backup og meta

မီးဖွားပြီးချိန်မှာ လေပွတာကို ဘယ်လို သက်သာအောင် လုပ်မလဲ!

မီးဖွားပြီးချိန်မှာ လေပွတာကို ဘယ်လို သက်သာအောင် လုပ်မလဲ!

မီးဖွားပြီးချိန်မှာ လေဒီလေးတွေ အနေနဲ့ ပြောင်းလဲမှု တော်တော်များများကို တွေ့ကြုံခံစားကြရပါတယ်။ ဒီလို ခံစားရတဲ့ အထဲမှာ လေပွတာကလည်း တစ်ခု အပါအဝင်ပါ။ ဒီတစ်ခေါက်တော့ မီးဖွားပြီးချိန်မှာ လေပွတာကို ဘယ်လို သက်သာအောင် လုပ်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

မီးဖွားပြီးချိန်မှာ လေပွတာက ပုံမှန်ပဲလား!

မီးဖွားပြီးချိန်မှာ လေပွတာက ပုံမှန်ပဲလား ဆိုတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်နေချိန်မှာရော မီးဖွားပြီးချိန်မှာ အမျိုးသမီးတွေဟာ များစွာသော ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလို ပြောင်းလဲမှုတွေက ရိုးရိုးမွေးတဲ့ မေမေတွေမှာရော ခွဲမွေးတဲ့ မေမေတွေမှာရော လေပွတာတွေကို ခံစားရနိုင်ပါတယ်။

ဘာတွေ ခံစားရနိုင်လဲ!

မီးဖွားပြီးချိန်မှာ လေပွတာမျိုး ဖြစ်မယ်ဆိုရင်

ဖြစ်ရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး လေပွတာကို သက်သာအောင် လုပ်ဆောင်ပေးလို့ ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

  • အစားကို ပြည့်ပြည့်ဝဝ စားပေးပါ 
အစားကို ပြည့်ပြည့်ဝဝ စားပေးတာက လေထိုးလေအောင့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာကို တစ်နေ့မှာ (၃) နပ် ပြည့်ပြည့်ဝဝလေး စားပေးတာက အဆင်ပြေစေမှာပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို လုံလောက်အောင် စားပါ

ကိုယ်ဝန်ဆောင်ထားချိန်မှာ ဝိတ်တက်လာလို့ ဆိုပြီး ဝိတ်ချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဆီတွေကို လျှော့စားတာ လုံးဝ မစားတာမျိုး မလုပ်ပါနဲ့။ အဆီက သည်းခြေအိတ်ကို သည်းခြေရည်တွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အူတွေ လှုပ်ရှားမှု ကောင်းစေဖို့ လှုံ့ဆော်ပေးသလို အူမကြီး ကျုံ့ဆန့်မှု ကောင်းစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အဆီ ရရှိစေဖို့အတွက် ထောပတ်သီး၊ သံလွင်ဆီ၊ အုန်းဆီ၊ အဆီပါဝင်တဲ့ ငါး စတာတွေကို စားပေးပါ။

  • အမျှင်ဓာတ် ပြည့်ဝအောင် စားပေးပါ 

နေ့စဉ် စားသုံးမှုမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ပျော်ဝင်လွယ်တဲ့ အမျှင်တွေက အစားအစာတွေထဲက ရေဓာတ်ကို စုပ်ယူပေးပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေဖို့ လုပ်ဆောင်ပေးပြီး မီးဖွားပြီးချိန်မှာ လေပွတာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ အသီးအရွက်တွေ၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်း ပေါင်မုန့်တွေ စားပေးလို့ ရပါတယ်။

  • ရေသောက်ပါ 

ရေဓာတ် ပြည့်ဝနေခြင်းကလည်း ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။ ရေအများကြီး သောက်ရင်လည်း ရေဆိပ်တက်နိုင်တာကြောင့် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။ ရေလုံလောက်အောင် သောက်ပေးတာက ဝမ်းမှန်စေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် လေပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • Probiotic သောက်ပေးပါ

Probiotic က အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို သက်သာစေနိုင်သလို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဝမ်းမှန်ပြီး မီးဖွားချိန်မှာ လေပွတာတွေကို သက်သာစေဖို့ Probiotic သောက်ပေးလို့ ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်လေး Probiotic သောက်ပေးလို့ ရပါတယ်။

  • ပုံမှန်လေး ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ

မီးဖွားပြီးချိန်မှာ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုတွေ ကောင်းမွန်စေဖို့အတွက် ပုံမှန်လေး ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက မီးဖွားပြီးချိန်မှာ လေပွတာကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းကို အများကြီး မလုပ်နိုင်ရင်တောင်မှာ တစ်နေ့ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပေးတာက အဆင်ပြေတဲ့ နည်းလမ်းပါ။ တစ်ပတ်ကို နာရီဝက်လောက် ကနေ ၄၅ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။

  • တရားထိုင်ပါ

တရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဝမ်းချုပ်တာ၊ လေထိုးလေအောင့်တာလိုမျိုး  ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေကလည်း လေပွတာမျိုးကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့ကို ၅ မိနစ် ကနေ ၁၀ မိနစ်လောက်တော့ အချိန်လေး ပေးလို့ တရားထိုင်ပါ။

မီးဖွားပြီးချိန်မှာ လေထိုးအောင့်တာမျိုး ဖြစ်နေမယ်ဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ တကယ်လို့ အချိန် အတော်ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြကြည့်ဖို့ လိုပါမယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Tips and Tricks for Postpartum Gas and De-Bloating https://www.verywellfamily.com/tips-and-tricks-for-postpartum-gas-and-de-bloating-5218628 Accessed Date 16 June 2023

Postpartum Gas: Causes And Remedies https://mylofamily.com/article/postpartum-gas-causes-and-remedies-189852 Accessed Date 16 June 2023

10 Tips to Deflate Postpartum Belly Bloat https://pronatalfitness.com/2020/10/12/10-tips-to-banish-belly-bloat/ Accessed Date 16 June 2023

Dealing With Painful Postpartum Gas: Causes & Relief https://zayacare.com/blog/painful-postpartum-gas/ Accessed Date 16 June 2023

Is postpartum gas normal? https://www.medicalnewstoday.com/articles/322683 Accessed Date 16 June 2023

ယခုပုံစံ

20/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။

ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေ သက်သာအောင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement