မျက်နှာအသားအရေဟာ စိုပြည်ကြည်လင်နေဖို့အတွက် မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် (Moisturizer) သုံးပေးရဖို့ လိုအပ်ပါတယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အစိုဓာတ်ထိန်းခရင်မ်ကို ရွေးတဲ့အခါမှာ အဆီမပါတဲ့ oil-free ပစ္စည်းတွေ ဒါမှမဟုတ် ရှားစောင်းလက်ပပ် ပါဝင်တဲ့ moisturizer မျိုးကို ရွေးချယ်သင့်ပါတယ်။
၄။ မျက်နှာပေါ်က ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားပေးပါ။
အဆီပြန်တဲ့သူတွေအနေနဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ အရေပြားအပေါ်ယံလွှာက ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားတာမျိုး လုပ်ပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ scrub အသုံးပြုခြင်းဟာ မျက်နှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေတဲ့အပြင် ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။
၅။ Mask ကို အသုံးပြုပါ။
Mask ဆိုတာ အမျိုးသမီးတွေအတွက်ပဲ သုံးရတာ မဟုတ်ပါဘူးနော်။ အမျိုးသားတွေလည်း facial mask ကို ပုံမှန်အသုံးပြုပေးရင် ချွေးပေါက်ပိတ်တာကို သက်သာစေတဲ့အပြင် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အချိန်သိပ်မပေးနိုင်ဘူးဆိုရင်တောင် တစ်ပတ်ကို တစ်ကြိမ်လောက် Mask အုပ်ပေးပါ။ပြီးမှ မျက်နှာကို အစိုဓာတ်ထိန်းပေးဖို့အတွက် moisturizer တစ်မျိုးမျိုးပြန်လိမ်းပေးရပါမယ်။
သဘာဝပျားရည်ကို Mask အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မျက်နှာကိုလည်း သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ မျက်နှာပေါ်မှာ ပျားရည်ကို သုတ်ပြီး ၁၀မိနစ်လောက် ကပ်ထားပြီး ရေဆေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို မကြာခဏပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေနဲ့ မျက်နှာပေါ်က အဆီတွေကို သက်သာစေတဲ့အပြင် အသားအရည်ဟာလည်း အရင်ကထက် နူးညံ့ချောမွေ့လာမှာပါ။
ဒါတွေအပြင် . . .
အသားအရေကို သေချာထိန်းသိမ်းဖို့ဆိုတာ စိတ်ရှည်တတ်ဖို့တော့ လိုပါတယ်။ ရေကို တစ်နေ့ အနည်းဆုံး ဖန်ခွက် ၈ခွက်ထက် မနည်း သောက်ပေးရမယ်။ အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်ဝတ်တာ၊ နေလောင်ကာ ခရင်မ်တွေ လိမ်းပေးတာမျိုး လုပ်ပေးပါ။ ကိုယ့်အသားအရေရေ လိုက်ဖက်တဲ့ skin care ပစ္စည်းတွေကိုပဲ စွဲစွဲမြဲမြဲ သုံးပေးပါ။ မျက်နှာဟာ အင်မတန်နူးညံ့တဲ့ အရေပြားဖြစ်လို့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လည်း လိုမယ်နော်။ မျိုးရိုးဗီဇ ဒါမှမဟုတ် ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ့်မျက်နှာက အဆီပြန်နေတာဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသပေးဖို့ လိုပါလိမ့်မယ်။
နွေနေပူပူကို အန်တုနေရတဲ့ အမျိုးသားတွေလည်း ကျန်းမာစိုပြည်ပြီး ယောက်ျားပီသတဲ့ မျက်နှာအသားအရေမျိုးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။