ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဘေဘီလေးတွေက မိခင်ဝမ်းထဲမှာကြို့ထိုးတတ်တယ်ဆိုတာကိုတော်တော်များများက ယုံတမ်းစကားလို့ထင်နေကြပါတယ်နော်။ တကယ်တော့ ကလေးလေးတွေက မိခင်ဝမ်းထဲမှာရှိနေစဉ်ကာလကတည်းကိုက ကြို့ထိုးတတ်ကြပါတယ်နော်။ ဒါကဖြစ်လေ့ဖြစ်ထကိစ္စတစ်ခုဖြစ်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေထဲကတစ်ရပ်ပေါ့။

ဘေဘီလေးကမေမေ့ဗိုက်ထဲမှာကြို့ထိုးတာက ပုံမှန်ပဲလား

သန္ဓေသားအရွယ်မှာကတည်းက ကလေးငယ်လေးတွေက ကြို့ထိုးတတ်ကြတာပါ။ ရင်သွေးလေးကို စိုးရိမ်တဲ့မေမေတို့အနေနဲ့ကတော့ အရမ်းစိတ်ပူတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူဖို့ပြောပါရစေ။ ဒါက သန္ဓေသားေလးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ရပ်ပါ။ဘေဘီလေး အဆုတ်ဖွံ့ဖြိုးမှု စတင်နေပြီဆိုတဲ့ သဘောလို့ ယူဆလက်ခံထားကြပါတယ်။ ဝမ်းသာရမယ့် အခြေအနေပါနော်။

ဘယ်အချိန်မှာဖြစ်နိုင်လဲ

အစောဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ ၁၆ ပတ် နဲ့ အပတ် ၂၀ လောက်မှာစခံစားရနိုင်ပါတယ်။နောက်ကျတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်ကာလရဲ့ ၂၅ ပတ်မြောက်လောက်မှာ ခံစားရနိုင်ပါတယ်နော်။ အချိန်ကာလအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၇ ပတ်အထိခံစားရနိုင်ပါတယ်နော်။ ဗိုက်ထဲမှာပြောင်းဖူးပေါက်ပေါက်ဖောက်နေသလိုမျိုးခံစားရနိုင်သလို လိပ်ပြာလေးတောင်ပံခတ်နေသလို ခံစားရနိုင်ပါတယ်။ စည်းချက်ညီညီနဲ့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နေ့တာမှာ အခေါက်ရေများစွာ ခံစားရနိုင်သလို တစ်နေ့လုံးနေမှ တစ်ခေါက်ပဲခံစားရတာမျိုးလည်းရှိပါတယ်။

ကန်တာလား၊ ကြို့ထိုးတာလား

ဗိုက်ထဲက လှုပ်ရှားမှုတိုင်းက ကလေးကြို့ထိုးနေတာကြောင့် မဟုတ်ပါဘူးနော်။ ကလေးက အရွယ်လေးရောက်လာတာနဲ့ အမျှမေမေ့ဗိုက်ထဲမှာ ကန်တာမျိုးကိုလည်း လုပ်တတ်ကြပါတယ်။ ကလေးက တစ်ခါတလေနေရတာ သက်တောင့်သက်သာမဖြစ်တာကြောင့် ပုံစံပြောင်းတဲ့အခါမျိုးမှာလည်း ဗိုက်ထဲမှာ လှုပ်ရှားမှုကို ခံစားရနိုင်ပါတယ်နော်။ ပူလွန်းတဲ့အစားအစာ၊အေးလွန်းတဲ့အစားအစာ နဲ့ ချိုတဲ့ အစားအစားစားသုံးလိုက်တဲ့ အခါမှာဖြစ်တဲ့ လှုပ်ရှားမှုက ကြို့ထိုးတာမဟုတ်ပါဘူး။ ကလေးကနေရထိုင်ရ သက်တောင့်သက်ဖြစ်စေဖို့ ပုံစံပြောင်းတာပါ။

လှုပ်ရှားမှုကို ဗိုက်ရဲ့နေရာအနှံ့မှာခံစားရပြီး ပုံစံပြောင်းနေလိုက်တဲ့အခါ သက်သာသွားမယ်ဆိုရင်တော့ ကလေးက အထဲကနေ ကန်နေတာပါ။

ပုံစံမှန်မှန်ထိုင်နေချိန်မှာ ဗိုက်ရဲက တစ်နေရာတည်းကနေ စည်းချက်ညီညီလေးခုန်နေမယ်ဆိုရင်တော့ဘေဘီလေး ဗိုက်ထဲမှာ ကြို့ထိုးနေတာပါနော်။ စဖြစ်ခါစမှာ ထူးဆန်းနေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှနေသားကျသွားမှာပါ။

ဘေဘီလေးက ဗိုက်ထဲမှာ ဒါတွေလည်းလုပ်တတ်ပါသေးတယ်

ဘေဘီလေးက ဗိုက်ထဲမှာ ဘာမှမလုပ်ဘဲငြိမ်ငြိမ်လေးပဲနေနေတာ၊ အိပ်ပဲအိပ်နေတာလို့ မထင်လိုက်ပါနဲ့နော်။ဘေဘီလေးကမေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြို့ထိုးတတ်တယ်၊ ကန်တတ်တယ်၊ ခန္ဓါကိုယ်ကို ဘယ်၊ညာစောင်းတတ်တယ်၊ လှိမ့်တတ်တယ်၊ လက်နဲ့ တွန်းတတ်တယ်။ ဒါတင်မဟုတ်ပါဘူး။ဘေဘီလေးက ဗိုက်ထဲမှာကတည်းကပြင်ပကအသံတွေကိုကြားနေသလို အနံ့လည်းခံတတ်ပါတယ်။မြင်လည်းမြင်နေရပြီဖြစ်သလို အချို့ကလေးလေးတွေဆို ဗိုက်ထဲမှာကတည်းက လက်မလေးစုပ်တတ်နေပါပြီနော်။

ဗိုက်ထဲကဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ

ဘေဘီလေးတွေ ဗိုက်ထဲကနေ ကြို့ထိုးတာက နာကျင်မှုမရှိပေမယ့် မေမေတို့ကို အာရုံစိုက်ရခက်စေပြီး စိတ်ပူစေတာတော့အမှန်ပဲနော်။ ပြီးတော့ ကြို့ထိုးတာက အများဆုံးကြာမှ ၁၅ မိနစ်ပါ။ ညအိပ်ချိန်မှာဆိုရင်တော့ မေမေတို့ အိပ်ရေးပျက်ပြီပေါ့။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ အခုပြောမယ့်နည်းလမ်းလေးတွေက အသုံးတည့်မှာပါနော်။

ဗိုက်ရဲ့ တစ်နေရာတည်းက စည်းချက်မှန်မှန်လေးခုန်နေပြီဆိုရင်တော့ ဗိုက်ထဲကဘေဘီလေးကြို့ထိုးနေပြီလို့သာမှတ်လိုက်ပါတော့။ဘေဘီလေးတွေက မမွေးခင်ကတည်း ကြို့ထိုးတာက ယုံတမ်းစကားမဟုတ်ဘူးနော်။ တကယ့်အမှန်ပါနော်………….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အားဆေးကို ဘယ်လိုရွေးချယ်သင့်သလဲ

ဖောလိတ် ကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ဆောင်အားဆေး Omega 3 ဗီတာမင် B12 ကိုလင်း Choline အိုင်အိုဒင်း ဗီတာမင် D3 ဘိုင်အိုတင် သံဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

COVID-19၊ တရုတ်နိုင်ငံ၊ ကပ်ဘေး၊ ဝက်တုပ်ကွေးး၊ H1N1 ဗိုင်းရပ်စ်၊ ကိုယ်ခံအားစနစ်၊ ဆပ်ပြာ၊ လက်သန့်စင်ဆေး၊ မျက်နှာဖုံး၊လူစုလူဝေး၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။

ရာသီသွေး ရာသီလာ သားအိမ်နံရံအမြှေးပါး အဖြူဆင်း အတုံးအခဲ သန္ဓေသား သားဥကြွေ ရာသီသွေးအညိုရောင် သွေးပုပ် ရာသီသွေးကျန် နာကျင်ကိုက်ခဲမှု အပုပ်ဆန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်မိခင်တွေ ဖောလစ်အက်ဆစ် သောက်သင့်တဲ့အကြောင်းရင်း

မွေးရာပါချို့ယွင်းချက် ဖောလစ်အက်ဆစ် ကိုယ်ဝန်ဆောင်မိခင် အားဆေး ဖြည့်စွက်စာ သွေးနီဥ အာရုံကြောစနစ်ဖွံ့ဖြိုးမှု သန္ဓေသား နှုတ်ခမ်းကွဲအာခေါင်ကွဲ လမစေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 1 min read

ညဘက်မှာ အချဉ်စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 7, 2020 . 2 mins read
ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read