ပျားရည်မှာ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ပါတဲ့အပြင် ဒီနည်းလမ်းတွေ အသုံးပြုပြီးတဲ့အချိန်မှာ ကိုယ့်အသားအရေလေးက နူးညံ့ပြီး ချောမွတ်နေတာကို ခံစားမိမှာပါ။ မျက်နှာကို သွေးလည်ပတ်မှု ကောင်းစေဖို့ Mask ကို စက်ဝိုင်းပုံစံ သုတ်လိမ်းပေးတာ ပိုကောင်းပါတယ်။
မျက်နှာသန့်စင်ပေးဖို့အတွက် ပျားရည် Cleanser
ပျားရည်ကို သဘာဝအုန်းဆီတစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးရုံပါ။ ၃မိနစ်လောက်နေရင် ရေနွေးနဲ့ သေချာပြန်ဆေးပေးပါ။
ပျားရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေ၊ အဆီတွေကို သန့်စင်ပေးနိုင်တဲ့အပြင် မိန်းကလေးတွေ မိတ်ကပ်ဖျက်တဲ့နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုတဲ့နေရာမှာ မျက်လုံးထဲ မဝင်သွားစေဖို့တော့ ဂရုစိုက်ပေးရမယ်နော်။
အသားအရေကို နူးညံ့ချောမွေ့သွားစေတဲ့ ပျားရည် Lotion
ပျားရည် တစ်ဇွန်း၊ သံလွင်ဆီ တစ်ဇွန်းနဲ့ သံပုရာရည် (သံပုရာသီး တစ်ခြမ်းစာလောက် ညှစ်ပေးရင် လုံလောက်ပါတယ်) ကို ရောမွှေပြီး အသားအရေခြောက်နေတဲ့ နေရာတွေကို ပွတ်လိမ်းပေးပါ။ မိနစ် ၂၀လောက်နေရင် အဝတ်သန့်သန့်လေးနဲ့ ပြန်သုတ်လိုက်ရုံပါပဲ။ ဆေးစရာတော့ မလိုပါဘူး။
ဆောင်းရာသီမှာ အရေပြားမကြာခဏ ခြောက်သွေ့တဲ့သူတွေနဲ့ အသားမပပ်အောင် ကာကွယ်ဖို့အတွက် မကြာခဏ သုံးပေးသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။