –

  • အစာစားချင်စိတ်မရှိတာကြောင့် ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်း
  • အိပ်ပျော်နေစဉ်ဂနာမငြိမ်ခြင်း
  • အာခေါင်ခြောက်ခြင်းနဲ့ သွားပြဿနာများ
  • အအေးမိခြင်း သို့မဟုတ် တုပ်ကွေး ပုံမှန်ဖြစ်ခြင်း
  • အာရုံစိုက်မရခြင်း
  • အသက်ရှူကျပ်ခြင်း
  • ကြွက်သားများတောင့်တင်းခြင်း
  • စိတ်ပူပန်ခြင်း၊ သံသယလွန်ခြင်းနဲ့ အကြမ်းဖက်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • နှလုံးနဲ့ကျောက်ကပ်ပြဿနာများ
  • လေဖြတ်နိုင်ခြေပိုများခြင်း
  • Ice ကိုတောင့်တလွန်းခြင်း၊ ပိုသုံးချင်လာခြင်း
  • ငွေရေးကြေးရေး၊ အလုပ်ခွင် သို့မဟုတ် လူမှုရေးပြဿနာများရှိလာခြင်း

ဆေးလွန်ခြင်း

ပမာဏအများကြီးကို ဒါမှမဟုတ် အပြင်းစားတွေသုံးလိုက်မိပြီဆိုရင်ဆေးလွန်(overdoseဖြစ်)နိုင်ပါတယ်။ သုံးစွဲသူမှာအောက်ပါ လက္ခဏာတွေဖြစ်လာတာတွေ့ရရင် အရေးပေါ်ဆေးရုံတင်ပါ။

  • နှလုံးခုန်အရမ်းမြန်ပြီး ရင်ဘတ်အောင့်လာခြင်း
  • အသက်ရှူရခက်လာခြင်း
  • တက်ခြင်း သို့မဟုတ် ထိန်းမရအောင် အကြောဆွဲခြင်း
  • အလွန်အကျွံ စိတ်လှုပ်ရှားမှု၊အာရုံထွေပြားမှု၊ဖရိုဖရဲဖြစ်ခြင်း
  • ရုတ်တရက် အပြင်းအထန်ခေါင်းကိုက်ခြင်း
  • သတိလစ်ခြင်း
  • လေဖြတ်ခြင်း၊heart attack ရခြင်း၊ အသက်ဆုံးရှုံးခြင်းအထိဖြစ်နိုင်ပါတယ်။

ဆေးဖြတ်ခြင်း

အချိန်အတော်ကြာ Ice ကိုသုံးထားပြီးမှဆေးဖြတ်တဲ့အခါ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေက ice မပါဘဲ ကျင့်သားရအောင် လည်ပတ်ရတာဖြစ်လို့ အတော်ကိုခက်ခဲပါတယ်။ဆေးဖြတ်တဲ့အချိန်ဖြစ်တဲ့လက္ခဏာတွေက တစ်ပတ်ကျော်ရင်လျော့ပါးသက်သာလေ့ရှိပြီး အများစုက တစ်လကြာပြီးနောက်ပျောက်ကင်းသွားလေ့ရှိပါတယ်။ဆေးဖြတ်နေတဲ့အချိန်မှာ –

  • ice ကို အငမ်းမရတောင့်တနေမယ်
  • အစာစားချိန်စိတ်ပိုများလာမယ်
  • အာရုံထွေပြားခြင်းနဲ့ ရန်လို စိတ်ဆတ်တာတွေဖြစ်လာမယ်
  • နာကျင်ကိုက်ခဲမှုတွေရှိလာမယ်
  • အားအင်ကုန်ခန်းပြီး ပင်ပန်းနွမ်းနယ်လာမယ်
  • ညဘက်အိပ်ရင်ခြေလက်ဂနာမငြိမ်ဖြစ်မယ်၊ အိပ်မက်ဆိုးတွေဖြစ်လာမယ်
  • စိတ်ကျဝေဒနာ၊ သံသယလွန်တာတွေ၊ စိုးရိမ်ပူပန်နေတာတွေဖြစ်လာတတ်ပါတယ်။

ဆေးဖြတ်ခြင်းက အများအားဖြင့် ရက်ပိုင်းကနေ ရက်သီတင်းပတ်အနည်းငယ်အထိ ကြာမြင့်မှာဖြစ်ပေမယ့် ice ကိုငတ်မွတ်တောင့်တခြင်းလိုမျိုး လက္ခဏာတချို့က အတော်ကြာတဲ့အထိ ဆက်ဖြစ်နေနိုင်ပါတယ်။ သုံးစွဲခဲ့တဲ့ မူးယစ်ဆေးအမျိုးအစား၊ သုံးစွဲလာခဲ့တဲ့အချိန်ကာလ၊ တခြားမူးယစ်ဆေးတွေကိုပါသုံးနေသလား၊ သုံးစွဲသူရဲ့အထွေထွေကျန်းမာရေးနဲ့ဆေးဖြတ်တဲ့နေရာတို့ကို မူတည်ပြီးဆေးဖြတ်ချိန်ကာလ က ကွာခြားမှုရှိပါတယ်။

မူးယစ်ဆေးဖြတ်တဲ့ကိစ္စမှာပြန်လည်ထူထောင်ရေးပရိုဂရမ်တွေက အကူအညီပေးနိုင်သလိုနောက်ပိုင်းမှာ မူးယစ်ဆေးကင်းစင်တဲ့ ဘဝကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ လမ်းပြကူညီပေးနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ

အသက်အရွယ်၊ လိင်ဆက်ဆံ၊ သဘာဝ၊ ခွန်အားပြည့်ဝမှု၊ လိင်စိတ်ကုန်၊ စိတ်ဆန္ဒ၊ စိတ်ဖိစီးမှု၊ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ကွမ်းယာ၊ ပါးစပ်နဲ့လိင်ဆက်ဆံ၊ အာသာဖြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကဖိန်းဓာတ်အကြောင်း ယုံတမ်းစကားတွေဟာ တကယ်မှန်ကန်ရဲ့လား

ကဖိန်းဓာတ်၊ ကော်ဖီ၊ ချောကလက်၊ အာရုံကြောစနစ်၊ မူးယစ်ဆေးဝါး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ဖိစီး၊ ကျောက်ကပ်၊ နှလုံးရောဂါ၊ ကင်ဆာ၊ ရေဓာတ်ဆုံးရှုံး၊ အသည်းရောဂါ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

အကြမ်းဖက်မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အိမ်တွင်းအကြမ်းဖက်မှု သွေးထွက်ဒဏ်ရာများ ပြတ်ရှဒဏ်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အမျိုးသားတွေအသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား

အမျိုးသားတွေ လိင်ဆက်ဆံဖို့ ဆန့်ကျင်ဖက်လိင် အဝလွန်ရောဂါ မူးယစ်ဆေးဝါး အရိုးပွရောဂါ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ

ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read