ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရခြင်းနဲ့ ခေတ်သစ်ဆေးပညာ
ခေတ်သစ်သိပ္ပံပညာမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ငလျင်ဒဏ်ခံရရင် လမစေ့ဘဲ မွေးသွားနိုင်သလားဆိုတာကို လေ့လာနေကြပါတယ်။ နောက်ပြီး ကလေးက ငလျင်ချက်ထိတားတဲ့အတွက် တကယ်ပဲ လူကြီးတွေပြောသလို ဉာဏ်နည်းသွားမလားဆိုတာကို လေ့လာနေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး စာတမ်းတွေလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် လမစေ့ဘဲ မွေးနိုင်သလား။
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် ကလေးမွေးသွားတာ ဒါမှမဟုတ် လမစေ့ဘဲ မွေးသွားတာတွေနဲ့ ပတ်သက်ပြီးလည်း စာတမ်းတွေ ရှိပါတယ်။ ဒါက အတိအကျပြောလို့တော့ မရသေးပါဘူး။ ဆက်ပြီး လေ့လာစရာတွေ ရှိပါသေးတယ်။
ငလျင်လှုပ်လို့ ဒါဖြစ်တယ်ဆိုတာထက် ဆက်စပ်နေတယ်လို့ ပြောလို့တော့ ရပါတယ်။ ငလျင်လှုပ်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေရော ဖြစ်လာပါတယ်။ ဒါက တချို့ကိုယ်ဝန်ဆောင်တွေမှာ လစေ့ဘဲ မွေးတာကို ဖြစ်စေနိုင်ပါတယ်။ ငလျင်ဒဏ်ခံရတဲ့ မိခင်တိုင်းတော့ မဟုတ်ပါဘူး။ ဆိုလိုတာက ငလျင်ကြောင့်ဆိုတာထက် မိခင်ရဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်တာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။